Friday, August 17, 2012
ကချင်ဒုက္ခသည်တွေ အကူအညီထပ်မံရရှိ
တရုတ် မြန်မာနယ်စပ် လိုင်ဇာမြို့အနီးရှိ ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ ခုကို ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေဖြစ်တဲ့ အဖြူရောင်တွဲလက်များနဲ့ မန္တလေးရှိ ကလေးသူငယ်များ ကွန်ယက်အဖွဲ့က ဆေးနဲ့ ကျောင်းသုံးပစ္စည်းတွေ ဒီနေ့ သွားရောက် ကူညီကြပါတယ်။
အဲဒီစခန်းတွေမှာ အဓိက လိုအပ်နေတာကတော့ အစားအသောက်နဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် စာရေးကရိယာ ပစ္စည်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစခန်း တစ်ခုမှာ ရောက်ရှိနေတဲ့ အဖြူရောင်တွဲလက်များ အဖွဲ့ဝင်တစ်ယောက်က အခုလိုပြောပါတယ်။
"နာရေးကူညီမှုအသင်းက ၂ ယောက်ပါတယ်။ နောက် မန္တလေးက အဖွဲ့ပါတယ်။ ကလေးချစ်သူများအဖွဲ့၊ အဲဒီအဖွဲ့မှာ ဆရာ တော်တစ်ပါး ပါတယ်။ ကူညီတာကတော့ ဆေးပစ္စည်း၊ ၀ှီးချဲတို့၊ ဒေါက်တို့၊ ညှပ်တို့ အဲဒါတွေတော့ ပါတယ်ခင်ဗျ။ အဖြူရောင် တွဲလက်များ အနေနဲ့ကတော့ ပြီးခဲ့တဲ့ ၆ လပိုင်းလောက်က ရောက်ထားတော့ ကျွန်တော်တို့ ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေ၊ နောက်ပြီး ဒီဘက်ကလုပ်တဲ့ ဟာလေးတွေ ပြန်ပေးတာတို့ ရှယ်တာပဲ ရှိတယ်ခင်ဗျ။ ကျန်တဲ့လှူတာတို့ မပါသေးဘူးခင်ဗျ။ ဒီအခေါက်မှာက။ ကျန်တဲ့အဖွဲ့တွေကတော့ ကလေးတွေနဲ့ ပတ်သက်တဲ့ ပညာရေး စာအုပ်စာတမ်းတွေ ပါလာတယ်၊ မန္တလေး အဖွဲ့လှူတာက။ ကျန်တဲ့အဖွဲ့တွေကတော့ ပိုက်ဆံတွေလှူကြတယ်"
ကေအိုင်အို ဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မီတီ ဥက္ကဋ္ဌ ဦးဒွဲပီစ က ဆေးဝါးနဲ့ အစားအစာ အကူအညီတွေ လိုအပ် နေဆဲပဲလို့ ပြောပါတယ်။ အခု ပြည်တွင်းက အကူအညီပေးရေး အဖွဲ့တွေ ရောက်နေတဲ့ တရုတ် မြန်မာနယ်စပ်က ဂျယ်ယန်နဲ့ ဖုံလုံယန် ဒုက္ခသည်စခန်း ၂ ခုမှာ ဒုက္ခသည် ဦးရေ ၁ သောင်းကျော်ရှိပြီး ဆင်ဘို၊ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် မြို့နယ်အတွင်း က ရောက်လာသူတွေ ဖြစ်ကြပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment