ဒီကနေ့ သြဂုတ်လ၁၆ရက်နေ့မှာ အဖွဲ့ဝင် (၅၇)နိုင်ငံပါဝင်တဲ့
အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ The Organization of Islamic
Cooperation OIC က ဆီးရီးယားနိုင်ငံကို အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ
ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မနေ့က သြဂုတ်လ၁၅ရက်နေ့က
ဆီးရီးယားနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသက အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့
AZAZ အပ် ဇပ်မြို့ပေါ်ကို ဆီးရီးယား စစ်လေယာဉ်တစ်စီးက ဗုံးကျဲ
တိုက်ခိုက်ခဲ့တဲ့ နောက်တစ်နေ့မှာပဲ အခုလိုအိုင်အိုစီက ဆုံးဖြတ် လိုက်
တာဖြစ်ပါတယ်ခင်ဗျာ။
သေဆုံးသူအရေအတွက်များပြားပြီးတော့
လူအမြောက်အများလည်း ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ ဗုံးကျဲတဲ့မြို့ကို
ရောက်ရှိသွားတဲ့ ဗွီအိုအေ သတင်းထောက်ကို ဒေသခံ အတိုက်အခံအဖွဲ့ရဲ့
တပ်မှူးတစ်ဦးက ပြောတာမှာတော့ အမ်အိုင်ဂျီအမျိုးအစား ဆီးရီးယား လေတပ်
စစ်လေယာဉ်တစ်စီးက ဗုံးတစ်လုံးကျဲချပြီး နောက်ထပ်ဒုတိယအကြိမ်
ပျံသန်းလာပြီးတော့ ဒုတိယအကျော့ ဗုံးတစ်လုံး ကျဲချခဲ့တယ် လို့ ဆိုပါတယ်။
လန်ဒန်အခြေစိုက်
ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ SOHRကတော့ ဒီတိုက်ခိုက်မူ
မှာ အနည်းဆုံး လူ၂၀ သေဆုံးခဲ့ရတယ်လို့ ဆိုပြီးတော့ ရိုက်တာ သတင်းမှာတော့
တက်ကြွ လူပ်ရှားသူ တစ်ဦးကို ကိုးကားပြီး အနည်းဆုံး လူ၃၀ သေဆုံးခဲ့ရတယ်လို့
ဆိုပါတယ်။ မြို့တော် ဒမတ်စကပ်မှာ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ
ရုံးစိုက်ရာ ဟိုတယ်ရဲ့ ကားရပ်နားရာ အပြင်ဘက်မှာ ကြီးမားတဲ့
ဗုံးပေါက်ကွဲမူကြီး ဖြစ်ပွားပြီးပြီးချင်းမှာပဲ မြောက်ပိုင်းက
အာဇပ်မြို့ပေါ်ကို အစိုးရက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ဒမတ်စကပ်က
ဟိုတယ် ကားရပ်နားစခန်း ဗုံးပေါက်ကွဲမှူ မှာတော့ ကုလသမဂ္ဂစောင့်ကြည့်
လေ့လာရေး အဖွဲ့ဝင်တွေ ထိခိုက်ခဲ့ခြင်း မရှိပါဘူး ခင်ဗျာ။
VOA
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment