ဒီမိုကရေစီ
ကိုဖော်ဆောင်နေသည်ဆိုသောမြန်မာပြည်သည် ယခုအချိန်အထိ ဧည့်စာရင်း
တိုင်နေရဆဲသာ ဖြစ်ပါသည်။ တိုးတက်လာမှု ကိုဆိုရပါမူ ဗိုလ်ချုပ်နေ၀င်း အစိုးရ
လက်ထက်တွင် တစ်လ မှတစ် ကြိမ်သာဧည့်စာရင်းတိုင်ရန် လိုအပ်ပါသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အစိုးရ လက် ထက်တွင် နှစ်ပါတ် တစ် ကြိမ်
ဧည့်စာရင်းတိုင်ရန်လိုအပ်ပြီး ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး
ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲဆိုတာကြီး ပြီးသည့်နောက် ယာယီသန်းခေါင်
စာရင်းများ ထုတ်ပေး ခဲ့ခြင်းကြောင့် နေရပ်လိပ်စာ မပြောင်းသ၍
ဧည့်စာရင်းထပ်တိုင်ရန် မလိုဟုသိရပါသည်။
စစ်ဘောင်းဘီ ကျွတ် သမ္မတကြီး ဦးသိန်းစိန် လက်ထက် တွင် ယာယီသန်းခေါင်
စာရင်းများ လုံးဝ အသက်မရှိတော့ ဘဲ တစ် ပတ်တခါ ဧည့်စာရင်းတိုင်ပွဲကြီး စတင်
ပါတော့သည်။ သမ္မတကြီး ဦးသိန်းစိန် က ဧည့်စာရင်းတိုင်ရာတွင် ငွေကြေးတစုံတရာ
ပေးရန် မလိုဟု ဆိုခဲ့ငြား လည်း ရပ်ကွက် တိုင်းရှိ အုပ်ချုပ်ရေးမှုး
ရုံးများတွင် အလှူ ခံဗူး၊ အလှူခံခွက် များဖြင့် ပြောင်ပြောင် တင်းတင်းပင်
တောင်းခံနေကြသည်မှာ ဥပဒေကဲ့သို့တည်တံ့ သော သမ္မတကြီး ၏ နှုတ်ထွက် စကား အား
ပြက်ရယ်ပြုနေသယောင်။ တစ်ပါတ်တခါ ဧည့်စာရင်းတိုင်ကြားရခြင်း သည် ရပ်
ကွက်လူကြီးများ အဖို့ တစ်ပါတ်တခါ အလှူငွေ ရရှိ ၍ အကျိုးရှိ တွက်ခြေကိုက်
နိုင်သော်လည်း ဧည့်စာရင်း လာတိုင်ရသော ပြည်သူများမှာ ကထိကထ များရုံ မျှမက တစ်ပါတ် တခါမှန်မှန် လှူနေရသည့် အတွက် မစားသာလှပါ။
ဧည့်စာရင်းဟုဆိုရာ၌ ရှောင်တခင် ညအိပ်လာ သော ဧည့်သည် သာမက
ရေရှည်နေသောအိမ်အလုပ်သမားများ၊ ဆိုင် အလုပ် သမားများ၊ ဆောက်လုပ်
ရေးအလုပ်သမားများ နှင့် လချုပ်၊ နှစ်ချုပ် ဌားရမ်းနေထိုင်သော
အိမ်ဌားများပါမကျန် တပါတ်တစ် ခါတိုင်ကြရပါသည်။ နောက်ဆုံးတွင်
အများစုမှာဧည့်စာရင်း မှန်မှန် မတိုင် နိုင် ကြ တော့ပေ။ ရည်ရှည်တွင် (သို့)
ဧည့်စာရင်း များ လာမတိုင် ကြသည့်အဆုံး တွင် ရပ်ကွက် လူ ကြီး များ စား
ပေါက်ပိတ်ရကား ရပ်ကွက်တွင်းလှည့်လည် ၍ အသံ ချဲ့ စက်ဖြင့်
ဧည့်စာရင်းတိုင်ရန် နှိုးဆော် ကြတော့သည်။ ရပ်ကွက်လူကြီးများ အလုပ်လုပ်ပုံက
လည်း အံ့သြ စရာပင်။
ရပ်ကွက်ရုံးဖွင့် သည် မှာ တနင်္လာ မှ သောကြာ။ ရုံးဖွင့်ချိန်မှာ ည ၇ နာရီ မှ ည
၉ နာရီ အ ထိပါဘဲ။ အဲဒီအချိန်မှာ ဧည့် စာရင်းလာတိုင်၊ တခြားကိစ္စ၊ ပြသနာ
အစရှိသည် လာပြော၊ အလိုက် အထိုက် နားထောင်ပေး ကောင်း နားထောင်ပေး၏။ Action
ယူ၏ မယူ၏ ကတော့ လာရောက်တိုင် ကြားသူ၏ ဂုဏ်သရေ အဆင့်ပေါ်ကိုမှီသလား။ ၄င်း၏
သုံးစွဲမှု၊ ပေးကမ်းမှု၊ ကြွယ်ဝချမ်းသာမှု အ ပေါ်မူတည်သလား။ ၄င်း၏
ကံတရားပေါ်ဘဲမူတည်သည်လား မသိနိုင်ပါ။ ထိုရုံးဖွင့်ချိန်မဟုတ်သော အချိန်များ၌
ဖြစ် ပေါ်သမျှ ပြသနာ မိမိဖာသာရှင်းဟူ၍ဆိုနေသယောင်။ တစ်ပါတ်တခါ ဧည့်စာရင်း
တိုင်ကြားရ သော စံနစ်သည် ကမ္ဘာပေါ်၌
မည်သည့်နိုင်ငံမှာမှကျင့်သုံးခြင်းမရှိသေးပါ။ စစ်ဖြစ်နေ သောနိုင်ငံ၌ ပင်
တစ်ပါတ်တခါ ဧည့်စာရင်း တိုင်ကြား ရခြင်းမရှိပါ။ ဤသည်ကိုကြည့်ခြင်း အား
ဖြင့် အစိုးရ သည် မြို့နေပြည်သူများကိုပင်လျှင် ရာဇ၀တ်သားများဟုသဘောထား နေ သ
ယောင် ရှိပါသည်။
ဤလုပ်ရပ်မှာမြို့ကြီးများတွင်အစိုးရအာဏာပိုင်များက
ပြည်သူများကိုပုံစံတမျိုး ဖြင့်ဆက် ကြေး တောင်းခြင်းဟုယူဆဖွယ်ဖြစ်ပါသည်။
ဒီမိုကရေစီ နိုင်ငံများတွင် နိုင်ငံခြားသား ခရီးသည်များ သည်
ဟိုတယ်မှာတည်းခိုရမည်ဟူသော ဥပဒေမရှိ။ နိုင်ငံသားများအိမ်တွင် လွတ် လပ်
စွာတည်းခို နိုင် သည်။ နိုင်ငံသားများသည်လည်း ဧည့်စာရင်းတိုင်ရ သည်ဟူ၍
မကြားဘူးပါ။
ဒေါင်းမာန်ဟုန်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment