Thursday, 05 September 2013
မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် အတွင်း၌ လွှတ်တော် ပါဝင်မှသာ ပြေလည်နိုင်မည်ဟု ရှမ်းပြည် ခရီးစဉ် အတွင်း၌ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက “ဝ” သွေးစည်း ညီညွတ်ရေး ပါတီ UWSP နှင့် တွေ့ဆုံစဉ် ပြောကြား သွားသည်ဟု UWSP မှ ဒုတိယ စစ်ရေး ချုပ်ခွန်အန် က ဆိုပါသည်။
မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ် အတွင်း၌ လွှတ်တော် ပါဝင်မှသာ ပြေလည်နိုင်မည်ဟု ရှမ်းပြည် ခရီးစဉ် အတွင်း၌ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်းက “ဝ” သွေးစည်း ညီညွတ်ရေး ပါတီ UWSP နှင့် တွေ့ဆုံစဉ် ပြောကြား သွားသည်ဟု UWSP မှ ဒုတိယ စစ်ရေး ချုပ်ခွန်အန် က ဆိုပါသည်။
UWSP သည် နိုင်ငံတော် ဥပဒေ ပြဌာန်းမှုနှင့် အညီ “ဝ” ပြည်နယ်ဖော်ဆောင်ပေးရန် တင်ပြတောင်း ဆိုထားသည့်အပြင်လူဦးရေ အမှန် ရရှိရန် နှင့် တရားဝင် သန်းခေါင် စားရင်းများ လာရောက် ကောက်ခံပေး ရန် တောင်းဆို ထားသည်ဟု UWSP အရပ်ဖက် အရာရှိ ဦးဇော်လွင်က ဆိုပါသည်။
လက်ရှိ အခြေအနေတွင် UWSP ထိန်းချုပ် ဒေသ၌ ဝ လူမျိုးများအား အစိမ်းရောင်ကပ်နှင့် အဖြူရောင် ကပ်များကိုသာ ၂၀၀၇/၂၀၀၈ ခုနှစ်တွင် ထုတ်ပေး ခဲ့ပါသည်။ ယခင်ကမူ လုံးဝ မှတ်ပုံတင်ခွင့်တောင် မပေးခဲ့ပေ။ ဤသည် အစိုးရ၏ စစ်ရေး ပေါ်လစီ အရ ဗမာပြည် ကွန်မြူနစ် ပါတီ ခေတ် ကတည်းက ခွဲခြား သတ်မှတ် ထားခဲ့ခြင်း ဖြစ်ပြီး အလားတူ နယ်စပ်နေ တိုင်းရင်းသား အားလုံးကိုပါ ဒဏ်ခတ် ထားခဲ့ပါသည်။
ဤသို့သော် ပြသနာများကို ပြည်ထောင်စု လွှတ်တော် နာယက တဦး အနေဖြင့် လုပ်ဆောင် ပေးနိုင်ကြောင်း၊ မြန်မာ နိုင်ငံသားများ အတွက် လွှတ်တော် သည်သာ အဓိက ကျကြောင်း ဦးရွှေမန်းက ရှင်းလင်း ပြောဆို ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသား များအနေဖြင့် လက်နက်ကိုင် နေမည့် အစားလွှတ်တော်ထဲ ဝင်ပြီး ပြုပြင် ပြောင်းလဲ သွားရန် ပိုမို ကောင်းလိမ့် မည်ဟု ထပ်မံ မှာကြား ခဲ့ပါသည်။
"၀" လူမျိုး များသည် လူဦးရေ ခြောက်သိန်း နီးပါး နေထိုင်လျက် ရှိပြီး ၁၇၀၀၀ စတုရန်း ကီလိုမီတာ အကျယ်အ၀န်း ရှိသည့်"၀" ဒေသမြောက်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ နှစ်ပိုင်း ခွဲခြား ထားပါသည်။ ဘာသာ စကားတွင် လူဦးရေ၏ ၇၀ ရာခိုင် နှုန်းသည် တရုတ် ဘာသာ စကားကို ပြောဆို နေကြပြီး တရုတ် ဘာသာဖြင့် ရုပ်သံလိုင်း တလိုင်းကို တည်ထောင်ကာ တရုတ် ယွမ်ငွေကိုသာ အသုံးပြု ကြပါသည်။
ဦးရွှေမန်း၏ ယခု ခရီးစဉ် အတွင်းတွင် UWSA အပြင် မိုင်းလား၊ SSPP ၊ PNO၊ RCSS နှင့် ရှမ်းပြည် လူမျိုး ပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့များကိုတွေ့ဆုံ ခဲ့ပါသည်။ ဤသည် လွှတ်တော် နာယက တဦး အနေဖြင့် တိုင်းရင်းသား ဒေသကို ပထမဆုံး လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပါသည်။
Phophtaw News Association
No comments:
Post a Comment