Wednesday, August 15, 2012
ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူ
မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူမှာ ဦးရွှေကြူးလည်းမဟုတ်၊ ဦးထွန်းငြိမ်းလည်းမဟုတ်၊ ဒေါက်တာဘဟန်လည်း မဟုတ်။ ၎င်းတို့မှာ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့ကြသည်မှာ မှန်သော်ငြားလည်း ပထမဦးဆုံးတော့ မဟုတ်ပါချေ။ ပထမဦးဆုံးသော အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုခဲ့သူကား မြန်မာနိုင်ငံသားစစ်စစ်ဖြစ်၏။ မဟာဆီ မဟာသွေးပါသူ ဖြစ်၏။ ၎င်းကား မက္ခရာမင်းသားဖြစ်လေ၏။ မက္ခရာမင်းသားမှာ အမရပူရ ပထမမြို့တည် ဗဒုံမင်းတရားကြီးနှင့် မိဖုရား သီရိမဟာရတနာဒေ၀ီ တို့၏ သားတော် ဖြစ်သည်။ အင်းဝဘုရင် ဘကြီးတော်၏ ဦးလေးတော်စပ်သည်။ မြန်မာသက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွားမြင်၍ ၁၂၁၀ ပြည့်နှစ် အသက် (၅၇)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ မက္ခရာမင်းသား အသက်ထင်ရှားရှိခဲ့စဉ်က နိုင်ငံနှင့်လူမျိုး၏ အကျိုးကို အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်သည်ဆိုရာ၌ နိုင်ငံရေးအရ မဟုတ်။ စာပေရေး၊ ပညာရေးအရ ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုစဉ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာသိပ္ပံပညာရပ် များကို မတတ်မြောက်ကြသေး။ ခေတ်မမီကြသေး။ ကမ္ဘာပြားသည်ဟူသော အယူအဆကိုပင် ယူဆနေကြဆဲဖြစ်သည်။ ထိုအချက်ကို မင်းသားကြီးသည် ကောင်းစွာ သတိပြု ဆင်ခြင်မိသည်။ မင်းသားကြီးသည် အင်းဝနေပြည်တော်ရောက် အင်္ဂလိပ်လူမျိုးများနှင့် ဆက်ဆံ ရာတွင် ထိုသူတို့မှတဆင့် ခေတ်မီ ၀ိဇ္ဇာသိပ္ပံပညာရပ်များ၏ သဘောကို သိရှိနားလည်ခဲ့သည်။ ထိုပညာရပ်များကို တတ်မြောက်မှသာ မြန်မာတို့ ခေတ်မီမည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့် မြန်မာများ ခေတ်မီရေးကို မင်းသားကြီးသည် အစွမ်းကုန် အားထုတ်ခဲ့ လေသည်။ မင်းသားကြီးသည် အင်းဝသို့ ရောက်ရှိနေသည့် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာရော်ဂျာထံမှ အင်္ဂလိပ်စာကို သင်ယူသည်။ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော အနောက်တိုင်း ၀ိဇ္ဇာသိပ္ပံဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးသည်။ အထူးသဖြင့် ရီး၏ စွယ်စုံကျမ်း (Rees' Encyclopaedia) ကို လေ့လာဆည်းပူးသည်။ မြန်မာအမျိုးသားတို့ လေ့လာဆည်းပူးနိုင်ရန်လည်း ထိုကျမ်းပါ သိပ္ပံပညာရပ်အချို့ကို မြန်မာဘာသာ ပြန်ဆိုလေသည်။ အင်္ဂလိပ်စစ်ဗိုလ်မှူးကြီး ကာနယ်ဘားနေးသည် အင်းဝသို့ အရေးပိုင်ဝန်ကြီးအဖြစ် အမှုထမ်းဖို့ ရောက်လာစဉ်အတွင်း မက္ခရာမင်းသား ကြီးအား ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်လျက် လေးစား ကြည်ညိုစွာ သွားရောက်တွေ့ဆုံခဲ့ပေသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment