Saturday, September 14, 2013
အိန္ဒိယနိုင်ငံမှ ကုန်စည်များ အလုံးအရင်း ဝင်ရောက်မှုကြောင့်
ရခိုင်ပြည်နယ်မှ ကြွက်သွန်နီ အပါအဝင် စားသောက်ကုန်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေမှု ရပ်ဆိုင်းသွားကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာမြို့ဘောင်ဒို ကုန်သွယ်ရေးဆိပ်ကမ်းမှ
ကုန်သည်များက ပြောကြားသည်။
သြဂုတ်လ နောက်ဆုံးပတ်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အိန္ဒိယမှ ကြက်သွန်နီနှင့်
တခြားစားကုန်များ အလုံးအရင်း ဝင်ရောက်လာပြီး ကုန်ဈေးနှုန်းများ
ကျဆင်းနေသဖြင့် ရခိုင်ပြည်နယ်က တင်ပို့ကုန်များ ရပ်ဆိုင်းထားရခြင်း
ဖြစ်ကြောင်း မောင်တောမြို့ ကုန်သည်များထံမှ သိရှိရသည်။
သြဂုတ်လအတွင်းက တစ်ရက်လျှင် ကြက်သွန်နီကီလို ၄၅၀,၀၀ ခန့် ဘောင်ဒို
ကုန်သွယ်ရေး ဆိပ်ကမ်းသို့ တင်ပို့ခဲ့ကြကြောင်း၊ ယခုလဆန်းပိုင်းမှစ၍
စားသောက်ကုန် တင်သွင်းမှု မရှိသလောက် နည်းသွားကြောင်း ဘောင်ဒို
ကုန်သွယ်ရေးဂိတ်မှ ကုန်သည် ဦးထွန်းဦးကျော်က ဆိုသည်။
“ဆိပ်ကမ်းမှာ ကုန်ကျန်လောက်ပဲ ရှိတယ်” ဟု ၎င်းကပြောကြားသည်။
ကြက်သွန်နီ တစ်ကီလိုကို ဘင်္ဂလားဒေ့ရှ် တာကာ ၉၀ (၁ ဒသမ ၁၆ ကန်ဒေါ်လာ)
ဈေးနှုန်းဖြင့် ယခင်လက ရောင်းချရသော်လည်း ယခုလတွင် တာကာ ၆၀ ဖြင့်သာ
ရောင်းချနေရကြောင်း၊ ကြက်သွန်နီ တစ်ကီလို ဝယ်ဈေးမှာ ၆၃ တာကာ
ပေးဝယ်ယူရသဖြင့် အရှုံးပေါ်နေကြောင်း မောင်တောမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ
ဦးညီညီက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စားကုန်ပစ္စည်းများသည်
အိန္ဒိယနှင့် မြန်မာတို့မှ အဓိကတင်သွင်းနေကြပြီး အိန္ဒိယမှစားကုန်များ
ဝင်ရောက်မှု အားကောင်းလျှင် ရခိုင်ပြည်နယ်က ကုန်သည်များ အရှုံးနှင့်
ရင်ဆိုင်ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖလောင်းချိတ်မြို့မှ ဒေသခံ
ဦးသံသာမောင်က သုံးသပ်သည်။
ရခိုင်ပြည်နယ်က တင်သွင်းသည့်
စားသုံးကုန် ပစ္စည်းများမှာ ပြည်တွင်းရှိ အခြားဒေသများမှ ဝယ်ယူတင်သွင်းရသည့်
ကုန်ပစ္စည်းများဖြစ်၍ မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့်
သယ်ယူပို့ဆောင်စရိတ် များပြားကြောင်း ကုန်သည်များထံမှ သိရှိရသည်။
(ခင်မောင်အေး)
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment