အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဥရောပသုံးနိုင်ငံသို့ယခုလအတွင်းသွားရောက် မည်ဖြစ်ပြီးခရီးစဉ်အသေးစိတ်ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ လေကြောင်းခရီးဖြင့် စတင်ထွက်ခွာမည်
ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံ လွှတ်တော် သို့ သွားရောက်ကာ
အောက်လွှတ်တော်ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာ
၁၂ ရက်တွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံကာ
ဝါဆောတက္ကသိုလ်တွင် Education and Politics ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည်
ဖြစ်သည်။
ထို့နောက် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနိုင်ငံသို့
ဆက်လက်သွားရောက်မည်ဖြစ်ကာ သမ္မတ အပါအ၀င် အစိုးရထိပ်ပိုင်း အရာရှိများနှင့်
တွေ့ဆုံမည်ဖြစ်ပြီး Corvinus University တွင် From Revolution to
Reconstruction ခေါင်းစဉ်ဖြင့် ဟောပြောပို့ချမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ ချက်သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး
လူ့အခွင့်အရေး ဆွေးနွေး ပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားမည်ဖြစ်ကာ
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ချက် သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး၊
လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။
ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့
လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံသို့ သွားရောက် မည် ဖြစ်ကြောင်းလည်း သိရသည်။
No comments:
Post a Comment