Saturday, October 5, 2013
ကာတာ ဆက်သွယ်ရေးကုမ္ပဏီ အော်ရီဒူး (Ooredoo) နှင့် ရှယ်ရီဘလဲ (Cherie
Blair) အမျိုးသမီး ဖောင်ဒေးရှင်းတို့သည် မြန်မာနိုင်ငံရှိ အမျိုးသမီးရေးရာ
အဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၁၆ ခုနှစ်တွင် မြန် မာအမျိုးသမီး
သုံးသောင်းကို အော်ရီဒူး မိုဘိုင်းလ် လက်လီအရောင်း ကိုယ်စားလှယ်များအဖြစ်
လေ့ကျင့် သင်ကြားမည် ဖြစ်ကြောင်း အော်ရီဒူးထံမှ သိရသည်။
“အမျိုးသမီး အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးဖို့
ကြိုးစားမှာပါ” ဟု အော်ရီဒူး နာယက H.E. Sheikh Abdullah Bin Mohammed Bin
Saud Al Thani က ပြောကြားသည်။ မြန်မာအမျိုးသမီးများထဲမှ
စီးပွားရေး စွမ်းဆောင်ရှင်များ ပေါ်ပေါက် လာရေးအတွက် ကူညီဆောင်ရွက်ပေးရန်
အော်ရီဒူးနှင့် ရှယ်ရီဘလဲ အမျိုးသမီး ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍
အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က အမေရိကန်
ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကလင်တန် ကမ္ဘာ့ အကူအညီပေးရေး
CGI (Clinton Global Initiative) အဖွဲ့ကြီး၏ အစည်းအဝေးတွင် ကြေညာခဲ့သည်။
အော်ရီဒူးနှင့် ရှယ်ရီဘလဲတို့သည် အင်ဒိုနီးရှားနိုင်ငံတွင်လည်း ယခုကဲ့သို့
ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ခဲ့ပြီး ယင်းအတွေ့အကြုံများကို အခြေခံ၍
မြန်မာနိုင်ငံတွင် ဆောင်ရွက်မည် ဖြစ်ကြောင်းံ H.E. Sheikh Abdullah Bin
Mohammed Bin Saud Al Thani က ဆိုသည်။
“အမျိုးသမီးတွေအနေနဲ့
မိသားစုအတွက် ပုံမှန် အားထားလောက်စရာ ဝင်ငွေ ရရှိနေတာဟာ အင်မတန်
အကျိုးအမြတ် ရှိပါတယ်။ သူတို့ မိသားစုတွေတင်မကပဲ သူတို့ဝန်းကျင်က လူမှု
အဖွဲ့အစည်းတွေကို ပါ အောင်အောင်မြင်မြင် အကျိုးပြုမှာပါ” ဟု ရှယ်ရီဘလဲ
အမျိုးသမီး ဖောင်ဒေးရှင်း တည်ထောင်သူ ရှယ်ရီဘလဲက ပြောဆိုသည်။
ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော
အော်ရီဒူးသည် လာမည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင်
လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများအတွင် အမေရိကန် ဒေါ်လာ သန်းခြောက်ဆယ်
အသုံးပြုမည်ဟု ကြေညာထားပြီး မကြာသေးခင် က နိုင်ငံအနှံ့တွင် ဖြစ်ပေါ်ခဲ့သော
ရေဘေးသင့် ဒေသများကို လည်း နှစ်ကြိမ် ထောက်ပံ့ကူညီခဲ့သည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment