Thursday, August 16, 2012
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား ဒုတိယ သမ္မတ အဖြစ်တင်မြှောက်လိုက်သည့် အပေါ် ရခိုင်ပါတီနှစ်ခုက ကြိုဆို
တပ်မတော်ရေ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အား ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည့် အပေါ် ရခိုင်ပါတီနှစ်ခု ဖြစ် သည့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ကြိုဆိုလိုက်သည်။
ဒုတိယ သမ္မတ အဖြစ် ရေတပ်ဗိုလ်ချုပ်ကြီးကို ဥာဏ်ထွန်းကို တင်မြှောက်လိုက်ခြင်းကို ကြိုဆိုကြောင်း ရခိုင် တိုင်းရင်းသားများတိုး တက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က နိရဉ္စရာသို့ ပြောသည်။
“ ပင်လယ်ပြင်တွေ အများကြီးရှိတဲ့ ပြည်နယ်တစ်ခုက လွှတ်တော်အမတ် တစ်ဦးရဲ့ ဆန္ဒကတော့ ပင်လယ်ပြင်ဆိုင်ရာနဲ့တာဝန်ယူလုပ်ဆောင် ခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ကို ဒု သမ္မတ တင်မြှောက်လိုက်တာကို ကြိုဆိုပါတယ်။ ဖွဲ့စည်းပုံ အရ ရေတပ် တာဝန် အကြီးမားဆုံးထမ်း ဆောင်ခဲ့သူ တယောက် ခုလို ဒုတိယ သမ္မတဖြစ် လာတဲ့ အတွက် ၀မ်းသာ ကြိုဆို ပါတယ်” ဟု ဆိုသည်။
ယခု ရွေးချယ်လိုက်သော ဒုတိယ သမ္မတ နေရာမှာ ဘယ်သူကိုဘဲ ရွေးရွေး တိုင်းပြည်အပြောင်းအလဲ ဖြစ်အောင် လုပ် ဆောင်မည့်သူ ဆိုပါက ကြိုဆိုရမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။
“ ဘကြီးတို့အနေနဲ့ ဒုတိယသမ္မတကို ဘယ်သူကိုဘဲ ရွေးရွေး ပြည်သူတွေရဲ့ ဘ၀လုံခြုံရေး အခြေ အနေဟာအေးအေးချမ်းချမ်းနဲ့အပြောင်း အလဲတွေ ဖြစ်လာအောင် လုပ်ဆောင်မယ် ဆိုရင် ကြိုဆိုရမှာပါ။ အဲဒါကြောင့် ယခုအချိန်မှာ ဘာမှာ ပြောဆိုစရာ မရှိပါဘူး။”
သဘောထားတင်းမာသူဟု သတ်မှတ်ခံထားရသူ ယခင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး အကြောင်းပြ ချက် ဖြင့် ရာထူးမှ နုတ်ထွက်စာကို သမ္မတရုံးသို့ ဇူလိုင်လ ၂ ရက်နေ့တွင်တင်ခဲ့သည်။
ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတအဖြစ်မှ နှုတ်ထွက်စာတင်ပြီး လစ်လပ်နေသော သူ့နေရာအတွက် ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဌ ဦး မြင့် ဆွေကို စစ်တပ်က ကိုယ်စားလှယ်များက အမည် စာရင်း တင်သွင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ သူ၏ သားမက်ဖြစ်သူက သြစတေးလျနိုင်ငံသားဖြစ်နေသောကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေပါ သမ္မတ အရည်အချင်းနှင့် ဆိုင်သော ပြဌာန်းချက်များနှင့် ညှိစွန်းနေသဖြင့် နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား အမည် စာရင်း တင်သွင်းခဲ့သည်။
တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ၂၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော တပ်မ တော်သား လွှတ်တော်အမတ်များ၏ အဆို တင်သွင်းမှုကို လွှတ်တော်က အတည်ပြုလိုက်သဖြင့် ဒုသမ္မတဖြစ်လာခြင်း ဖြစ်သည်။
ဒုတိယ သမ္မတ ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းမှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၆ ကျောင်းဆင်း တဦး ဖြစ် သည်ဟု သိရသည်။
လစ်လပ်နေသော ဒုတိယသမ္မတ ရာထူးအတွက် တခြား ထင်ကြေးပေး ခံနေရသူများဖြစ်သည့်ပြည် ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ကာကွယ် ရေး ဝန်ကြီး ဌာနက ဒုတိ ယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ဖြစ်ကြပြီး ဗိုလ် ချုပ်ကြီး ဥာဏ်ထွန်းသည် သူတို့ (၃) ဦးကို ကျော်ဖြတ်ပြီး ဒုတိယ သမ္မတ ဖြစ်လာ သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment