Wednesday, September 11, 2013
လားရှိုးမြို့အေတီ(AT)ချောင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားသည့်
စက်တင်ဘာလ(၇)ရက်နေ့ည၌ ကုန်းညောင်ရွာ အနီးတွင် လူတစ်ဦးသည် ရေထဲကျသွားသော
ဖိနပ်အား လိုက်ကောက်ရာ မှ မျောပါသွားခဲ့ပြီး စက်တင်ဘာလ ၁၀ရက်နေ့တွင် ၎င်း၏အလောင်း အား ပြန်လည်တွေ့ရှိကြောင်း ၎င်းရွာသားများက ပြောကြသည်။ယင်းဖြစ်ရပ်အား မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက“ကျွန်တော်တို့ မူဆယ်က
ပြန်လာတဲ့နေ့ လားရှိုးအ၀င် အေတီချောင်းအနားရောက်တော့ ကားသွားမရအောင် ရေတွေက
အရမ်းများနေပြီ။ မြို့ရှောင်လမ်းက ပတ်သွားပြီး မောင်းလာခဲ့တာ
ကုန်းညောင်ရွာရောက်တော့ ကားတွေအားလုံး ဆက်မောင်းမရအောင် ရေကအရမ်း တက်နေတယ်။
ကျွန်တော်တို့ခရီးသည်အားလုံး ချောင်းရေအကျကို ရပ်စောင့်နေတာ။ ဒီအချိန်မှာ
ရေစပ်ဆင်းကြည့်နေတဲ့ ခရီးသည် တစ်ယောက်က သူ့ဖိနပ်မျှောသွားလို့ဆိုပြီး
ရေထဲဆင်းလိုက် ကောက်နေတာ တွေ့လိုက်ရတယ်။ ဖိနပ်ကောက်နေတုန်း ချောင်းရေက
ရုတ်တရက်ထပ်တက်လာတော့ အဲ့ဒီလူ ရေမျှောသွားတာကို မြင်လိုက်ရတယ်” ဟု ပြောသည်။
အဆိုပါ အလောင်းအား သွားရောက်ဆယ်ယူသည့် လူမှုကူညီရေးအသင်းမှ
ကိုစိုးမင်းနိုင်က “ကျွန်တော်တို့ အသင်းကို သက်ဆိုင်ရာက လူသေလောင်း တစ်ခု
သယ်ဖို့အကြောင်းကြားတာနဲ့ လိုက်သွားကြတာပါ။ ဟိုရောက်တော့
စက်တင်ဘာ(၇)ရက်နေ့ညက ဖိနပ်လိုက်ကောက်ရင်း မျှောပါသွားတဲ့သူမှန်း သိရတယ်။
မူဆယ်က သူ့မိသားစုဝင်တွေ လိုက်လာတာကို လည်း တွေ့ရတယ်” ဟု ပြောသည်။
၎င်းဖိနပ်ကောက်ရာမှ သေဆုံးသွားသူသည် မူဆယ်မြို့၊ ဆယ်တောင်ရပ် ကွက်မှ
အသက်(၄၉)နှစ်အရွယ် ဦးစိုင်းအောင်တင် ဖြစ်ပြီး မူဆယ်မှ လားရှိုးသို့
ကိုယ်တိုင်ကားမောင်း ခရီးထွက်ခဲ့ရာမှ ရေနှစ်သေ ဆုံးခြင်း ဖြစ်ကြောင်း
သက်ဆိုင်ရာမှ သိရသည်။
မြန်မာ့ခေတ်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment