Saturday, September 14, 2013
ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာကို ပျောက်ကင်းဖို့ အတွက် အကိုက်အခဲ ပျောက်ဆေး
အသုံးပြုလွန်း သူတွေဟာ ပိုမိုခေါင်း ကိုက်နိုင်ကြောင်း ကျန်းမာရေး
ကျွမ်းကျင်သူတွေက သတိပေး လိုက်ပါတယ်။
ခေါင်းကိုက်တာကို ထိထိရောက်ရောက် ကုသ နိုင်ဖို့ဟာ ရောဂါဖြစ်ရတဲ့
အကြောင်းရင်းကို မှန်ကန်စွာသိရှိပြီး သူနဲ့ လိုက်လျောညီထွေတဲ့ ကုသမှုကို
ခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဆေးဝါး အသုံးပြုလွန်း တာကြောင့်
ခေါင်းကိုက် တာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဗြိတိန်နိုင်ငံမှာ နေ့စဉ်
အမျိုးသား တစ်သိန်းဟာ အကိုက်အခဲ ပျောက်ဆေး အသုံးလွန် တာကြောင့်ဖြစ်တယ်လို့
သိရပါတယ်။ ကိုဒင်း၊ ပါရစီတမော၊ အိုင်ဗျူပရိုဖင်နဲ့ အက်စပရင်
ဆေးဝါး လိုမျိုး ဆေးတွေကို မကြာခဏ အသုံးပြုတာကြောင့် ခေါင်း ကိုက်တာ
အကြိမ်ကြိမ်ဖြစ်ရတယ်လို့ သုတေသီတွေက အကြံ ပေးထားပါတယ်။
အကိုက်အခဲပျောက်ဆေးကို အသုံးပြုတာ များ တာကြောင့် ခန္ဓာကိုယ်ဟာလည်း
ခံနိုင်ရည်ပိုရှိသွားတယ်လို့ ဆို ပါတယ်။ ဆေးကိုဖြတ်လိုက်ချိန်မှာ
ဆေးရဲ့တန်ပြန်တုံ့ပြန်မှုကြောင့် Rebound Headache ရရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကိုက်အခဲ ပျောက်ဆေးကို အသုံးပြုလွန်း တာဟာ အာရုံကြော အတွင်း
နာကျင်မှုအချက် သတင်းပေးပို့မှု အပေါ်မှာ သက်ရောက် မှုရှိတယ်လို့ သိရပြီး
အမျိုးသမီးတွေဟာ ဒီပြဿနာဟာ အဖြစ် များတယ်လို့ ဆိုပါတယ်။
တစ်ပတ်ကို
နှစ်ကြိမ်မှ သုံးကြိမ်လောက် အကိုက်အခဲ ပျောက်ဆေးသောက် တာဟာ ပြဿနာမရှိ
လှပေမယ့် မကြာခဏ အသုံးပြုရင်တော့ ပြဿနာ စတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ Rebound
Headache အတွက် တစ်ခုတည်းသော ဖြေရှင်းနည်းက ခေါင်းကိုက်တာ ဖြစ်စေတဲ့ ဆေးဝါး
အသုံးပြုမှုကို ရပ်တန့် လိုက်တာပါလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
GOOD HEALTH
ကျန်းမာရေးစာတိုများစုစည်းမှု
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment