မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးတဲ့စီမံချက် ဒီကနေ့စတင်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀နီးပါး အဖမ်းခံရတယ်လို့ သိရပါတယ်။အဖမ်းခံရသူတွေထဲမှာ ချင်းတိုင်းရင်းသား ၁၀၀ ခန့်ပါဝင်ပြီးသူတို့ဟာခရစ်ယန်ဘာသာဝင်တွေမို့တနင်္ဂနွေနေ့ဘုရားကျောင်းကိုအလာမှာအဖမ်းခံရတာဖြစ်ပါတယ်။
ကွာလာလမ်ပူမြို့ နေရာ ၃နေရာလောက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီးစောစောပိုင်းမှာ နိုင်ငံကူးလက်မှတ် စစ်ဆေးမူတွေလုပ်သလို နိုင်ငံကူးလက်မှတ် မိတ္တူကိုင်ဆောင်ထားသူတွေရဲ့ လက်မှတ်တွေကိုလည်း စစ်ဆေးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ စစ်ဆေးပြီး လက်မှတ်မပါသူတွေ၊ လက်မှတ်အတုကိုင်သူစတဲ့ သူတွေကို ဖမ်းတာဖြစ်ပါတယ်။ အဖမ်းခံရသူတွေကို လော်ရီကားတွေနဲ့ တင်သွားတယ်လို့ ကွာလာလမ်ပူမြို့ သွေးလှူအဖွဲ့က ကိုသက်က ပြောပါတယ်။
“လော်လီကားအရှည်ကြီး၅စင်းလောက်နဲ့လူတွေကိုမတ်တပ်ရပ်ပြီးအပြည့်တင်သွားတယ်ကျနော့်အထင်တော့ တစ်စီးကို ၆ဝ လောက်တော့ပါလိမ့်မယ်၊ ဗမာရော၊ ဘင်္ဂလားရော၊ နီပေါရော အကုန်ရောနေတာပေါ့”
အဲဒီဖမ်းဆီးမှုတွေမှာ မြန်မာနိုင်ငံသား ၇၀ ကျော်လောက်ပါနိုင်တယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာတချို့ကပြောပါတယ်။ ဘုရားရှိခိုးကျောင်းမှာ အဖမ်းခံရတဲ့ ချင်းတိုင်းရင်းသားတွေကို ဒီကနေ့ Miharja မှာ ဖမ်းခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ၀င်ဖမ်းတာဖြစ်ပါတယ်။
ကလေးတွေနဲ့ မိခင်တွေကိုတော့ မဖမ်းပဲ ကျန်သူတွေကို လော်ရီကား ၂ စီး နဲ့ တင်သွားတယ်လို့ Chinland Guardian သတင်းစဉ်မှာဖေါ်ပြပါတယ်။
RFA Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment