Saturday, September 14, 2013
အိန္ဒိယနိုင်ငံမှ ကုန်စည်များ အလုံးအရင်း ဝင်ရောက်မှုကြောင့်
ရခိုင်ပြည်နယ်မှ ကြွက်သွန်နီ အပါအဝင် စားသောက်ကုန်များ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေမှု ရပ်ဆိုင်းသွားကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာမြို့ဘောင်ဒို ကုန်သွယ်ရေးဆိပ်ကမ်းမှ
ကုန်သည်များက ပြောကြားသည်။
သြဂုတ်လ နောက်ဆုံးပတ်ခန့်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အိန္ဒိယမှ ကြက်သွန်နီနှင့်
တခြားစားကုန်များ အလုံးအရင်း ဝင်ရောက်လာပြီး ကုန်ဈေးနှုန်းများ
ကျဆင်းနေသဖြင့် ရခိုင်ပြည်နယ်က တင်ပို့ကုန်များ ရပ်ဆိုင်းထားရခြင်း
ဖြစ်ကြောင်း မောင်တောမြို့ ကုန်သည်များထံမှ သိရှိရသည်။
Saturday, September 14, 2013
မော်လိုက်တွင် မူးယစ်ဆေးဖြတ်လိုသူများကို ရဲနှင့်ဆေးရုံ ပူးပေါင်း ကုသပေးဟုဆို
Saturday, September 14, 2013
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် မူးယစ်ဆေးဝါး (ဘိန်းမည်း) ဖြတ်လိုသူများကို ပြည်သူ့ရဲတပ်ဖွဲ့နှင့် ဆေးရုံတို့မှ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ မြို့နယ်မှူး ရဲမှူးတင့်ဝေက The Voice သို့ ပြောကြားသည်။
“ဒီဘက်မှာက ဘိန်းမည်းပဲ သုံးကြတာ။ စားတာရှိတယ်။ ရှူတာရှိတယ်။ ဖြတ်ချင်တဲ့ သူတွေကို ကူညီဖြတ်ပေးနေပါတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ မူးယစ်ဆေးဝါး ဖြတ်ပေးခြင်းကို စီမံချက်တစ်ခုအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျေးရွာများအထိပါ လိုက်လံစာရင်း ကောက်ခံမှုအရ မော်လိုက်မြို့နယ်အတွင်း ဘိန်းမည်းသုံးစွဲ (စား/ရှူ) သူဦးရေ ၄၈၄ ဦးရှိပြီး ဘိန်းဖြတ်လိုသူများကို ထပ်မံသုံးစွဲခြင်း မပြုကြောင်း ခံဝန်လက်မှတ်ထိုးကာ ဖြတ်စေကြောင်း၊ လက်ရှိတွင် ဘိန်းဖြတ်လိုသူ ၃၈ ဦးကို ကုသပေးနေကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် မူးယစ်ဆေးဝါး (ဘိန်းမည်း) ဖြတ်လိုသူများကို ပြည်သူ့ရဲတပ်ဖွဲ့နှင့် ဆေးရုံတို့မှ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း
“ဒီဘက်မှာက ဘိန်းမည်းပဲ သုံးကြတာ။ စားတာရှိတယ်။ ရှူတာရှိတယ်။ ဖြတ်ချင်တဲ့ သူတွေကို ကူညီဖြတ်ပေးနေပါတယ်” ဟု ၎င်းကဆိုသည်။ အဆိုပါ မူးယစ်ဆေးဝါး ဖြတ်ပေးခြင်းကို စီမံချက်တစ်ခုအဖြစ် လုပ်ဆောင်နေခြင်းဖြစ်ပြီး ကျေးရွာများအထိပါ လိုက်လံစာရင်း ကောက်ခံမှုအရ မော်လိုက်မြို့နယ်အတွင်း ဘိန်းမည်းသုံးစွဲ (စား/ရှူ) သူဦးရေ ၄၈၄ ဦးရှိပြီး ဘိန်းဖြတ်လိုသူများကို ထပ်မံသုံးစွဲခြင်း မပြုကြောင်း ခံဝန်လက်မှတ်ထိုးကာ ဖြတ်စေကြောင်း၊ လက်ရှိတွင် ဘိန်းဖြတ်လိုသူ ၃၈ ဦးကို ကုသပေးနေကြောင်း အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူထံမှ သိရသည်။
အိန္ဒိယတွင် အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Saturday, September 14, 2013
သောကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
မငြိမ်မသက်မှုများ ရှိနေသော အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အင်အားပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခု သောကြာနေ့ နှောင်းပိုင်းက ဖြစ် ပွားခဲ့ရာ ကျပန်း အလုပ်ကြမ်းသမား ၉ ဦးသေဆုံးပြီး အခြား ၂၁ ဦး ဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့ ယနေ့ ပြောကြားသည်။ သော ကြာနေ့နှောင်းပိုင်းက Manipur ပြည်နယ်မြို့တော် Imphal ဆင်ခြေဖုံးဒေသ၏ လူစည်ကားရာနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ဗုံးကိုယာယီရွက်ဖျင်တဲတစ်ခုအတွင်းတပ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲအားပြင်းထန်ကြောင်း Manipur ရဲတပ်ဖွဲ့အကြီးအကဲ အမ်ကေ ဒက်စ်က AFP သို့ ပြောကြားသည်။

မွေးမြူရေးလုပ်ငန်း ၄၃ ခု ဖက်စပ်လုပ်ကိုင်ရန် တင်ဒါခေါ်
Saturday, September 14, 2013
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပိုင် မွေးမြူရေးခြံနှင့် စက်ရုံများ အပါအဝင် လုပ်ငန်း ၄၃ ခု ကို ဝန်ကြီးဌာနနှင့် အကျိုးတူဖက်စပ် လုပ်ကိုင်ရန်အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို စက်တင်ဘာ ၁၃ ရက်နေ့တွင် တင်ဒါစတင် ခေါ်ယူလျက် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူး ဦးအောင်ဇံထွေးက ပြောကြားသည်။
အကျိုးတူ ဖက်စပ်လုပ်ကိုင်နိုင်သည့် လုပ်ငန်း ၄၃ ခုတွင် ရှမ်းပြည် နယ်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ၃၀၅ ဧက ကျယ်သော ဆီဆိုင် မွေးမြူရေးခြံ၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့ရှိ ၆၆၈ ဧကအကျယ်ရှိ မြိုင် ဆိတ်မွေးမြူရေးခြံ၊ ပဲခူးတိုင်းဒေသကြီးရှိ ၁၂၉ ဧကကျယ်သော ဘုရားကြီးကြက်ခြံ၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ရှိ ၂၀၄ ဧကကျယ်သော ပုသိမ်ကြီး ကြက်ခြံနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ၂၂၉ ဧက ကျယ်သော ရွာသာကြီး ကြက်ခြံတို့ ပါဝင်သည်ဟု ၎င်းကဆိုသည်။

လေယာဉ် ပြန်ပေးမှု ဖြစ်ရပ်မှန် ဇာတ်ကား ကျပ်သိန်း ၃ ထောင်သုံးမည်
Saturday, September 14, 2013
လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ၀န်းကျင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် ပြန်ပေးဆွဲမှုကို ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကူးရာတွင် ထိုင်းနိုင်ငံမှ စက်ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ကျပ်သိန်း ၃ ထောင် အကုန်အကျ ခံသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ပြောသည်။
“မြန်မာ့ရုပ်ရှင်ကို ကမ္ဘာ့ဈေးကွက်အထိ သွားချင်တယ်။ စက်မှု အားကောင်းကောင်းနဲ့ အချိန်ယူပြီး ရိုက်ရမ ယ်။ အရင် ဇာတ်ကားတွေ တုန်းကလည်း နိုင်ငံတကာမှာ စီးပွားရေးဈေးကွက် ထိုးဖောက်ဖို့ ပြမယ်ဆိုပြီး ရိုက် ခဲ့ကြ တယ်။ ဒါပေမယ့် ရုပ်ရှင်ပွဲတော်မှာ ပြပြီး အသံစနစ် လိုက်မမီတော့ ပြန်လာခဲ့ရတယ်။ ကျနော်ကတော့ ဒီကားကို နိုင်ငံတကာမှာ လုပ်တဲ့ နည်းစနစ်အတိုင်း အသံစနစ် ကောင်းအောင် စတူဒီယိုနဲ့ အသံ ပြန်ဖမ်း တာမျိုး လုပ်မယ်” ဟု သူက ပြောသည်။

အသက်အာမခံ စနစ်သစ် ၂၀၁၅ တွင် အသုံးပြုရန်စီစဉ်
Saturday, September 14, 2013
မြန်မာ့ လူ့အဖွဲ့အစည်းနှင့် ကိုက်ညီမည့် ကျန်းမာရေး အာမခံစနစ်ကောင်း တစ်ခုကို ၂၀၁၅ခုနှစ်တွင် ပြည်သူ များအသုံးပြုနိုင်ရန်အတွက် ပညာ ရှင်များနှင့်ပူးပေါင်းကာ ဆောင် ရွက်နေပြီဖြစ်ကြောင်း ဘဏ္ဍာ ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာမောင်မောင်သိမ်းက ပြော ကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိအ သုံးပြုနေသော ကျန်းမာရေးအာ မခံ(အသက်အာမခံ) ပေါ်လစီမှာ နိုင်ငံတကာစံနှုန်းများနှင့် ကိုက် ညီမှုမရှိသည့်အပြင် လူဦးရေ သန်း ခြောက်ဆယ်ခန့်ရှိသော မြန်မာ ပြည် တွင် ကျန်းမာရေးအာမခံ (အသက်အာမခံ)ထားသူမှာ သုံး သိန်းနီးပါးခန့်သာ ရှိပြီး တစ်နိုင်ငံ လုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသော ကြောင့် မူလပေါ်လစီများ ကို အ သစ်ပြန်လည်ရေးဆွဲမည်ဖြစ် ကြောင်း ဒေါက်တာ မောင်မောင် သိမ်းက ပြောကြားလိုက်သည်။

ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း စတင်ရေးဆွဲ
Saturday, September 14, 2013
မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သော အလယ်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး ဆက်လက်ဆောက်ရွက်ရန် ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ ပူးပေါင်းပြီး သြဂုတ်လမှစကာ သင်ရိုးညွှန်းတမ်းများ စတင်ရေးဆွဲနေပြီ ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေးဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွေးက The Voice သို့ ပြောကြားသည်။

၁၅၀၀ တန် သက်တမ်းလွန် ဆင်းမ်ကတ်ပျက်များ ပြန်ထုတ်မပေးတော့ပါ
Saturday, September 14, 2013
ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ်များ သတ် မှတ်ရက်အတွင်း အသုံးပြုခြင်း မရှိသည့်အတွက် ကတ်ပျက်သွား ပါက ပြန်လည်လျှောက်ထား ခွင့် ပြုတော့မည်မဟုတ်ကြောင်း စာ တိုက်နှင့်ဆက်သွယ်ရေးရုံး စာတိုက်ကြီး (ရန်ကုန်)မှ သိရသည်။ ဂျီအက်စ်အမ်နှင့် MEC တံ ဆိပ် CDMA ဆင်းမ်ကတ်များ ကို သတ်မှတ်ထားသည့်စာချုပ်ပါ စည်းကမ်းအတိုင်း ၁၅ရက်အတွင်း ငွေဖြည့်ကတ်ဖြည့်သွင်း၍ အသုံး မပြုခြင်း၊ တစ်လလျှင် ကျပ်၂၅၀၀ ကုန်ဆုံး အောင် အသုံးမပြုခြင်း တို့ကြောင့် ကတ်သက်တမ်းကျော် လွန်သွားပါက ယင်းဆင်းမ်ကတ် ပြန်လည်ထုတ်ပေးတော့မည်မ ဟုတ်ကြောင်း သိရသည်။

အကိုက်အခဲ ပျောက်ဆေး အ သုံးပြု လွန်း သူများ ပိုမိုခေါင်းကိုက်နိုင်
Saturday, September 14, 2013
ခေါင်းတစ်ခြမ်း ကိုက်ဝေဒနာကို ပျောက်ကင်းဖို့ အတွက် အကိုက်အခဲ ပျောက်ဆေး အသုံးပြုလွန်း သူတွေဟာ ပိုမိုခေါင်း ကိုက်နိုင်ကြောင်း ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေး လိုက်ပါတယ်။ ခေါင်းကိုက်တာကို ထိထိရောက်ရောက် ကုသ နိုင်ဖို့ဟာ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို မှန်ကန်စွာသိရှိပြီး သူနဲ့ လိုက်လျောညီထွေတဲ့ ကုသမှုကို ခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဆေးဝါး အသုံးပြုလွန်း တာကြောင့် ခေါင်းကိုက် တာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ ဗြိတိန်နိုင်ငံမှာ နေ့စဉ် အမျိုးသား တစ်သိန်းဟာ အကိုက်အခဲ ပျောက်ဆေး အသုံးလွန် တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဟိုတယ်နှင့် စားသောက်ဆိုင်များ ဆီးဂိမ်းကာလ ဝိုင်ဖိုင်အင်တာနက်ချိတ် လိုလျှင် Red Link ဆောင်ရွက်ပေးမည်
Saturday, September 14, 2013
ဆီးဂိမ်းတွင် ဟိုတယ်နှင့်စားသောက်ဆိုင်များ ဝိုင်ဖိုင်အင်တာနက်ထား ရှိဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးမည်ဟု Red Link ကုမ္ပဏီမှသိရသည်။ ”နိုင်ငံခြားဧည့်တွေအတွက် သတင်းအချက်အလက် ပေးပို့နိုင်ေ အာင် ဆောင်ရွက်ပေးတာပါ။ ဝိုင်ဖိုင်ထားချင်တဲ့ ဟိုတယ်ပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက် ခွင့်ပေးသွားမှာပါ”ဟု Red Link ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ကိုမျိုးမြင့်ညွန့်က ပြောသည်။
ဝိုင်ဖိုင်စနစ် ဆောင်ရွက်ပေးရာတွင် ကုမ္ပဏီမှအစအဆုံး စီစဉ်ဆောင် ရွက်ပေးသွားမည်ဖြစ်ပြီး အင်တာနက်လိုင်း ဝယ်ယူစရာမလိုကြောင်း ၎င်းက ပြောသည်။”ေငြေၾကးေ ကာက္ခံမႈကေတာ့ ရွိမွာပါ။ အဓိကတော့ ကိုယ့်နိုင်ငံကိုလာမယ့် နိုင်ငံခြားသားတွေသွားလာ စားသောက်တည်းခို မယ့်နေရာတွေမှာ အင်တာနက်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်တာပါ”ဟု ၎င်းက ဆက်ပြောသည်။

GSM လိုင်းကတ် အရေအတွက် တိုးရောင်းမည်
Saturday, September 14, 2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဇူလိုင်လမှစတင်ကာ ကျပ် ၁၅၀၀ နှုန်းဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အရေအတွက် ကန့်သတ် ရောင်းချပေးနေသည့် GSM လိုင်းကတ်များကို အရေအတွက် တိုးမြှင့်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ကျပ် ၁၅၀၀ တန် GSM မိုဘိုင်းလ်ဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇူလိုင်လအတွက် လိုင်းကတ် နှစ်သိန်း၊ သြဂုတ်လအတွက် လိုင်းကတ် နှစ်သိန်းတစ်သောင်း ခွဲဝေ ရောင်းချပေးခဲ့ပြီး စက်တင်ဘာလ ခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်းချပေးနိုင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သီတဂူဆရာတော် ဦးဆောင်မှုဖြင့် မလေးရှားရောက် တရားမဝင်မြန်မာ ၁၇၀ ကျော် ပြည်တော်ပြန်
Saturday, September 14, 2013
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသော မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာလုပ်သား ၁၇၃ ဦးကို MAI စင်းလုံးငှား လေယာဉ်ဖြင့် စက်တင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ခေါ်လာကြောင်း အဆိုပါ လုပ်သားများက ပြောကြားသည်။
အဆိုပါ လုပ်သားများကို သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား) နှင့် ကမ္ဘောဇဘဏ် လီမိတက်တို့ ပူးပေါင်း လှူဒါန်းမှုဖြင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဉာဏိဿရ ကိုယ်တိုင်ဦးဆောင်ကာ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့ သတ်မှတ်မည့် အစီအစဉ် ဖျက်သိမ်း
Saturday, September 14, 2013
အများသုံးယာဉ်စနစ် မကောင်းသော မြန်မာနိုင်ငံ၌ ကိုယ်ပိုင် မော်တော်ယာဉ်များ
မသုံးရနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ်မည့်
အစီအစဉ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း
မထသ (ဗဟို) ပညာပေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသောင်းမြင့်က စက်တင်ဘာ ၁၃ ရက်
မွန်းလွဲပိုင်းက The Daily Eleven သို့ ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို
ရန်ကုန်မြို့၌ ကိုယ်ပိုင်မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ်
ပြည်သူအများက ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာပြီးနောက် အဆိုပါအစီအစဉ်ကို
ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Friday, September 13, 2013
မြန်မာပြည်တွင် စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း
Friday, September 13, 2013
မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲအချို့  ကို တင်ပြပေးလိုက် ရပါတယ်။
ကူညီထောက်ပံ့မည့်သူ မရှိခြင်း
ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံသူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ ဘဏ်တွေဆီ တိုက်ရိုက်သွားပြီး ရှင်းပြတဲ့အခါ အကြောင်းအချက်ခိုင်လုံ ရင် ငွေထုတ်ချေး ပါတယ်။ မြန်မာပြည်မှာလည်း မချေးဘူး မဟုတ်ဘူး။ ချေးပါတယ်။ အစိုးရဘဏ်မှ ငွေတိုးနဲ့ချေးနိုင်ပေမယ့် အဲ့ဒီလို ချေးနိုင်ဖို့ အတွက် အိမ်ဂရန် အပေါင်ထားတာတို့၊ ဟိုလူကပ်၊ ဒီလူကပ် လုပ်ရတာတို့၊ လမ်းကြောင်းရှာရတာတို့ အစရှိသဖြင့် အခက်အခဲ များစွာကြောင့် ကိုယ်တိုင်လည်း အရင်းမထုတ်နိုင်၊ အရင်းထုတ်နိုင် သူကိုလည်း ရှာမတွေ့ ၊ ဘယ်ကနေမှ လည်း ငွေချေး မရနဲ့ နောက်ဆုံးတော့ ဘာမှမလုပ်တော့ပဲ နေလိုက်ကြ ပါတယ်။

ကမာရွတ် လှည်းတန်းတွင် ကား ၃၀ ကျော်၏ ဘီးများတစ်ပြိုင်နက်လေလျှော့ခံရ
Friday, September 13, 2013
ရန်ကုန် ၊ ဇူလိုင် (၁၂)။ ။ ရန်ကုန် တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်း ရှောက်ပင်ခြံ(၈)ရပ် ကွက်အတွင်းရှိ မင်္ဂလာလမ်း၊ မ ဟာဆိုရှယ်လမ်း၊ အဝေယျာ လမ်း၊ ရတနာလမ်း၊ မဟာဘောဂ လမ်း၊ မာလာလမ်းနှင့် လှည်းတန်း လမ်းမ အပါအဝင် ဦးထွန်းလင်းခြံ လမ်းတို့ရှိ လူနေရပ်ကွက် တိုက် တန်းများရှေ့တွင် ညပိုင်းရပ်နား ထားသော မော်တော် ယာဉ်အစီး ရေ ၃ဝကျော်ခန့်၏ ကားဘီးများ ကို နံနက် ၁နာရီမှ ၃နာရီခန့် အ တော အတွင်း လူတစ်ဦး သို့မဟုတ် လူအုပ်စု တစ်စုတို့ က ချွန်ထက် သော ပစ္စည်းများဖြင့် ရည်ရွယ်ချက် ရှိရှိလိုက်လံ ထိုးဖောက်၍ လေ လျှော့ထားခဲ့ကြောင်း ထိုရပ်ကွက် နေ ကားပိုင်ရှင်များထံမှ သိရသည်။

ပိုလန်နိုင်ငံနည်းတူ လျှောက်လှမ်းဖို့ ဒေါ်စုမျှော်မှန်း
Friday, September 13, 2013
ပိုလန်နိုင်ငံမှာ အာဏာရှင်အုပ်ချုပ်ရေးစနစ် ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်သွားခဲ့တဲ့အပေါ် အားကျခဲ့ ရကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလမ်းကြောင်းကို လိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပိုလန်နိုင်ငံ ကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပိုလန်ဒီမိုကရေစီခေါင်းဆောင် Lech Walesa (လက်ခ် ဗာဝင်ဆာ)ကို ပြောကြားခဲ့ပါတယ်။ ပိုလန်ဒီမိုကရေစီအပြောင်းအလဲကို ရှေ့ဆောင်ခဲ့သူ Lech Walesa ဟာ ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဖြစ်ခဲ့ပါတယ်။ မိမိတို့မအောင်မြင်ခင် အကြိမ် ကြိမ် ရှုံးနိမ့်ခဲ့ဖူးကြောင်း၊ မြန်မာနိုင် ငံနဲ့အခြေအနေ အတူတူပဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအောင်မြင်လိမ့်မယ် လို့ အကောင်းမြင်ကြောင်း Lech Walesa ပြောပါတယ်။

ကိုယ်ဝန်တုဖြင့် မူးယစ်ဆေးမှောင်ခိုကူးသူဖမ်းမိ
Friday, September 13, 2013
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တိုရွန်တိုသို့ လေကြောင်းလိုင်းဖြင့် သွားရောက် ရန်ကြိုးစားနေသောကိုယ်ဝန်တုဖြင့် ကိုကင်းမူးယစ်ဆေးဝါး သယ်ဆောင်သူ ကနေဒီယန်အမျိုး သမီးတစ်ဦး အား ဖမ်းဆီးမိသည်ဟု ကိုလံဘီယာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ပြောကြားကြောင်း ဘီဘီစီသတင်းတွင် စက်တင်ဘာ ၁၂ ရက်က ဖော်ပြထားသည်။
အဆိုပါ ကနေဒီယန်အမျိုးသမီးသည်ကိုလံဘီယာနိုင်ငံထဲသို့သြဂုတ်လဆန်းပိုင်းက ရောက်လာခဲ့ခြင်းဖြစ်ပြီး ဖမ်းမိချိန်၌တိုရွန်တိုသို့ပြန်မည့်ခရီး၌ဖြစ်သည်။စစ်ဆေးရေးရဲမေတစ်ဦးကကိုယ်ဝန်ရှိတာဘယ်လောက်ကြာပြီ လဲဟူသောအမေးကို ၄င်းအမျိုးသမီးက မနှစ်မြို့သည့် အမူအရာပြသဖြင့် သင်္ကာမကင်းဖြစ်လာရသည်ဟု သိရသည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးကို ပြန်လည်စုစည်းနိုင်သူဟု တယ်ရီချီးကျူး
Friday, September 13, 2013
ဝါရင့်အင်္ဂလန်ဗဟိုနောက်ခံကစားသမားက ချယ်လ်ဆီးတွင် အောင်မြင်မှုများ ရယူပေးခဲ့ဖူးသည့် ပေါ်တူဂီ သားမန်နေဂျာစတမ်းဖို့ဒ်ဘရစ်ဂ်ျသို့တစ်ကျော့ပြန်ရောက်ရှိလာခြင်းသည် အသင်းသားများအတွက် ကောင်း ကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟုလည်း မှတ်ချက်ပြုခဲ့ဟိုဆေးမော်ရင်ဟိုသည် အသင်းကိုစုစည်းကျစ် လစ်အောင် စွမ်းဆောင်ပေးနိုင်သူဟု ချယ်လ်ဆီး အသင်းခေါင်းဆောင် ဂျွန်တယ်ရီက ချီးကျူး ပြောကြား လိုက်သည်။ ဝါရင့် အင်္ဂလန် ဗဟိုနောက်ခံ ကစားသမားက ချယ်လ်ဆီးတွင် အောင်မြင်မှုများ ရယူပေးခဲ့ ဖူးသည့် ပေါ်တူဂီသား မန်နေဂျာ စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ တစ်ကျော့ပြန် ရောက်ရှိလာခြင်းသည် အသင်းသား များအတွက် ကောင်းကျိုး ဖြစ်ထွန်းစေလိမ့်မည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ တယ်ရီသည် ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီး မန်နေဂျာဟောင်း ရာဖာ ဘင်နီတက်ဇ် လက်အောက်တွင် ပွဲထွက်နေရာ ပျောက် ခဲ့သော်လည်း မော်ရင်ဟို ပြန်ရောက်လာချိန်တွင် အဓိက ဦးစားပေး ကစားသမား ပြန်ဖြစ်လာသည်။

Victoria's Secret ၏ Catwalk မော်ဒယ်လ်များတွင် မီရန်ဒါကားရ် မပါဝင်
Friday, September 13, 2013
နာမည်ကျော် အမျိုးသမီး အတွင်းခံ အဝတ်အထည် လုပ်ငန်းကြီးက ရွေး ချယ်သော Victoria's Secret နတ်မိမယ်များသည် ကမ္ဘာပေါ်တွင် အလှဆုံး မော်ဒယ်လ်များ အဖြစ်လည်း တင်စားခံရလေ့ ရှိသည်။
Victoria'sSecretသည်ယခုနှစ်အတွက်အမှတ်တံဆိပ်ကြော်ငြာကာCatwalk လျှောက်ပေးမည့် မော်ဒယ်လ် များ စာရင်းကို အတည်ပြု ထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။

ဆိုးလ်မြို့တွင် ဆောက်လုပ်မည့် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်မျှော်စင်
Friday, September 13, 2013
ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက် လုပ်သွားရန် တောင်ကိုရီးယား အစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည် ဖြစ်သည်။ကမ္ဘာ့နိုင်ငံကြီးအများအပြားတွင် အမြင့်ဆုံးမျှော်စင် အဆောက်အအုံကြီးများကို အပြိုင်အဆိုင်ကြိုးစား ဆောက်လုပ်နေသော် လည်း တောင်ကို ရီးယားကမူ တစ်မျိုးတစ်ဘာသာ ထူးခြားသည့် ဗိသုကာလက်ရာတစ်ခုကို ခွဲထွက်ဖန်တီးရန်ရွေးချယ်လိုက်သည်။ ယခု အခါ ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်မျှော်စင်ကို ဆောက်လုပ်သွားရန် တောင်ကိုရီး ယားအစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန်အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက် သွားမည် ဖြစ်သည်။ ဖန်သားမျက်နှာပြင်ဖြင့် အဓိက ဖုံးအုပ်ထားမည့် Tower Infinity အဆောက်အအုံသည် အမြင့် (၁၄၇၆)ပေ ရှိမည်ဟု ဆိုသည်။ Tower Infinity၏ ရှုခင်းမျှော်ကြည့်ရာနေရာသည် ကမ္ဘာပေါ်တွင် တတိယအမြင့်ဆုံးအဖြစ် စာရင်းဝင်လာမည်ဟုလည်း သိရှိရ သည်။

Thursday, September 12, 2013
တရားမဝင် မြန်မာလုပ်သားများ မလေးရှား အထောက်အထား ထုတ်ပေးမည်
Thursday, September 12, 2013
မလေးရှားနိုင်ငံရောက် တရားမဝင် မြန်မာအလုပ်သမားများကို မြန်မာသံရုံး တွင် One Stop Service စင်တာဖွင့်လှစ်ကာ အထောက်အထား ထုတ်ပေးရန် နှစ်နိုင်ငံအစိုးရ သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း မလေးရှားနိုင်ငံ သတင်းစာ The Star တွင် စက်တင်ဘာလ ၁၁ ရက်နေ့က ဖော်ပြသည်။
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အရေးကို ဖြေရှင်းရန် ရောက်ရှိနေသည့် အထူးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi တို့ စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ဆုံစဉ် ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

စိန်ကမ္ဘာအထည်ချုပ်စက်ရုံ ခေတ္တပိတ်လို့ အလုပ်သမားတွေ စိုးရိမ်
Thursday, September 12, 2013
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက စိန်ကမ္ဘာအထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်မရခြင်း၊ အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဘက် သဘောတူစာချုပ်ပါ အချက်တွေ ကို ကျေနပ်မှု မရှိတာရယ်၊ ဆန္ဒပြမှုတွေ ပေါ်လာတိုင်း သဘောတူထားတဲ့ အချက်တွေကို အလုပ်ရှင်ဘက် က ချိုးဖောက်မှုတွေ လုပ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အလုပ်သမား ၅၀၀ ကျော်ဟာ ဆန္ဒပြ မှုတွေဖြစ်ခဲ့ပြီး၊ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းမှာပဲ သဘောတူညီချက် ရသွားခဲ့ပါတယ်။ သဘော တူညီချက် ရပြီးတဲ့နောက် ၁၁ ရက်နေ့မှာတော့ အလုပ်ရှင်ဘက်က အလုပ်ကို ပိတ်ထားကြောင်း၊ ရက်အကန့်အသတ်မရှိတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုတွေလည်း အလုပ်သမားတွေကြားမှာ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေး ပို့ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား လွှတ်တော် အဆောက်အအုံ၌ ကျင်းပမည်
Thursday, September 12, 2013
မြန်မာနိုင်ငံ၌ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ စာတမ်းဖတ်ကြားမည့်သူ တစ်ဦးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦး တက်ရောက်ရန် နိုင်ငံရေးပါတီများသို့ ဖိတ်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
"နိုင်ငံတကာ ဒီမိုကရေစီနေ့ကို လွှတ်တော်က ကျင်းပဖို့အတွက် ကော်မတီဖွဲ့ပြီး ကျွန်တော်တို့ကို အခမ်းအနား တက်ရောက်ဖို့အတွက် ဖိတ်ကြားထားပါတယ်။ စာတမ်းလည်း ဖတ်ကြားပါမယ်။ စာတမ်းအနှစ်ချုပ်ကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကို တင်သွင်းမှာပါ" ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ပိုလန်သမ္မတ အပါအ၀င် နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံခဲ့
Thursday, September 12, 2013
ဥရောပသုံးနိုင်ငံခရီးစဉ်အတွင်း ပထမဆုံးခရီးစဉ်အဖြစ် ပိုလန်နိုင်ငံဝါဆောမြို့သို့ ရောက်ရှိနေသော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် (မြန်မာစံတော်ချိန် စက်တာဘာ ၁၁ ရက် ည ၁၁း၃၀ နာရီ ခန့်က စတင်ကာ) ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံပြီးနောက် ပိုလန်သမ္မတ Bronislaw Komorowskim၊ ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့နှင့် တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်က ပိုလန်နိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပြီး ယခုခရီးစဉ်သည် သမိုင်းဝင် ခရီးစဉ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၁ ရက်တွင် ပိုလန်နိုင်ငံမြို့တော် ၀ါဆောတွင် ပိုလန်နိုင်ငံ သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံပြီး ၀ါဆောတက္ကသိုလ်တွင် ဟောပြောပို့ချရန် စီစဉ်ထားကြောင်း သိရသည်။ ပိုလန်နိုင်ငံသမ္မတဟောင်းနှ င့် နိုဗယ်ဆုရှင် တစ်ဦးဖြစ်သူ Lech Walesa၊ ပိုလန်အောက်လွှတ်တော် ဥက္ကဋ္ဌ Ewa Kopacz တို့၏ ဖိတ်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဆီးရီးယားအရေး သံတမန်နည်းအရ ဖြေရှင်းဖို့ အိုဘားမားထောက်ခံ
Thursday, September 12, 2013
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လက ဓာတုလက်နက်သုံး တိုက်ခိုက်မှုပြဿနာကို ဖြေရှင်းဖို့ သံတမန်ရေးနည်းနဲ့ အားထုတ်မှုသစ်အပေါ်မှာ သူ့အနေနဲ့ အားတက်တယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားကြောင့် အမေရိကန်တို့ စောင့်ထိန်းတဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ လုံခြုံရေးပိုင်းမှာ ထိခိုက်နိုင်တဲ့ အန္တရာယ် ကျရောက်နေတယ်လို့ အင်္ဂါနေ့ညတုန်းက အမေရိကန်ပြည်သူတွေကို ရုပ်မြင်သံကြားကနေ ပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတ အိုဘားမား က ပြောခဲ့ပါ တယ်။ စစ်ရေးအရအကန့်အသတ်နဲ့ အရေးယူဖို့အတွက် ထောက်ခံ မခံဆိုတာကို လွှတ်တော်မှာ နောက်ကျ ရင် မဲခွဲဖို့ လိုအပ်ဆဲဖြစ်တယ်လို့ သမ္မတ အိုဘားမား ပြောခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်လို့ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေသတင်းထောက် Dan Robinson က သတင်းပို့ပါတယ်။ မစုမြတ်မွန်က အပြည့်အစုံကို တင်ပြထား ပါတယ်။

Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-