မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ
“သင်တန်းကာလက သုံးလကြာမြင့်မယ်။ တစ်လကို စာတွေ့လေ့ကျင့်မယ်၊ နောက်တစ်လကို လက်တွေ့၊ နောက်ဆုံး တစ်လကတော့ ကင်မရာရှေ့မှာ သရုပ်ဆောင်ရမယ်။ သင်တန်းပြီးရင်တော့ ကုမ္ပဏီတွေနဲ့ ဆက်ပေးမှာပါ။ ဒီသင်တန်းကို တချို့က၀ါသနာအရ လာတက်ကြတယ်။ တချို့ကျတော့လည်း ပိုက်ဆံရှိတော့ သိပ်အလေးမထားကြ ဘူးလေ။ အဲဒါကြောင့် သေချာရွေးမယ်၊ စည်းကမ်းချက်တွေလည်း ထုတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီစည်းကမ်းချက်
တွေကိုတော့ မသိရသေးပါဘူး။ အရင်တုန်းက စည်းကမ်းချက်တွေကိုလည်း ပြန်ပြင်ထားပါတယ်” ဟု ဦးအေးကြူလေးက ပြောသည်။
မြန်မာနိုင်ငံရုပ်ရှင်သရုပ်ဆောင
အဆိုပါသင်တန်းသို့ တက်လိုသူများသည် မိဘ (သို့) အုပ်ထိန်းသူများ၏ ရုပ်ရှင်သရုပ်ဆောင် သင်တန်းတက်ရောက်ရန် သဘောတူကြောင်း ထောက်ခံချက်ပါရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်းများနှင့် ထောက်ခံစာများ ယူဆောင်လာရမည်ဖြစ်သည်။ သင်တန်းကြေးကို တစ်လကျပ်တစ်သိန်း သတ်မှတ်ပေးထားပြီး သင်တန်းမှာ နံနက် ၉နာရီမှ ၁၂ နာရီအထိ သင်ကြားပေးမည် ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment