Thursday, August 16, 2012
သာပေါင်းမြို့နယ်မှာ ရွာ ၄ဝဝ ရေနစ်မြုပ်
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ဒီကနေ့အထိ ကျေးရွာပေါင်း ၄၀၀ နီးပါး ရေနစ်မြှုပ်နေတာ ၁၂ ရက် လောက် ရှိသွားပြီ ဖြစ်ပေမယ့် ဘယ်အဖွဲ့အစည်းကမှ လာရောက်ကူညီမှု မရှိသေးဘူးလို့ သိရပါတယ်။
အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက RFA ကို အခုလို ပြောပါတယ်။
"ကျောင်းကုန်းဘက်မှာတော့ ကယ်ဆယ်ရေးစခန်း ၁၄ ခုလောက်ဖွင့်တယ် ပြောတယ်။ ဒီမှာတော့ လုံးဝ ကယ်ဆယ်ရေးစခန်း မရှိဘူး။ အခုဆိုရင် ရေမြှုပ်နေတဲ့ ရက်က ၁၂ ရက်လောက် ရှိသွားပြီ။ တချို့က အနီးကပ်အိမ်တွေမှာ နှစ်မိသားစု ပေါင်းပြီးတော့ နေတယ်။ အိမ်ထုတ်တွေပေါ်မှာလေ ဝါးလေးတွေနဲ့ အတော်အတန် ခဏအိပ်လို့ရအောင် ထိုင်လို့ရအောင် ဒီနည်းနဲ့ နေနေရတယ်။ အစားအသောက်ကတော့ ဒုက္ခရောက်နေတယ်။ အစားအသောက်တင် မကဘူး၊ ကျန်းမာရေးဆိုရင် ၅၀ ရာခိုင်နှုန်းလောက် ထိ ခိုက်နေကြတယ်။ တုတ်ကွေးတွေ ဝင်နေတယ်။ မိုးတွေကများတယ်။ ရေတွေနဲ့ အနီးကပ်ရေထဲမှာ နေနေရတော့။ ကျန်းမာရေး စောင့်ရှောက်မှုလည်း မရောက်ဘူး။ ဘယ်လို ကယ်ဆယ်ရေးမျိုးမှ မရောက်ဘူး။ ဘယ်လို ထောက်ပံ့မှုမျိုးမှ မရောက်သေးဘူး။ ဘုန်းတော်ကြီးကျောင်းတွေတောင်မှ အတော်များများ မြှုပ်နေကြပြီ။ ညကတောင်မှ ၄ လက်မလောက် တက်သေးတယ်။ လေတွေ၊ လှိုင်းတွေ ထန်နေတဲ့ ဒဏ်တွေကလည်း အတော်များနေတယ်"
သာပေါင်းမြို့နယ်အတွင်း လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်ကတုန်းကလည်း ဆိုးဆိုးဝါးဝါး ရေနစ်မြုပ်တာမျိုးကြုံတွေ့ခဲ့ ရပေမယ့် အခုနှစ် လောက် စားရေးသောက်ရေး အခက်အခဲ မကြုံခဲ့ရဘူးလို့ တောင်သူတွေက ပြောပါတယ်။ လယ်ယာမြေဧက (၅၀၀၀) ကျော်ပါ ရေလွှမ်းမိုး ခံရတာကြောင့် စိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်ဆီးသွားပြီလို့ တောင်သူတွေက ပြောပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာလည်း ရေဘေး ကြုံတွေ့နေရပြီး လေပြင်းဒဏ်ကြောင့် နေအိမ်တွေ ပြိုလဲမှုရှိခဲ့ သလို မြွေဆိုး အန္တရာယ်တွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ဒီအတောအတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အတ္ထရံမြစ်ရေ လျှံတက်မှုကြောင့် နိဒုံ ကျေးရွာမှာ စိုက်ပျိုးထားတဲ့ လယ် မြေ ဧက တစ်ထောင်လောက် ရေအောက်မှာ နစ်မြှုပ်နေတာ သီတင်းနှစ်ပတ် ရှိသွားပြီလို့ သိရပါတယ်။ လယ်ကွင်းပြင်တွေမှာ အမြင့် ၅ ပေလောက် ရေလွှမ်းမိုးနေပြီး လာမယ့် သီတင်းပတ်အတွင်း ရေပြန်မကျရင် စပါးပင်တွေအားလုံး ပျက်စီးကုန်မှာ ဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Ref: အာရ်အဖ်အေ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment