Saturday, September 14, 2013
သောကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏
လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
မငြိမ်မသက်မှုများ ရှိနေသော
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်းထန်သည့်
ဗုံးပေါက်ကွဲမှုတစ်ခု သောကြာနေ့ နှောင်းပိုင်းက ဖြစ် ပွားခဲ့ရာ ကျပန်း
အလုပ်ကြမ်းသမား ၉ ဦးသေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့
ယနေ့ ပြောကြားသည်။ သော ကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော်
Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
ခဲ့ခြင်းဖြစ်သည်။ဗုံးကိုယာယီရွက်ဖျင်တဲတစ်ခုအတွင်းတပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း Manipur
ရဲတပ်ဖွဲ့အကြီးအကဲ အမ်ကေ ဒက်စ်က AFP သို့ ပြောကြားသည်။လူ ၉
ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဒေသခံ
ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲက အတည်ပြုသည်။
ဒဏ်ရာရရှိသူများအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်
အခြေအနေဖြစ်ကြောင်း ဆရာဝန်များက ပြောကြားသည်။ သေဆုံး ဒဏ်ရာရရှိသူများမှာ
ကိုလ်ကတ္တားအခြေစိုက် ကုမ္ပဏီတစ်ခုမှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း
သိရသည်။ ဗုံးခွဲတိုက်ခိုက်ခြင်း၏ အကြောင်းရင်း အတိအကျကို မသိရှိရသေးချေ။
အိန္ဒိယရှိ သူပုန်အုပ်စုကလည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားမှု
မရှိကြောင်း သတင်းများက ဖော်ပြသည်။
ယခု ဗုံးပေါက်ကွဲမှု
ဖြစ်ပွားရာဒေသမှာ သူပုန်အုပ်စုများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့်
ကာလရှည်ကြာ မတည်ငြိမ်မှုများ ရှိခဲ့ပြီး ဒါဇင်နှင့်ချီသော
လူမျိုးစုအဖွဲ့အစည်း နေထိုင်လျက်ရှိသည်။ ထို့အပြင် လက်နက်ကိုင်
ပြောက်ကျားအုပ်စုငယ်များလည်း ရှိနေပြီး ၎င်းတို့က အိန္ဒိယအစိုးရကို
ပုန်ကန်တော်လှန်နေကြသည်။ အဆိုပါ လက်နက်ကိုင် သူပုန်အုပ်စုများသည်
ပြည်နယ်အတွင်း နယ်မြေထိန်းချုပ်မှုနှင့် ဆက်စပ်၍ ၎င်းတို့အချင်းချင်းလည်း
မကြာခဏ ရင်ဆိုင်တိုက်ခိုက်လေ့ရှိသည်။
၁၉၄၇ ခုနှစ်က ဗြိတိန်ထံမှ
လွတ်လပ်ရေးရရှိခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၇
ခုအနက် ပြည်နယ် ၆ ခုတွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်
အနည်းဆုံး လူ ၅၀,၀၀၀ သေဆုံးခဲ့ပြီးဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လက်နက်ကိုင် ပုန်ကုန်တော်လှန်နေသည့် အုပ်စုများက ၎င်းတို့နေထိုင်ရာ နိုင်ငံ
အရှေ့မြောက်ပိုင်းဒေသကို အိန္ဒိယနိုင်ငံရေးခေါင်းဆောင်များက
လစ်လျူရှုထားကြကြောင်း စွပ်စွဲထားသည်။
Planet Myanmar Network
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment