Thursday, August 16, 2012
စက်တင်ဘာ ၂၂ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြန်မာတိုင်းရင်းသားတို့ တွေ့ဆုံမည်
၂၀၁၂ လာမယ့် စက်တင်ဘာ တတိယပတ်မှာ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်ပြီး ဂုဏ်ပြုချီးမြှင့်မှုများ လက်ခံရန် လာရောက်မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ရောက် မြန်မာတိုင်းရင်းသားကွန်မြူနီတီများကလည်း ညီညာဖျဖျ လှိုက်လှဲစွာကြိုဆိုရန် စောင့်မျှော်လျက်ရှိပါတယ်။ အဲသည်ခရီးစဉ်အနက် စက်တင်ဘာ ၂၂ ရက် စနေနေ့မှာ နယူးယောက်မြို့တော်က မြန်မာပြည်ဖွား တိုင်းရင်းသားပြည်သူများနဲ့ တွေ့ဆုံရန် အခွင့်အရေးရတာမို့ နယူးယောက်က မြန်မာ့အရေး နိုးကြားလှုံဆော်သူများက ပြည်သူများနဲ့ တွေ့ဆုံပွဲ အခမ်းအနားကျင်းပနိုင်ရန် ကွန်မြူနီတီ အစည်းအဝေးများဖြင့် တိုင်ပင်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိမှာ အပတ်စဉ် စနေနေ့တိုင်း ညနေ ၄း၀၀နာရီ မှ ၆း၀၀နာရီ ထိ 39 Eldridge St., 4th Floor, NY 10002 တွင် ဖြစ်မြောက်ရေးကော်မတီဝင်များ တွေ့ ဆုံ ညှိနိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြပါတယ်။ စိတ်ပါဝင်စားသူများ အားလုံး လာရောက် ဆွေးနွေး အကြံပြု ၀ိုင်းဝန်းလုပ်ဆောင်နိုင်ပါရန် ကြိုဆိုလျက်ရှိကြောင်း သိရှိရပါတယ်။ နယူးယောက်မြန်မာကွန်မြူနီတီ တွေ့ဆုံပွဲကို ကမကထပြု စီစဉ်နေကြသူတွေကို ဆက်သွယ်ဖို့ အခုလို ပုဂ္ဂိုလ်များက ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရန်။ ။ မဝေေ၀နိုင် - (917) 363-6882။ ကိုနေတင်မြင့် - (347) 944-7341 ။ ဦးခိုင်အောင်ကျော် - (347) 329-0617 ။ ကိုမြင့်လှိုင် (917) 975-2349။ ကိုအောင်ကြီးလွင် - (646) 678-2749။ နယူးယောက်မြို့တော်က ဒေသခံတွေထဲက အရှင်ပညာဇောတနဲ့ စာရေးဆရာမောင်စွမ်းရည်တို့ကို နာယကများအဖြစ် ခန့်ထားပြီး ဖြစ်မြောက်ရေးအလုပ်အဖွဲ့ လုပ်အားပေး၊ စေတနာရှင် ၄၆ ဦးနဲ့ ပဏာမဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ နယူးယောက်၊ ၀ါရှင်တန်ဒီစီ၊ ဖို့တ်ဝိန်း၊ အယ်လ်အေ၊ ဆန်ဖရန်စစ္စကို စတဲ့ မြို့နယ်တွေမှာ တိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲတွေ ပြုလုပ်မှာ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေသခံဆိုင်ရာ ဆက်သွယ်ရေးတာဝန်များကို ကွယ်လွန်သူ သခင်ဦးအုန်းမြင့်ရဲ့ သမီး ဒေါက်တာနီနီခင် (၀ါရှင်တန်ဒီစီ) က ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ တိုင်းရင်းသားမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲတွေ စီစဉ်ဆောင်ရွက်ရာမှာ လုံခြုံရေးနဲ့ စနစ်တကျ စည်းကမ်းရှိရှိ အားလုံးက တဦးချင်းစီ တာဝန်ယူပြီး ဆောင်ရွက်ကြဖို့ အရေးကြီးတဲ့အကြောင်း၊ ငွေကြေးကောက်ခံခြင်း၊ အလှုခံခြင်းမျိုးထက် မိသားစုတွေ စုဝေးပြီး တတ်နိုင်သလောက် ၀ိုင်းဝန်း မတည် ဆောင်ရွက်ကြပြီး အားလုံး ပါဝင်တက်ရောက်နိုင်တဲ့ ကွန်မြုနီတီတွေ့ဆုံပွဲမျိုး ဖြစ်စေလိုကြောင်း၊ ပျော်ပွဲ ရွှင်ပွဲ ဖျော်ဖြေပွဲတွေမျိုးမဟုတ်ဘဲ မြန်မာဒီမိုကရေစီရေး ခေါင်းဆောင်နဲ့ မြန်မာတိုင်းရင်းသားမိသားစုတွေ နွေးထွေးစွာ တွေ့ဆုံဆွေးနွေးကြတဲ့ အစီအစဉ်တခုအဖြစ် ကြိုးစားဆောင်ရွက်လိုကြောင်း နယူးယောက်မြို့က ဒေသခံ စေတနာရှင်လုပ်အားပေးတဦးက သဘောထားကို ပြောပြပါတယ်။ နယူးယောက်မြို့တော်က စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်ကတော့ သူရေးထားခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကဗျာတွေ ပြန်စုမယ်၊ ပြန်လည်ဖော်ပြမယ်လို့ ပြောပါတယ်။ ကွယ်လွန်သူ သူမိတ်ဆွေ ကဗျာဆရာ ဦးတင်မိုးကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ရည်စူးတဲ့ ကဗျာတွေ အမြောက်အများ ရေးခဲ့သူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို လာရောက်လည်ပတ်တဲ့ အချိန်တိုလေးအတွင်းမှာ အမေရိကန်ရောက် မြန်မာစာပေနဲ့ အနုပညာရှင်တွေ၊ ၀ါသနာရှင်တွေရဲ့ [...]
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment