Wednesday, September 04, 2013

ရခိုင်အမျိုးသားသမဂ္ဂနေ့ ခေါင်းစဉ်ဖြင့် အခမ်းအနား ကျင်းပခွင့်မရ

Wednesday, September 4, 2013
၈ လေးလုံးအရေးတော်ပုံကာလတွင် ရခိုင်အမျိုးသားများစုပေါင်းပြီး အာဏာရအစိုးရကိုဖယ်ရှားရေးဆောင် ရွက် ခဲ့သည့် ရခိုင်အမျိုးသားသမဂ္ဂငွေရတုအခမ်းအနားကို ရခိုင်အမျိုးသားသမဂ္ဂနေ့ ခေါင်းစဉ်ဖြင့်ကျင်းပခွင့် မပြုသဖြင့် အမည်ပြောင်းလဲ ကျင်းပခဲ့ရကြောင်း အဆိုပါ အခမ်းအနား၏ သဘာပတိဖြစ်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြောကြားသည်။
ရခိုင်အမျိုးသားသမဂ္ဂကို ထူထောင်ခြင်း(၂၅)နှစ်မြောက်ငွေရတုအခမ်းအနားကို ရခိုင်အမျိုးသားနေ့ ခေါင်း စဉ်ဖြင့် ကျင်းပခွင့် မပြုသဖြင့် ရခိုင်တိုင်းရင်းသားများ တွေ့ဆုံပွဲ အမည်ပြောင်းကာ ရန်ကုန်မြို့ တော်ဝင်နှင်း ဆီ တွင် စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရကြောင်း ၄င်းကဆိုသည်။
ရခိုင်အမျိုးသားသမဂ္ဂနေ့ကို အစိုးရက တရားဝင် အသိအမှတ်ပြုထားသည့် နေ့ရက် မဟုတ်သည့်အတွက် အဆိုပါ ခေါင်းစဉ်ဖြင့် ခွင့်မပြုခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြောဆိုချက်ကို ကိုးကားကာရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။
ရှစ်လေးလုံးငွေရတုအခမ်းအနားကို ကျင်းပခွင့်ပြုခဲ့သော်လည်း ယင်းလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ် သည့်ရခိုင် အမျိုးသားသမဂ္ဂနေ့ ငွေရတုအမည်ဖြင့် ကျင်းပခွင့် မပြုခြင်းမှာ ခွဲခြားဆက်ဆံခြင်းလား ဟု မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်ကြောင်း ဦးအေးသာအောင်က ဆို သည်။

ရခိုင်အမျိုးသားသမဂ္ဂကို ဖွဲ့စည်းစဉ်က အာဏာရှင်စနစ်ကို ဖယ်ရှားရန်နှင့် ဒီမိုကရေစီစနစ် ထွန်းကားရေးအပြင် လူ့အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးများ ရရှိရန်အတွက် ရှစ်လေးလုံး လှုပ်ရှားမှုတွင် ပါဝင်လာခဲ့ပြီး ရခိုင်တိုင်းရင်းသားများ အနေနှင့် ဂါရဝပြုသင့်သူကို ဂါရဝပြုသည့် အခမ်းအနား ဖြစ်ကြောင်း အဆိုပါအခမ်းအနား ကျင်းပသူများထံမှ သိရှိရသည်။

ရခိုင်အမျိုးသားသမဂ္ဂကို ဗဟန်းမြို့နယ် ဦးထောင်ဘိုလမ်းရှိ ဓညဝတီကျောင်းတွင် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် လူပုဂ္ဂိုလ် ၁၉ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ထက်အောင်ဖြိုး

The Voice Weekly

No comments:

Post a Comment

My Blog List