Saturday, October 5, 2013
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့တွင် အောက်တိုဘာလ ၃ ရက်နေ့
ညပိုင်းက အလုပ်မှ ပြန်လာသော မြန်မာ အမျိုးသမီး တစ်ဦးကို လူသုံးဦးက
ဖမ်းဆီးပြီး ကားဖြင့်ခေါ်ဆောင်ကာ မုဒိမ်းကျင့်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏
မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
လျှပ်စစ်ပစ္စည်း စက်ရုံတွင် လုပ်ကိုင်သည့် အဆိုပါ အမျိုးသမီးမှာ
အောက်တိုဘာလ ၃ ရက်နေ့ ည ၇ နာရီကျော်ခန်က အလုပ်မှ ပြန်လာစဉ် လူသုံးဦးက
ကားပေါ်တင် ဖမ်းခေါ်သွားခြင်း ဖြစ်ကြောင်း၊ ဖမ်းခေါ်ပြီးနောက် ရေစင်ဟု
ယူဆရသည့် စင်မြင့်တစ်ခုတွင် မုဒိမ်းမှု ကျူးလွန်ခဲ့ပြီး ရေစင်မှ တွန်းချရန်
ကြံစဉ်ခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားက
အမည်မဖော်လိုသူ ၎င်းက ဆိုသည်။
“ယောက်ျားနဲ့ ကလေးရှိတယ် မသတ်ပါနဲ့လို့
တောင်းပန်တယ်။ ကံကောင်းတော့ အိတ်ထဲမှာ သူ့အစ်မ ကလေးဓာတ်ပုံ ပါလာတယ်။
အဲဒါကိုပြလို့ သူ့ကို မသတ်ခဲ့တာ” ဟု စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦး က
ပြန်လည် ပြောကြားသည်။ အဆိုပါ အမျိုးသမီးကို လူသွားလူလာ မရှိသည့်
နေရာတစ်ခုတွင် ပစ်ချခဲ့ပြီး မလေးရှား အမျိုးသမီးတစ်ဦး၏ ကူညီမှုဖြင့်
နေအိမ်ကို ပြန်လည် ရောက်ရှိ လာကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ စီနိုင်း
ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး မြန်မာသံရုံးကို
အကြောင်းကြားထားကြောင်း ၎င်းကဆိုသည်။
ပြစ်မှု ကျူးလွန်ခံခဲ့ရသည့်
အဆိုပါ အမျိုးသမီးကို ဆေးစစ်ဆေးမှုများ ပြုလုပ်နေပြီး ပြစ်မှု
ကျူးလွန်ခဲ့သည်ဟု ယူဆရသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်ကြောင်း
စီနိုင်းမြို့တွင် နေထိုင်သူတစ်ဦးက ထပ်မံပြောဆိုသည်။
အဆိုပါ အမျိုးသမီးသည် ၎င်း၏ ခင်ပွန်းနှင့်အတူ နေထိုင်ပြီး ကလေးတစ်ဦး ရှိကြောင်း ၎င်းကဆိုသည်။
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင်လည်း ယခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က
Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံတွင် အလုပ်
လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင်သည့် အဆောင်ကို ည ၁၀
နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်သွားကာ
မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်။
၂၀၁၂ ခုနှစ်ကလည်း ယင်းပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး
မုဒိမ်းကျင့်ခံခဲ့ရကြောင်း မလေးရှားရောက် မြန်မာလုပ်သားများထံမှ
သိရှိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား
အမျိုးသမီးများ၏ ဣနြေ္ဒ အရှက်တရားနှင့် ဂုဏ်သိက္ခာများကို ဥပဒေကြောင်းအရ
လုံခြုံမှုပေးရန် မလေးရှားနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ်
လူ့အဖွဲ့အစည်း၊ NLD (LA) တို့က မြန်မာနိုင်ငံ အစိုးရကို တောင်းဆိုသည့်
ကြေညာချက် တစ်စောင်ကို စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment