Tuesday, October 1, 2013
နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ ရခိုင်ပြည်နယ်မှ
ရခိုင်လူထုနှင့်တွေ့ဆုံရန် ယနေ့နံနက် ၉နာရီ ၁၅မိနစ် အချိန်က အစိုးရ
ပိုင်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ရောက်လာသည်။
သမ္မတဦးသိန်းစိန်မှာ နံနက်ပိုင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့
ဆုံပြီးနောက် ရဟတ်ယာဉ်ဖြင့် မြောက်ဦး မင်းပြား၊ ကျောက်တော်သို့
သွားရောက်နေသည်ဟု သိရသည်။
မြောက်ဦးမြို့ရှိ
ရခိုင်ရှေးဟောင်းပထိုးစေတီများနှင့် မဟာမုနိဘုရားသို့လည်း
သွားရောက်ဖူးမြော်နေသည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ခရီးစဉ်တွင်
လိုက်ပါနေသူတစ်ဦးက ပြောသည်။ သမ္မတဦးသိန်းစိန်အနေဖြင့်
ပဋိပက္ခဖြစ်ပွားခဲ့သည် ရခိုင်ပြည်နယ် အတွင်းရှိမြို့နယ်များသို့
အဓိကထားသွားရောက်မည် ဖြစ်သလို ရပ်မိရပ်ဖများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။
နံနက်ပိုင်းတွင် ကျောက်တော် ၊ မြောက်ဦး၊ မင်းပြားသို့ သွားရောက်နေပြီး
နေ့လည်ပိုင်း၌ ဘူးသီးတောင်၊ မောင်တောသို့လည်း သွားရောက်မည်ဟု သိရသည်။
ညနေပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ရခိုင်ပြည်နယ်
အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ်အရေးကိစ္စအား ဆွေးနွေးမည်ဟု သိရသည်။
သံတွဲမြို့သို့သွားရောက်ရန်ရှိသော်လည်း မကြာမီက ပဋိပက္ခဖြစ်ပွားခဲ့ သည့်အတွက် သံတွဲခရီးစဉ်အား ဖျက်သိမ်းလိုက် ရသည်ဟုဆိုသည်။
Myit Ma Kha Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment