Thursday, September 12, 2013
မြန်မာနိုင်ငံ၌ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့
အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ
သဘင်ဆောင်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ စာတမ်းဖတ်ကြားမည့်သူ တစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦး တက်ရောက်ရန် နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
"နိုင်ငံတကာ ဒီမိုကရေစီနေ့ကို လွှတ်တော်က ကျင်းပဖို့အတွက် ကော်မတီဖွဲ့ပြီး
ကျွန်တော်တို့ကို အခမ်းအနား တက်ရောက်ဖို့အတွက် ဖိတ်ကြားထားပါတယ်။
စာတမ်းလည်း ဖတ်ကြားပါမယ်။ စာတမ်းအနှစ်ချုပ်ကတော့ အမျိုးသားပြန်လည်
သင့်မြတ်ရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို တင်သွင်းမှာပါ" ဟု
အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။
အလားတူ အခြားနိုင်ငံရေး ပါတီများကလည်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့
အခမ်းအနားတွင် စာတမ်းဖတ်ကြားမှုများ ပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့လည်း နှစ်ယောက်တက်မယ်။ စာတမ်းဖတ်ဖို့ ရှိပါတယ်" ဟု
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်များ ပေါ်ပေါက်လာပြီး ၂၀၁၁ ခုနှစ်
အစိုးရသစ် တက်လာပြီးနောက်တွင် စတင်ကာ ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ယခု ကျင်းပပြုလုပ်မည့် အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ
ဒီမိုကရေစီနေ့ဖြစ်ပြီး ယင်းကဲ့သို့ပင် ရှစ်လေးလုံး အရေးတော်ပုံ
ပေါ်ပေါက်ခဲ့သည့် ၁၉၈၈ ခုနှစ် ကာလများအား အစွဲပြု၍ သြဂုတ် ၈ ရက်အား
မြန်မာနိုင်ငံ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများလည်း
ရှိသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment