Tuesday, October 1, 2013
ကမ္ဘာ့ဆိုတဲ့ နိုင်ငံကြီးရဲ့ နိုင်ငံသားများဖြစ်ကြတဲ့ ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာကြီးပူနွေးလာမှုဟာ မိမိတို့ရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့ အနည်းနဲ့ အများဆိုသလို လက်ခံထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် အခုမှာတော့ နိုင်ငံတကာမှ သိပ္ပံပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့
အဖွဲ့တစ်ခုရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာကြီး ပူနွေးလာမှုဟာ အရှိန်လျော့နည်း
လာနေပြီဖြစ်ကြောင်း၊ ထို့အပြင် ယခင်က ယူဆထားသကဲ့သို့ လျင်မြင်စွာ
ပူနွေးလာခဲ့ခြင်းလည်း မရှိကြောင်း သိရှိရသည်။
ယင်းတွေ့ရှိချက်မှာ
ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များအား အံ့အားသင့်စေခဲ့သည်။ အထူးသဖြင့်
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ လေထုတွင်းသို့
ကာဗွန်ထုတ်လွှတ်မှုလည်း စံချိန်တင် များပြားလာနေသည့် အချိန်၌ ယခုကဲ့သို့
ကမ္ဘာကြီး ပူနွေးလာမှု နှေးကွေးလာနေသည် ဆိုခြင်းမှာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
အဆိုပါ အဖွဲ့အနေဖြင့် လတ်တလောကာလအတွင်း အပူချိန် ပြောင်းလဲမှုများအား
အနီးကပ်လေ့လာခဲ့ကြရာ လေထုတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပြန့်နှံ့မှုမှာ
စက်မှုလုပ်ငန်းများ မဖွံ့ဖြိုးမှီ အချိန်ကထက် ၂ ဆ ကျော် များပြားနေသည်ဟု
တွေ့ရှိခဲ့ကြသည်။ဤလေ့လာတွေ့ရှိမှုမှတဆင့် အဆိုပါ ပညာရှင်များ
အနေဖြင့် ကမ္ဘာမြေကြီး၏ အပူချိန်သည် လာမည့် ဆယ်စုနှစ်အတွင်း ၀.၉ မှ ၂.ဝ
ဒီဂရီစင်တီဂရိတ် (သို့) ၁.၆ မှ ၃.၆ ဒီဂရီဖာရင်ဟိုက် များပြားလာနိုင်သည်ဟု
ဖော်ထုတ်နိုင်ခဲ့ကြသည်။ အထက်ပါ ကိန်းဂဏာန်းများမှာ ၂၀၀၇ ခုနှစ်တွင်
ကုလသမဂ္ဂမှ ထုတ်ပြန်ခဲ့သည့်ကိန်းဂဏာန်းများထက် လျော့နည်းနေသည်ကိုလည်း
တွေ့ရှိရမည်ဖြစ်သည်။
အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ပါမောက္ခ
ရီတိုကနူတီက “ကမ္ဘာကြီး ပူနွေးလာမှုဟာ အရှိန်လျော့နည်း လာနေတယ်ဆိုတာ
မှန်ပေမယ့် ယခင်ကတည်းက မျှော်မှန်းထားပြီးဖြစ်တဲ့ ၂.၀ ဒီဂရီစင်တီဂရိတ်
ပစ်မှတ်ကတော့ မလွဲအသွေ ရောက်ရှိဦးမှာပါ။ အနှေးနဲ့ အမြန်ပဲ ကွာပါလိမ့်မယ်။
ဒါပေမယ့် အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်နိုင်ဖို့ဆိုရင်တော့
ကမ္ဘာနိုင်ငံများ အနေနဲ့ လေထုတွင်း ကာဗွန်ထုတ်လွှတ်မှုကို အထိရောက်ဆုံးနဲ့
အလျင်မြန်ဆုံး ထိန်းသိမ်းသွားဖို့ လိုအပ်ပါလိမ့်မယ်။” ဟု ဆိုခဲ့သည်။
စက်မှုတော်လှန်ရေး မတိုင်မှီကာလမှ ယနေ့ကာလအတွင်း အပူချိန်မှာ ၀.၈
ဒီဂရီစင်တီဂရိတ် (၁.၄ ဒီဂရီဖာရင်ဟိုက်) မြင့်တက်လာခဲ့ပြီး ဖြစ်သည်ဟု
သိရှိရသည်။ ပညာရှင်များ၏ အဆိုအရ အပူချိန်မြင့်တက်မှုသည် ၂
ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိသည့်အချိန်မှ စတင်ပြီး ကမ္ဘာပေါ်တွင်
ကြောက်မက်ဖွယ်ကောင်းသည့် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာမည်ဟု သိရှိရပြီး
အပူလှိုင်းများ ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း ၊ ရေကြီးခြင်း
စသည်တို့ကို အကြီးအကျယ် ခံစားရမည်ဟု သိရှိရသည်။
Myanmar Consumer Guide
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment