မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု
သံသယရှိသူများနှင့် တရားခံများကို စစ်ဆေးရာ ၌ မိသားစုဝင်များနှင့်
စိတ်ပါဝင်စားသူများကို လာရောက်ကြည့်ရှုခွင့်ပြုရန် ညွှန်ကြားထားကြောင်း
မြန်မာနိုင် ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး
မင်းအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို
အမှုစစ်ဆေးရာ၌ လာရောက် ကြည့်ရှုခွင့် ပြုရခြင်းမှာ ပွင့်လင်းမြင်သာမှု
ရှိကြောင်းကို အများပြည်သူသိရှိရန် ရည်ရွယ်ကြောင်း သိရ သည်။
ရဲစခန်းတစ်ခု၏ အမှုစစ်အခန်းအတွင်း CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် |
အမှုစစ်အရာရှိ၏ အမှုစစ်ဆေးမှုကို CCTV မှတစ်ဆင့် တိုက်ရိုက်မှတ်တမ်းတင်
ရိုက်ကူးထားရာ ရဲစခန်း အတွင်း ထားရှိသည့် တီဗွီသို့မဟုတ် ကွန်ပျူတာ
ပရင်တာမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ "အခု တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေမှာ
အမှုစစ်တဲ့ အခန်းနဲ့ လာရောက် တိုင်ကြားတဲ့ နေရာတွေကို CCTV ကင်မရာတွေ
တပ်ဆင်ရမယ်လို့ ညွှန်ကြားထားတယ်။ တပ်ဆင်မှု အပိုင်းကို မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်။ အချို့အမှုသည်တွေ၊
ပြစ်မှု ကျူးလွန်တဲ့ သူတွေက တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် CCTV ကင်မရာတွေကို
တပ်ဆင်ရခြင်း ဖြစ်တယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို
ပြသခြင်း ဖြစ်တယ်။ အမှုစစ်ဆေးနေတဲ့ အပိုင်းတွေကို မိသားစုဝင်တွေနဲ့
စိတ်ဝင်စားသူတွေက ရဲစခန်းမှာ CCTV ကင်မရာကနေတစ်ဆင့် ရိုက်ကူးထားတာကို
အမှုစစ်ဆေးနေတဲ့ အချိန်နဲ့ တစ်ပြေးညီ လာရောက်ကြည့်လို့ ရပါတယ်" ဟု
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ
ဒုတိယရဲမှူးကြီး မင်းအောင်က စက်တင်ဘာ ၃ ရက်နေ့ နံနက်က ပြောကြား သည်။ ပြည်သူများက အမှုလာရောက် တိုင်ကြားသည့် ဖြစ်စဉ်အချို့တွင် ရဲတပ်ဖွဲ့မှ
အမှုမဖွင့်ပေးခြင်းနှင့် ကျူးလွန်သူဟု ယူဆရသူနှင့် တရားခံများကို ရဲတပ်ဖွဲ့က
စစ်ဆေးရာ၌ ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေသည် ဟု ပြည်သူအချို့က သက်ဆိုင်ရာ
အသီးသီးသို့ တိုင်ကြားပြီးနောက် ရဲစခန်း အားလုံးတွင် CCTV ကင်မရာ များ
တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment