Tuesday, September 10, 2013

ဂွါတီမာလာတွင် ဘားဆိုင်တစ်ခုတိုက်ခိုက်ခံရရာ လူ ၁၁ ဦးသေဆုံး

Tuesday, September 10, 2013
ဂွါတီမာလာနိုင်ငံ San Jose Nacahuil မြို့ရှိ ဘားဆိုင်တစ်ခုတွင် လက်နက်များကိုင်ဆောင်ထားသည့် လူတစ်စုက တိုက်ခိုက်ခဲ့သောကြောင့် လူ ၁၁ ဦးသေဆုံးသွားခဲ့ပြီး၊ အနည်းဆုံး နောက်ထပ် လူ ၁၅ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း စက်တင်ဘာ ၉ ရက်က ဘီဘီစီသတင်းဌာ နမှ ဖော်ပြထားသည်။
တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း တချို့သူများသည် ထိုဘားဆိုင်၏ ရေချိုး ခန်းများအတွင်းနှင့် အနီးအနားရှိ လမ်းကြိုလမ်းကြားများတွင် ပုန်းအောင်းရန်ကြိုးစားခဲ့ကြသော်လည်း၊ မလွတ်မြောက်ဘဲ သေဆုံးသွားခဲ့ ကြသည်။ တိုက်ခိုက်မှု၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း၊ ဂွါတီမာလာတွင် မာရာ(Mara) ဟုခေါ်ဆိုကြသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော ရာဇ၀တ်ဂိုဏ်းများ ထိုတိုက်ခိုက်မှုတွင် ပါဝင်ခြင်းရှိ မရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
တိုက်ခိုက်မှုတွင် ရာဇ၀တ်ဂိုဏ်းများ ပါဝင်ပတ်သက်နိုင်ကြောင်း အယူအဆနှင့် ပတ်သက်၍တချို့ဒေသခံ များ က သံသယရှိကြောင်း ဆိုကြသည်။ ဒေသခံတစ်ဦးဖြစ်သူ Nery Pixtun က “ဒီတိုက်ခိုက်မှု ကို ပြုလုပ် ခဲ့တဲ့သူတစ်ဦး ဒါမှမဟုတ် တစ်ဦးထက် ပိုတဲ့သူတွေဟာ မာရာအဖွဲ့ဝင်တွေ မဟုတ်ကြပါဘူး” ဟုပြောပြခဲ့ သည်။ဂွါတီမာလာနိုင်ငံမှာလက်တင်အမေရိကဒေသတွင်အကြမ်းဖက်မှုများအများဆုံး ဖြစ်ပွားလေ့ရှိသည့်   နိုင်ငံများ ထဲတွင် ပါဝင်သည်။ယခုအခါ ထိုမြို့ရှိဒေသခံများအား အကာအကွယ်ပေးနိုင်ရန်အတွက် ထိုမြို့တွင်အမျိုးသားရဲတပ်ဖွဲ့ကိုချထားကြောင်းပြည်ထဲရေးဝန်ကြီး မော်ရီစူလိုပက်ဇ်ဘွန်နီလာ (Ma uricio Lopez Bonilla) က ကြေညာခဲ့သည်။
BBC
မဇ္ဈိမ

No comments:

Post a Comment

My Blog List