Saturday, September 14, 2013
မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သော
အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး
ဆက်လက်ဆောက်ရွက်ရန် ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းပြီး
သြဂုတ်လမှစကာ သင်ရိုးညွှန်းတမ်းများ စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်း
အဆိုပါဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေးဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွေးက The Voice သို့ ပြောကြားသည်။
သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအတွက် အချိန် ၂ နှစ် သတ်မှတ်ထားရာ
ယင်းစီမံချက်ကာလ ပြီးဆုံးပါက ပညာရေးဝန်ကြီးဌာနသို့ သင်ရိုးညွှန်းတမ်းမူကြမ်း
တင်သွင်းသွားမည် ဖြစ်ကြောင်း၊ အဆင့်ဆင့် စီမံဆောင်ရွက်ရသည့်အတွက်
စတင်အကောင်အထည် ဖော်မည့်နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း
၎င်းကထပ်မံပြောကြားသည်။
အဆိုပါ ကျောင်းပြင်ပ အလယ်တန်း ပြီးဆုံးသည့်
ကလေးများသည် နဝမတန်းကို ဆက်လက် သင်ယူနိုင်သည့်အတွက် သင်ရိုးညွှန်းတမ်းတွင်
နဝမတန်းသင်ရိုး အခြေခံကို နားလည်လွယ်အောင် ရေးဆွဲရမည့်အပြင် ပညာဆက်လက်
သင်ကြားရန် အစီအစဉ် မရှိသူများအတွက်ကိုလည်း အသက်မွေးဝမ်းကျောင်း
ဘာသာရပ်များ ထည့်သွင်း သင်ကြားသွားရန် ရှိကြောင်း ကျောင်းပြင်ပ ပညာရေးဌာနမှ
ဦးစီးမှူး ဦးခင်မောင်ထွေးက ဆက်လက်ပြောဆိုသည်။
မသင်မနေရ
မူလတန်းပညာရေးကို ၂၀၁၁-၁၂ မှ စတင်ခဲ့သော်လည်း အကောင်အထည်ဖော်မှု
အားနည်းသောကြောင့် မူလတန်း ကျောင်းထွက်နှုန်းများ ဆက်လက်မြင့်တက်လျက်
ရှိကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ထံ စုံစမ်းသိရှိရသည်။
အခြေခံ လူတန်းစားများအတွက် မသင်မနေရ မူလတန်းအဆင့်နှင့် မလုံလောက်ကြောင်း၊
ယင်းကြောင့် အလယ်တန်းအဆင့်ထိ မသင်မနေရ ပညာရေးဖြစ်ရန် ထပ်မံဆောင်ရွက်ပေးရန်
လိုအပ်ကြောင်း ကျောင်းပြင်ပ ပညာရေး လေ့လာစောင့်ကြည့်သူ အသိုင်းအဝိုင်းက
သုံးသပ်ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေး
စီမံချက်များကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ပြင်ပအလှူရှင်များက
အသုံးစရိတ်ပိုင်းနှင့် နည်းပညာပိုင်းများ ပံ့ပိုးကူညီပေးလျက်ရှိပြီး
ကျောင်းပြင်ပ မူလတန်း ပညာရေးတွင် အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း
ကလေးငယ်များကို ဦးတည် ဆောင်ရွက်ထားသည်။
ကျောင်းပြင်ပ
မူလတန်းပညာရေးတွင် စာသင်နှစ် ၂ နှစ်သာရှိပြီး တစ်နှစ်လျှင် ရက်ပေါင်း ၂၅၀
(တစ်ရက်လျှင် စာသင်ချိန် နှစ်နာရီ) သာ ကြာမြင့်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်၌ ကျောင်းပြင်ပ မူလတန်း ပညာရေး
ဆောင်ရွက်နေသော မြို့နယ် ၈၀ ရှိပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု
အဖွဲ့အစည်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်နှင့် ပညာရေးဝန်ကြီးဌာနတို့က ၁၉၉၈
ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment