Saturday, September 14, 2013
မြန်မာ့ လူ့အဖွဲ့အစည်းနှင့် ကိုက်ညီမည့် ကျန်းမာရေး အာမခံစနစ်ကောင်း
တစ်ခုကို ၂၀၁၅ခုနှစ်တွင် ပြည်သူ များအသုံးပြုနိုင်ရန်အတွက် ပညာ
ရှင်များနှင့်ပူးပေါင်းကာ ဆောင် ရွက်နေပြီဖြစ်ကြောင်း ဘဏ္ဍာ ရေး ဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက် တာမောင်မောင်သိမ်းက ပြော ကြားခဲ့သည်။ မြန်မာနိုင်ငံတွင်
လက်ရှိအ သုံးပြုနေသော ကျန်းမာရေးအာ မခံ(အသက်အာမခံ) ပေါ်လစီမှာ
နိုင်ငံတကာစံနှုန်းများနှင့် ကိုက် ညီမှုမရှိသည့်အပြင် လူဦးရေ သန်း
ခြောက်ဆယ်ခန့်ရှိသော မြန်မာ ပြည် တွင် ကျန်းမာရေးအာမခံ (အသက်အာမခံ)ထားသူမှာ
သုံး သိန်းနီးပါးခန့်သာ ရှိပြီး တစ်နိုင်ငံ လုံး၏
ငါးရာခိုင်နှုန်းခန့်သာရှိသော ကြောင့် မူလပေါ်လစီများ ကို အ
သစ်ပြန်လည်ရေးဆွဲမည်ဖြစ် ကြောင်း ဒေါက်တာ မောင်မောင် သိမ်းက
ပြောကြားလိုက်သည်။ ''မြန်မာပြည်မှာရှိတဲ့အသက် အာမခံပေါ်လစီက
လူကြိုက်နည်း ပြီး ခေတ်နဲ့ ရင်ပေါင်မတန်းနိုင် ဘူး။ ဆေးဖိုးဝါးခကုန်ကျစရိတ်
တွေ တက်နေတဲ့အချိန်မှာ ကျန်း မာရေးအာမခံက အလွန်အရေး ပါတယ်။
ကျန်းမာရေးအာမခံဖြစ် ဖြစ်၊ အသက်အာမခံဖြစ်ဖြစ် အ သစ်ပြန်လုပ်တဲ့အခါမှာ
နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးစီးပွား ရေးအချက်အလက်တွေကို ထည့်
သွင်းစဉ်းစားရမယ်။ Data တွေ ရဖို့ အဆင်သင့်မဖြစ်သေးဘူး။ Research
တွေလုပ်ရဦးမယ်။ Substainable ဖြစ်တဲ့ ကျန်းမာရေး အာမခံဖြစ်ဖို့
အခက်အခဲတွေအ များကြီးရှိပေမယ့် မဖြစ်မနေအ ကောင်အထည်ဖော်ဖို့ လိုအပ်နေ တယ်။
အခုကတည်းက ဆောင် ရွက်နေတာဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ်ကျရင် ပြည်သူတွေ ကျန်းမာ
ရေးအာမခံကောင်းရနိုင်မှာပါ''ဟု ဒေါက် တာမောင်မောင်သိမ်း က ထပ်မံပြောသည်။
ကျန်းမာရေးအာမခံစနစ် ကို ပြည်တွင်းရှိ လူလတ်တန်းစား လူမှုအသိုင်း အဝိုင်း
တွင် ကျယ်ပြန့် စွာရောက်ရှိစေရန်နှင့် သင့်တင့် သောပရီမီယံကြေး၊ လစဉ်အာ
မခံကြေးပေးနိုင်မည့် စနစ်ဖြစ်ရန် ဆောင်ရွက်ရ မည်ဖြစ်၍ ပြည် တွင်း ရှိ
လူနာများအခြေအနေ၊ ဆေး ကုသမှုအခြေအနေ အချက်အ လက်များကို အဖွဲ့အစည်းများစွာ
နှင့် စုပေါင်းဆောင်ရွက်ရမည်ဖြစ် သဖြင့် ဆေးရုံ၊ ဆေးခန်းများနှင့်
ကျန်းမာရေးဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင် ရွက်ရမည်ဟု
သိရသည်။ လက်ရှိမြန်မာနိုင်ငံတွင် ပုဂ္ဂ လိက အာမခံကုမ္ပဏီ၁၂ခုမှ လုပ်
ပိုင်ခွင့်ရထားပြီး နိုင်ငံတကာရှိ အာ မခံကုမ္ပဏီများမှ ဌာနေကိုယ်စား
လှယ်ရုံးခွဲများဖွင့်လှစ်ရန် ခွင့်ပြု ထားကြောင်း သိရသည်။
ရွှေနု
The Yangon Times
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment