Saturday, October 5, 2013
သမ္မတ ဦးသိန်းစိန်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၅ ရက် (ယနေ့) တွင် သွားရောက်မည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ယခုခရီးစဉ်သည် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားပြီး ၎င်း၏
အစိုးရတက်လာပြီး နောက်ပိုင်းတိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည့်
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးပွဲအတွက် ဆွေးနွေးရန်
ရက်ပိုင်းအလိုတွင် ယခုလို သွားရောက်ခြင်းဖြစ်သည်။ ခရီးစဉ်အတွင်း
သမ္မတဦးသိန်းစိန်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်မည့်
မြစ်ကြီးနားမြို့ရှိ မဂျွယ်ခန်းမနှင့် ဒုက္ခသည်စခန်းများကို သွားရောက်
လေ့လာမည်ဖြစ်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များ၊ မြစ်ကြီးနား
မြို့မိမြို့ဖများနှင့်လည်း တွေ့ ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များ၊ မြစ်ကြီးနား
မြို့မိမြို့ဖများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၁ ရက်ကလည်း ပဋိပက္ခများ ဖြစ်ပွားနေသော
ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ယခု ရက်ပိုင်းအတွင်း အစိုးရနှင့်
တိုက်ပွဲများ ဖြစ်နေသည့် ကချင်ပြည်နယ်သို့ ထပ်မံသွားရောက်ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ရခိုင်ပြည်နယ် ခရီးစဉ် မတိုင်မီ
ရက်ပိုင်းကမှ စတင်ဖြစ်ပွား နေသော သံတွဲမြို့နယ်အတွင်း ပဋိပက္ခမှာ
၎င်းရောက်ရှိသည့် ရက်ပိုင်းအတွင်း ပိုမိုဆိုးရွားမှုများ ဖြစ်ပေါ်ခဲ့ပြီး
ယင်းအချက်မှာ မိမိခရီးစဉ်နှင့် အချိန်ကိုက် လုပ်ဆောင်ခဲ့သည်ဟုပင်
သံသယရှိကြောင်း သမ္မတက ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်နှင့်
ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသော နိုဝင်ဘာလ
အတွင်း ပြုလုပ်ဖွယ်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး
လက်မှတ်ရေးထိုးပွဲတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှာ
ပါဝင်ဖွယ်မရှိဘဲ နိုင်ငံရေးဆွေးနွေးပွဲကို တိုက်ရိုက်သွားရန် လိုလားမှုများ
ရှိနေသည်။
''နိုင်ငံရေး ဆွေးနွေးမှုများ အတွက် ပိုမိုခိုင်မာတဲ့
အာမခံချက် ရရှိစေဖို့ တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး
လက်မှတ်ရေးထိုး ပြီးတာနဲ့ တစ်ပြိုင်နက် နိုင်ငံရေး ဆွေးနွေးပွဲများ
အစပြုရန် လိုအပ်မယ့် ပြင်ဆင်မှုတွေဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ
မူဘောင်များ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းများကို ပြုလုပ်သွားမှာ
ဖြစ်ပါတယ်'' ဟု သမ္မတဦးသိန်းစိန်က အောက်တိုဘာ ၁ ရက် ပြည်သူလူထုသို့
ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားထားသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment