Tuesday, February 26, 2013

နိုင်ငံ့ဝန်ထမ်းများအား လာမည့် ဘဏ္ဍာနှစ်အတွင်း လစာ တိုးပေးနိုင်ရေး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပသမဂ္ဂအဖွဲ့ဝင် ငါးနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ

Monday, February 25, 2013

ပဉ္စမ အကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ရထား ဆွဲပွဲ ကျင်းပ

 
ယမန်နေ့ ညနေ ၅ နာရီက ပဉ္စမ အကြိမ်မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာ ရထားဆွဲ ပွဲတော်ကို စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပရာ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင် တင်နှင့် ဇနီး၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စစ်တွေ ခရိုင်နှင့် မြို့နယ် အုပ်ချုပ် ရေးမှူးများ၊ ပွဲတော် ကျင်းပရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့သူ မြို့သားများ တက်ရောက်ကြသည်။

ချင်းမိုင်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ဈာပနကျင်းပတော့မည်

Photo: ချင်းမိုင်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ဈာပနကျင်းပတော့မည်
Monday, February 25, 2013 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က မြန်မာဘုန်းတော်ကြီးကျောင်းတခုဖြစ်တဲ့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတောင်ကြီးကျောင်းရဲ့ ကျောင်းထိုင်
ဆရာတော်  အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တဥူး အာသဘ ဟာ ယမန်နှစ်က ပျံလွန်တော်မှုခဲ့ရာ ဆရာတော်၏ ဈာပန အခမ်းအနားကို ကျင်းပရန်အတွက်ကျင်းပရေး ကော်မတီ က အခုလို ဖိတ်ကြားထားပါတယ်။ 

သို့  

ရပ်ဝေးရပ်နီးမှ၊ မိတ်ဆွေများ 

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်းမြန်မာဘုန်းတော်ကြီးကျောင်း၌ ၂၀၁၁ ခုနှစ်က ပျံလွန်တော်မူခဲ့ သည့် မြန်မာ လူမျိုးကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တဥူး အာသဘ မဟာထေမြတ် ၏ အန္တိမ ဈာပနပွဲသို့ ၂၀၁၃ခုနှစ် မတ်လ (၈,၉,၁၀)ရက်တွင် မြန်မာ့ယဉ်ကျေးမှု ထုံးစံများဖြင့် ခန်းနားစွာကျင်းပမည်ဖြစ်ပါ၍ မြန်မာနိုင်ငံသူနိုင်ငံသားများ လာရောက်ကူညီအားပေး လှူဒါန်းနိုင်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 

အန္တိမ ဈာပန ကျင်းပရေးကော်မတီအဖွဲ့  

ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက် 

ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ 

အိမ့်သံစဉ်
ဧရာဝတီထိုင်းနိုင်ငံချင်းမိုင်မြို့ကမြန်မာဘုန်းတော်ကြီးကျောင်းတခုဖြစ်တဲ့ဝပ်ဆိုင်း မွန်း မြန်မာဘုန်းတောင်ကြီးကျောင်းရဲ့ ကျောင်းထိုင် ဆရာတော် အဂ္ဂ မဟာသဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တဥူး အာသဘ ဟာ ယမန်နှစ်က ပျံလွန်တော်မှုခဲ့ရာ ဆရာတော်၏ ဈာပန အခမ်းအနားကို ကျင်းပ ရန်အတွက်ကျင်းပရေး ကော်မတီ က အခုလို ဖိတ်ကြားထား ပါတယ်။

အမေရိကန်-မြန်မာ ကုန်သည်များအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အဖြစ် တွေ့ဆုံ

Photo: အမေရိကန်-မြန်မာ ကုန်သည်များအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု
အဖြစ် တွေ့ဆုံ
Monday, February 25, 2013 

အမေရိကန်-မြန်မာ ကုန်သည်/စက်မှု အသင်းချုပ်တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အမေရိကန်မှ ရေနံကုမ္ပဏီများ ၊အခြား နာမည်ကျော် ကုမ္ပဏီ များနှင့်မြန်မာနိင်ငံမှလုပ်ငန်းရှင် ၁ဝဝ ကျော် တို့ယနေ့နံနက်က UMFCCIတွင် တွေ့ဆုံနေသည်ဟု ကုန်သည်/ စက်မှုအသင်းချုပ်မှ သိရသည်။

ပြည်တွင်း/ပြည်ပ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက မြန်မာ့ စီးပွားရေးတိုးတက်စေမည့် ရလဒ် ကောင်းများ ထွက်ရှိလာနိုင်ကြောင်း သုံးသပ်သည်။

''ဒါက စီးပွားရေးအင်အား ကြီးနိုင်ငံတစ်နိုင်ငံက လာပြီး အသိ အမှတ်ပြုတဲ့ပွဲပါ။ ရိုးရိုးတောင် မ ဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်ကြ မယ့်အထိ လုပ်တဲ့ပွဲဆိုတော့ သူ တို့ဆီကပဲလာလာ၊ ကိုယ်တွေနဲ့ပဲ ပူးပေါင်းပူးပေါင်း ကောင်းတာချည်း ပဲ''ဟု ၄င်းကဆိုသည်။

၁၉၈၈-၈၉ မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေပြဋ္ဌာန်းပြီး နောက် အမေရိကန်၏ လာရောက် ရင်းနှီးမြှုပ်နှံမှုမှာ အနည်းငယ်ရှိခဲ့ ဖူးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ထံမှ သိရသည်။
အမေရိကန်စီးပွားရေး လုပ် ငန်းရှင်များ လာရောက်ရာတွင် 
အစားအသောက် ထုတ်လုပ်ရေး ကုမ္ပဏီKFC အပါအဝင် ကုမ္ပဏီ အချို့ကပါ နိုင်ငံတွင်းရင်းနှီးမြှုပ် နှံရန် လေ့လာသူများအဖြစ် 
ပါဝင်သည်ဟု သိရသည်။

PN-051
Popular Myanmar News Journalအမေရိကန်-မြန်မာ ကုန်သည်/စက်မှု အသင်းချုပ်တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် အမေရိကန်မှ ရေနံကုမ္ပဏီများ ၊အခြား နာမည်ကျော် ကုမ္ပဏီ များနှင့်မြန်မာနိင်ငံမှလုပ်ငန်းရှင် ၁ဝဝ ကျော် တို့ယနေ့နံနက်က UMFCCIတွင် တွေ့ဆုံနေသည်ဟု ကုန်သည်/ စက်မှုအသင်းချုပ်မှ သိရသည်။
ပြည်တွင်း/ပြည်ပ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက မြန်မာ့ စီးပွားရေးတိုးတက်စေမည့် ရလဒ် ကောင်းများ ထွက်ရှိလာနိုင်ကြောင်း သုံးသပ်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး

Photo: ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ်တာဝန်ပေး
Monday, February 25, 2013 

ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်းစား ပြည်ထောင်စု တရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ် တာဝန်ပေး အပ်ကြောင်းပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌမှ အမည်စာရင်းတင်သွင်းသည့် ဦးမြငြိမ်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌအဖြစ် အတည်ပြုကြေညာ ခဲ့ခြင်းဖြစ်သည်။


ဓာတ်ပုံ - ယခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)

ဗညားဦး၊မောင်ပိုင် (နေပြည်တော်)
Yangon Media Groupဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံးရုံးဥက္ကဋ္ဌ အဖြစ် အငြိမ်း စား ပြည်ထောင်စု တရား လွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ် ဦးမြငြိမ်း အားခန့်အပ် တာဝန်ပေး အပ်ကြောင်းပြည်ထောင်စု လွှတ်တော်က အ တည်ပြုလိုက်သည်။
ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန် ပစ္စည်းကန့်သတ်ထား

Photo: ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌ ပြင်ပဈေးသည်များကို ရောင်းကုန်
ပစ္စည်းကန့်သတ်ထား
Monday, February 25, 2013 

ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ
တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစားများ
ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက်ကုန်
ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ်ထားသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း အဆိုပါဈေးသည်များထံက သိရသည်။

၁၁၅ မိုင် ယာဉ်ရပ်နားစခန်းသည် ခရီးသည်တင် ယာဉ်ဖြစ်စေ၊ 
ကိုယ်ပိုင်ယာဉ်ဖြစ်စေမရပ်မဖြစ်ရပ်နား ရလေ့ရှိသည်။ ယာဉ်ရပ်နား
စခန်း   တစ်ခုဖြစ်ကြောင်း သိရသည်။

၁၁၅ မိုင်ယာဉ်ရပ်နားစခန်း  ရှိဈေးသည်အများစုကပြောကြား  ရာတွင် “ဒီနေရာမှာ အစ်မတို့ ဈေးရောင်းတာသိပ်မကြာသေးပါ ဘူး။ ဒီနေရာမှ အစတုန်းကဈေး သည်တွေ ရောင်းလို့မရဘူး။ အခုရောင်းလို့ရတာလည်း သိပ် မကြာသေးဘူး။ အခုလိုဒီနေရာ မှာ ဈေးရောင်းရဖို့ကလည်း သိပ်မလွယ်ဘူးအထက်အဆင့်ဆင့်ကို တင်ပြရတယ်။ အခုရောင်းရပြန်
တော့လည်း ကန့်သတ်ချက်နဲ့ သူတို့ဆိုင်ကြီးတွေမှာရှိတဲ့ အစား အသောက်တွေဆိုရင် အစ်မတို့ ဈေးဆိုင်ငယ်တွေက မရောင်းရဘူး
ရောင်းတာတွေရင်မလွယ်ဘူး။ သူတို့ဈေးဆိုင်ကြီးတွေက အစ်မတို့ ဆိုင်ငယ်တွေဆိုရင် ဟိုဟာ မရောင်းရဒါမရောင်းရနဲ့ ကန့်သတ် ထားတယ်။ သူတို့ဆိုင်ကြီးတွေက  ထမင်းရောင်းတယ်ဆိုရင် အစ်မ တို့ဆိုင်ငယ်တွေက ထမင်းမရောင်း ရဘူး။ ဒီလိုပဲအခြားဟာတွေကို လည်း ဟိုဟာမရောင်းရ
ဒီဟာ မရောင်းရဟိုမတင်ရဒီဟာမတင်ရနဲ့  သူတို့ကပိတ်ပင်ထားတယ်”ဟု
ပြောကြားခဲ့သည်။

အဆိုပါဈေးဆိုင်ငယ်များ သည် အစားအသောက်များထဲမှ လက်သုပ်စုံနှင့် မုန်ဟင်းခါးနှစ်မျိုး ထဲကိုသာရောင်းချခွင့်ရပြီး ထမင်း  နှင့် အခြားသော
အစားအသောက်များအား လုံးဝရောင်းချခွင့်မရကြောင်း ၎င်းတို့ကပြောသည်။

ထမင်းဟင်းကဲ့သို့သောတန်ဖိုး ကြီးအစားအစာများကို ဆိုင်ကြီး များတွင်သာတန်ဖိုးကြီးပေးဝယ် စားရသဖြင့် ငွေကြေးမပြည့်စုံသော ခရီးသွားများအတွက် အခက်အခဲ ရှိကြောင်း ခရီးသွားအချို့ကပြောသည်။

ဖြိုးအောင်
ွှThe Hot Newsရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၏ အထင်ကရနေရာ
တစ်ခုဖြစ်သော ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း၌အခြေခံ လူတန်းစားများ
ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ငယ်များ အား စားသောက်ကုန်
ပစ္စည်းများ ရောင်းချခွင့်ကို ကန့်သတ်မှုများ ပြုလုပ်ထားသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း အဆိုပါဈေးသည်များထံက သိရသည်။

ထိုင်းနိုင်ငံ အစိုးရမှ လှူဒါန်းသော မီးစက် ပစ္စည်းများ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်

Photo: ထိုင်းနိုင်ငံ အစိုးရမှ လှူဒါန်းသော မီးစက် ပစ္စည်းများ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်
Monday, February 25, 2013 

ထိုင်းနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ လှူဒါန်းသော မီးစက်တစ်လုံး
လျှင် 120 MW ထွက်ရှိသည့် မီးစက် နှစ်စုံမှ ပထမ အစုံသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၉ ရက်က စတင် ရောက်ရှိသည်။

ရောက်ရှိလာသည့် ပထမ အစုံ မီးစက်တွင် ပစ္စည်း အရေအတွက် စုစုပေါင်း ၆ဝဝ နီးပါးခန့် ပါရှိလာပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်၍ ယမန်နေ့ အထိ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်ခဲ့သည်။ ထိုသို့ သယ်ဆောင်
ရာတွင် ယာဉ်ကြော ရှင်းလင်းသည့် အချိန်ဖြစ်သော ည ၉ နာရီ
နောက်ပိုင်းတွင် သယ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၎င်းဓာတ်အားပေး စက်များ သယ်ယူ ပို့ဆောင်မှု အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ မြန်မာ့လျှပ်စစ် ဓာတ်အားပေး လုပ်ငန်း၊ ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြန်မာ့ မီးရထား၊ မြန်မာ့ ဆက်သွယ်ရေး၊ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့၊ ဗိုလ်အောင်ကျော် ဆိပ်ခံတံတား၊ Asia World ထီးတန်းဆိပ်ခံ တံတားတို့၏ ပံ့ပိုး ကူညီမှုဖြင့် အင်ကြင်း ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်၊ 
The Freight နှင့် Silamas တို့က တာဝန် ယူကာ သယ်ယူ ပို့ဆောင်မည် ဖြစ်သည်။ 

အဆိုပါ မီးစက်နှစ်စုံ တပ်ဆင် ပြီးပါက ရန်ကုန်မြို့ နေပြည်သူများ အသုံးပြုရန် လိုအပ်သည့် လျှပ်စစ် ဓာတ်အားကို တိုးမြှင့်ဖြည့် ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြ၀တီထိုင်းနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ လှူဒါန်းသော မီးစက်တစ်လုံး
လျှင် 120 MW ထွက်ရှိသည့် မီးစက် နှစ်စုံမှ ပထမ အစုံ သည် မြန်မာနိုင် ငံ ရန်ကုန်မြို့ ဆိပ်ကမ်း သို့ ဖေဖော်ဝါရီ ၉ ရက်က စတင် ရောက်ရှိသည်။
ရောက်ရှိလာသည့် ပထမ အစုံ မီးစက်တွင် ပစ္စည်း အရေအတွက် စုစုပေါင်း ၆ဝဝ နီးပါးခန့် ပါရှိလာပြီး ဖေဖော်ဝါရီ ၁၁ ရက်မှ စတင်၍ ယမန်နေ့ အထိ ရွာမ ဓာတ်အားပေး စက်ရုံသို့ သယ်ဆောင်ခဲ့သည်။

ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ပစ်ချ

Photo: ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်း အီရန် ပစ်ချ
Monday, February 25, 2013 

အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့ (IRGC) သည် နိုင်ငံ တောင်ပိုင်းတွင် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ်စဉ်
ပြည်ပ မောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချ၍ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်း ဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။

IRGC ၏ အီလက်ထရွန်နစ် တပ်ဖွဲ့ဝင် များသည် နိုင်ငံတောင်ပိုင်း ပိုင်နက် အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း နေသော ပြည်ပ မောင်းသူမဲ့ လေယာဉ်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ကြီး ဟာမစ် ဆာခေလီ၏ ပြောကြားချက်ကို ကိုးကား၍ IRNA သတင်း ဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

IRGC မှ ကျွမ်းကျင် ပညာရှင် များသည် အဆိုပါ မောင်းသူမဲ့
လေယာဉ်၏ လေကြောင်း သွားလာမှု စနစ်ကို ထိန်းချုပ်ပြီးနောက် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရာ ဆာကျန်မြို့ အနီးတွင် ပစ်ချခဲ့ခြင်း
ဖြစ်ကြောင်းနှင့် စစ်ရေး လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင် ပြုလုပ်ခဲ့ကြောင်း ဆာခေလီက ပြောကြား ခဲ့သည်။

http://bit.ly/XzWqcb
မြ၀တီ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့ (IRGC) သည် နိုင် ငံ တောင်ပိုင်းတွင်စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို ပြုလုပ် စဉ် ပြည် ပ မောင်း သူ မဲ့ လေယာဉ် တစ်စင်းကို ပစ်ချ၍ ဖမ်းဆီးခဲ့ကြောင်း နိုင်ငံ ပိုင် IRNA သတင်း ဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန် ခဲ့သည်။
IRGC ၏ အီလက်ထရွန်နစ် တပ်ဖွဲ့ဝင် များသည် နိုင်ငံတောင်ပိုင်း ပိုင်နက် အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း နေသော ပြည် ပ မောင်းသူ

အမေရိကန် လေလံဈေးကွက်အတွင်း ရောက်ရှိနေသော ပုဂံကျောက်ဂူဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား အမျိုးသားပြတိုက်သို့ ပြန်လည်လွဲပြောင်းပေးအပ်

Photo: အမေရိကန် လေလံဈေးကွက်အတွင်း ရောက်ရှိနေသော ပုဂံကျောက်ဂူဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား 
အမျိုးသားပြတိုက်သို့ ပြန်လည်လွဲပြောင်းပေးအပ် 
Monday, February 25, 2013 

အမေရိကန် လေလံဈေးကွက် အတွင်းရောက်ရှိခဲ့သည့် ပုဂံကျောက်ဂူ ဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား Northern Illinois University (NIU) မှ Associate Professor ဒေါက်တာကတ်သရင်း ရေမွန်မှ အမျိုးသား
ပြတိုက်သို့ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရားမှ မတ်ရပ်ဗုဒ္ဓ ဆင်းတုတော် ပြန်လည် လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ ၄ နာရီက ရန်ကုန်မြို့ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသား ပြတိုက် အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ မတ်တပ်ရပ် ဗုဒ္ဓဆင်းတုတော်သည် ပုဂံမြို့ ကျောက်ဂူဥမင်ဘုရားမှ ၁၁ ရာစု သဲကျောက်မတ်ရပ် ဗုဒ္ဓဆင်းတုတော်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင်
ခြေထောက်ဖြတ် ခိုးယူခြင်းခံရကာအမေရိကန် လေလံဈေးကွက်တွင်
ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဗုဒ္ဓဆင်းတုတော် အောက်ပိုင်းက ဒီနေ့မနက်မှ ပုဂံကနေ ရောက်တာပါ။
အောက်ခြေပိုင်းကို ပုဂံမှာရှိတဲ့ ရှေးဟောင်းသုတေသန ဌာနမှာ ထားတာပါ။ အခုတော့ ဆင်းတုတော် နှစ်ပိုင်းလုံးကို အမျိုးသားပြတိုက်၊ ခေတ်
အဆက်ဆက် ဗုဒ္ဓဆင်းတုတော်များ ပြခန်းများ ပြသထားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားပြတိုက်မှ ညွှန်ကြားရေးမှူး ဦးသောင်းဝင်းက ပြောပါသည်။

NIU မှ Professor Cooler, ဒေါက်တာကတ်သရင်းရေမွန်၊ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ၁၉၇၀ ပြည့်နှစ် ယူနက်စကို သဘောတူညီမှု
ဘောင်အတွင်းမှ သံတမန် နည်းလမ်း အဆင့်ဆင့်ဖြင့် ကြိုးပမ်းမှုတို့ကြောင့်
မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group အမေရိကန် လေလံဈေးကွက် အတွင်းရောက်ရှိခဲ့သည့် ပုဂံကျောက်ဂူ ဥမင်ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား Northern Illinois University (NIU) မှ Associate Professor ဒေါက်တာကတ်သရင်း ရေမွန်မှ အမျိုးသားပြတိုက် သို့ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရားမှ မတ်ရပ်ဗုဒ္ဓ ဆင်းတုတော် ပြန်လည် လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ၄နာရီကရန်ကုန်မြို့ ရှးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသား ပြတိုက် အစည်းအဝေး ခန်းမ၌

အင်္ဂလန် Capital One Cup ဆွမ်ဆီးစီးတီး ဆွတ်ခူးရရှိ

Photo: အင်္ဂလန် Capital One Cup ဆွမ်ဆီးစီးတီး ဆွတ်ခူးရရှိ
Monday, February 25, 2013 

၂၀၁၂-၂၀၁၃ အင်္ဂလန်ဘောလုံးရာသီ၏ Capital One Cup နောက်ဆုံး ဗိုလ်လုပွဲဖြစ် ဘရက်ဖို့ဒ်နှင့် ဆွမ်ဆီးစီးတီး အသင်းတို့ တနင်္ဂနွေညက ဝင်ဘလေ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဆွမ်ဆီးက ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး Capital One ဆုဖလားကို ရရှိသွားသည်။

အင်္ဂလန် Captial One Cup ဗိုလ်လုပွဲစဉ်ရလဒ် (ဖေဖေါ်ဝါရီ ၂၄)
ဘရက်ဖို့ဒ် ၀ - ၅ ဆွမ်ဆီး
16', 48' ဒိုင်ယာ၊ 40' မီချူး၊ 59' ဒီဂုဇ်မန်း [ပင်နယ်တီ], 90'+ ဒီဂုဇ်မန်း

Planet Myanmar Network

၂၀၁၂-၂၀၁၃ အင်္ဂလန်ဘောရာသီ၏ Capital One Cup နောက်ဆုံး ဗိုလ်လုပွဲဖြစ် ဘရက်ဖို့ဒ်နှင့် ဆွမ်ဆီး စီးတီး အသင်းတို့ တနင်္ဂနွေညက ဝင်ဘလေ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဆွမ်ဆီးက ၅ ဂိုးပြတ်ဖြင့် အနိုင်ရရှိပြီး Capital One ဆုဖလားကို ရရှိသွားသည်။

အင်္ဂလန် Captial One Cup ဗိုလ်လုပွဲစဉ်ရလဒ် (ဖေဖေါ်ဝါရီ ၂၄)
ဘရက်ဖို့ဒ် ၀ - ၅ ဆွမ်ဆီး
16', 48' ဒိုင်ယာ၊ 40' မီချူး၊ 59' ဒီဂုဇ်မန်း [ပင်နယ်တီ], 90'+ ဒီဂုဇ်မန်း

Planet Myanmar Network

Sunday, February 24, 2013

မာလီ နိုင်ငံ၏ အိမ်နီးချင်း နိုင်ဂျာတွင် အမေရိကန် တပ်ဖွဲ့ဝင် ၁ဝဝ ခန့် ဖြန့်ချ


အမေရိကန် အစိုးရသည် မာလီနိုင်ငံ အတွင်းရှိ ပြင်သစ် တပ်ဖွဲ့ဝင် များအား အကူအညီ ပေးရန် အတွက် အမေရိကန် တပ်ဖွဲ့ဝင် ၁ဝဝ ခန့်ကို အိမ်နီးချင်း နိုင်ဂျာ နိုင်ငံတွင် တပ်ဖြန့် ချထားပြီး ဖြစ်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား ထားသည်။

အဆိုပါ အမေရိကန် တပ်ဖွဲ့ဝင် များသည် ထောက်လှမ်းရေး ဆိုင်ရာ အကူအညီ ပေးရေးတွင် အထောက် အပံ့ ပေးသွားမည် ဖြစ်ကြောင်း အိုဘားမားက ဖေဖော်ဝါရီ ၂၂ ရက်တွင် လွှတ်တော်သို့ အကြောင်းကြား ခဲ့သည်။

အင်းတော်မြို့နယ်အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ

Photo: အင်းတော်မြို့နယ်အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ
Sunday, February 24, 2013 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့်   ကသာမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးကျော်ဦး
ခေါင်းဆောင်ပြီး တောအုပ်များ ဦးမိုးဟန်  (ခရိုင်)၊ ဦးအုန်းကိုကိုဝင်း (ခရိုင်)၊  ဦးဘိုသိန်း (အင်းတော်)၊ တောခေါင်းများ ဦးတင်မောင်အုန်း  (ခရိုင်)၊ ဦးဌေးဝင်း (အင်းတော်)၊  ဦးဆန်းဝင်း (အင်းတော်)တို့ပါဝင် သော သစ်တောမှုဖမ်းဆီးရေးခရိုင်   စစ်ကြောင်းအဖွဲ့သည် (၄.၂. ၂၀၁၃)ရက်နေ့ (၁၅၃၀) အချိန် အင်းတောမြို့နယ်၊ ဂဟဲအပတော   92-D/4SM-761806 တွင် ကျွန်း သစ် (၃.၀၇) တန်၊ ကျွန်းခွဲသား (၀.၈၈၈)တန်၊ ကညင်ခွဲသား (၀.၆၃၈၈) တန်၊ ယင်းမာခွဲသား (၀.၈၂၅) တန်၊ သစ်စက် (၁) လုံး  နှင့် ဆက်စပ်ပစ္စည်း (၅) မျိုးတို့ အား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိ ပြီး သစ်တောဥပေဒပုဒ်မ ၄၂ (ဂ)၊  ၄၃ (က) တို့ဖြင့် အရေးယူဆောင်  ရွက်လျက်ရှိသည်။

အလားတူ ဖေဖော်ဝါရီ (၅) ရက်နေ့ (၈) နာရီအချိန်တွင် အင်းတော်မြို့နယ်၊ ဂဟဲကြိုး (၂၉)၊92-D/4SM-782833 နေရာတွင် ကျွန်းသစ် (၃.၇၄၆) တန်နှင့် သစ်စက် (၁) လုံးအား ဖမ်းဆီးရ မိပြီး ပိုင်ရှင်အားဆက်လက်စုံစမ်း
ဖော်ထုတ်ဆဲဖြစ်ကြောင်း သိရသည်။

စိုင်းလူမင်း
ွှ့The Hot Newsစစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထော က်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် ကသာမြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးကျော်ဦးခေါင်းဆောင် ပြီး တော အုပ်များ ဦးမိုးဟန် (ခရိုင်)၊ ဦးအုန်းကိုကိုဝင်း (ခရိုင်)၊ ဦးဘိုသိန်း (အင်းတော်)၊ တောခေါင်းများ ဦးတင်မောင်အုန်း (ခရိုင်)၊ ဦးဌေးဝင်း (အင်းတော်)၊ ဦးဆန်းဝင်း (အင်းတော်)တို့ပါဝင် သော သစ်တောမှုဖမ်း

၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင်သာသော အစိုးရများ မိတ်ဖက်အဖွဲ့သို့ ၀င်နိုင်ရန် မြန်မာအစိုးရ ကြိုးပမ်းမည်ဟုဆို

Photo: ၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင်သာသော အစိုးရများ မိတ်ဖက်အဖွဲ့သို့ ၀င်နိုင်ရန် မြန်မာအစိုးရ ကြိုးပမ်းမည်ဟုဆို
Sunday, February 24, 2013 
    
မြန်မာနိုင်ငံအနေနှင့် ၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင်သာသော အစိုးရများ မိတ်ဖက်အဖွဲ့ (Open Government Partnership) သို့ ၀င်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဆုံးဖြတ်လိုက်ကြောင်း ဗြိတိန်ကက်ဘိနက်ရုံးဝန် ကြီးမစ္စတာဖရန်စစ်မူဒီက ဖေဖော်ဝါ ရီလ ၂၁ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မစ္စတာမူဒီသည် OGP အတွက် ဗြိတိန်နိုင်ငံ၏ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူ
ထားမှုတွင် တာဝန်ရှိသူဖြစ်ပြီး ၎င်းက မြန်မာနိုင်ငံကို OGP အဖွဲ့ဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ သမ္မတကလည်း လက်ခံခဲ့ခြင်းဖြစ်သည်။

“သမ္မတဦးသိန်းစိန်ဟာ OGP ၀င်ရောက်ဖို့ ဆုံးဖြတ်လိုက်တာဟာ အင်မတန် ရဲရင့်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီအဖွဲ့ ၀င်ရောက်ဖို့အတွက် အစိုးရ
ဘတ်ဂျက်ကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဖို့လိုသလို အစိုးရ အတွင်း အဆင့်မြင့် ၀န်ထမ်းတွေရဲ့ ပိုင်ဆိုင်မှု စာရင်းကို ကြေညာဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

မစ္စတာ ဖရန်စစ်မူဒီသည် မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၁ ရက်အထိ လာရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ ခရီးစဉ်အတွင်း
နေပြည်တော်တွင် အစိုးရ၀န်ကြီးများနှင့် တွေ့ဆုံခဲ့သလို တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့နှင့်လည်း
တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု သိရသည်။

OGP အဖွဲ့ဝင်နိုင်ငံ ဖြစ်စေရန် မီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာ ရယူခွင့်တို့ ရှိရန်လည်း လိုအပ်ကြောင်း သိရသည်။

“OGP ၀င်ရင် တိုင်းပြည်အတွက် အကျိုးရှိပါတယ်။ နိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုကို အပြီးတိုင် သုတ်သင်နိုင်မှာဖြစ်ပြီး အစိုးရက ဘတ်ဂျက်တွေကို ဘယ်နေရာမှာ သုံးနေတယ်ဆိုတာ လူထုက သိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာမူဒီက ပြောကြားသည်။

OGP ၏ ၂၀၁၃ ခုနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို လာမည့် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အခြား OGP အဖွဲ့ဝင်ရန် လျှောက်ထားသော နိုင်ငံများကို ဖိတ်ခေါ်သွားမည်ဟု မစ္စတာမူဒီက ပြောကြားသည်။

OGP သည် အစိုးရ အဖွဲ့အစည်းများ၏ ပွင့်လင်းမြင်သာမှု တိုးတက်စေရန် နိုင်ငံပေါင်းစုံ ပါဝင်ကာ ပူးပေါင်း ဆောင်ရွက်ကြ
သည့် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်သည်။ OGP ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတ်လမှစ၍ ဦးသိန်းစိန်အစိုးရ တက်လာပြီး
နောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများ ဆက်တိုက်လွှတ်ပေး လာခြင်းနှင့်
အတူ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ စီးပွားရေး ပိုင်းတွင်လည်း ပွင့်လင်းမြင်သာမှုများ ရှိရန် ကြိုးပမ်းလာမှုကြောင့် ယခင် စစ်အစိုးရ လက်ထက်တွင် စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ချင်း ရုပ်သိမ်းခဲ့ကြသည်။

Eleven Media Groupမြန်မာနိုင်ငံအနေနှင့် ၂၀၁၆ ခုနှစ်အမီ ပွင့်လင်းမြင်သာသော အစိုးရများ မိတ်ဖက်အဖွဲ့ (Open Government Partnership) သို့ ၀င်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဆုံးဖြတ်လိုက်ကြောင်း ဗြိတိန်ကက်ဘိနက်ရုံးဝန် ကြီးမစ္စတာဖရန်စစ်မူ ဒီက ဖေဖော်ဝါ ရီလ ၂၁ ရက်က မီဒီယာများနှင့် တွေ့ဆုံ စဉ် ပြောကြား သည်။
မစ္စတာမူဒီသည် OGP အတွက် ဗြိတိန်နိုင်ငံ၏ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူ
ထားမှုတွင် တာဝန်ရှိသူဖြစ်ပြီး ၎င်းက မြန်မာနိုင်ငံကို OGP အဖွဲ့ဝင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံ သမ္မတကလည်း လက်ခံခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တွင် တရားသူကြီးများ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲကျင်းပ

Photo: မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တွင် တရားသူကြီးများ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲကျင်းပ
Sunday, February 24, 2013 

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲ အခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက်
 ၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း က အမှာ စကား ပြောကြား၍ ခရိုင် တရားရုံး နှင့် မြို့နယ် တရားရုံး တို့မှ တရားသူကြီး ၁၂၁ ဦး၊ မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော်မှ တရားရေး အရာရှိ ၇ ဦး ၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ် မှ တရားရေး အရာရှိ ၁၀ ဦး ၊ စုစုပေါင်း ၁၃၈ ဦးတို့က မန္တလေးတိုင်း ဒေသကြီး တရား လွှတ်တော် တရားသူကြီး ချုပ် ဦးစိုးသိန်း ၏ ရှေ့မှောက် တွင် ကျမ်းသစ္စာ ဆိုကြသည်။

ယင်းနောက် ပြည်ထောင်စု တရား လွှတ်တော်ချုပ် ၌ တိုင်းဒေသကြီး / ပြည်နယ် တရား လွှတ်တော်များ ၊ ခရိုင် တရားရုံး များ၏ စတုတ္တ အကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အတွေ့အကြုံ နှင့် မှာကြားချက် များကို ထပ်ဆင့် ရှင်းလင်း ဆွေးနွေးသည့် အခမ်းအနား အား ဆက်လက် ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

The Myawady Dailyမန္တလေးတိုင်း ဒေသကြီး အတွင်းရှိ တရားသူကြီး များ ၊ တရားရေး အရာရှိများ ကျမ်းသစ္စာ ဆိုပွဲ အခမ်းအနားကို ၂၂-၂-၂၀၁၃ ရက်နေ့ နံနက်၉ နာရီတွင် မန္တလေးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျင်းပသည့် ကျမ်းသစ္စာ ဆိုပွဲတွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဦးစိုးသိန်းကအမှာ စကား ပြောကြား

တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ

Photo: တစ်နိုင်ငံလုံး ကာမလှုံ့ဆော်ဆေးဝါးများ ဖမ်းဆီးနေသော်လည်း
တောင်ကြီးတွင် ရောင်းမြဲ ရောင်းချလျှက်ရှိနေ
Sunday, February 24, 2013 

မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င်
နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေရေးအတွက် ကာမဆန္ဒလှုံ့ဆော်စေသည့်
ဆေးဝါးပစ္စည်းများအား လိုက်လံဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေလျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာ
နေရာဖြစ်သော ညဈေးတန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း 
သိရှိရပါတယ်။

အဲဒီ ကာမလှုံ့ဆော်ဆေးများ ရောင်းချသည့် နေရာတွင် တောင်ကြီးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးများရှိသည့်အပြင် စည်ပင်သာယာရေးဦးစီးဌာန ၀န်ထမ်းများလည်းရှိနေကြောင်းနှင့် မည်သည့်အတွက်ကြောင့် ပိတ်ပင်တားဆီးခြင်းမရှိသည်ကိုမူ အသေးစိတ်မသိရှိရသော်လည်း
အဆိုပါကာမ လှုံ့ဆော်ဆေးများ ရောင်းချသည့်နေရာသို့ သားအမိ သားအဖ မောင်နှစ်မများ မသွားရဲဘဲ ရှိနေသော်လည်း အဆိုပါနေရာသည်
ဈေးသွားဈေးလာများအဖို့ မသွားလျှင် မရသောနေရာဖြစ်နေကြောင်း သိရပါတယ်။

တောင်ကြီးမြို့ပေါ်ရှိ သတင်းထောက်များမှာလည်း အဆိုပါကိစ္စအား သိနေ မြင်နေသော်လည်း သတင်းမရေးပဲ လျစ်လျူရှုထားပြီး အဓိက
တာဝန်ရှိသော စည်ပင်သာယာရေးအဖွဲ့မှာလည်း ဈေးကောက်ရရင်
ပြီးရော ဆိုသည့်စိတ်ဖြင့် လျစ်လျူရှုထားကြောင်း သိရှိရပါတယ်။

တောင်ကြီးတိုင်းမ်မြန်မာနိုင်ငံအတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအပါအ၀င်
နေရာအနှံ့အပြားတွင် ယနေ့ခေတ် လူငယ်များ အတုယူ မမှားစေရန်နှင့် စိတ်ပိုင်းဆိုင်ရာများတိုးတက်စေရေးအတွက်ကာမ ဆန္ဒလှုံ့ဆော်စေ သည့်ဆေးဝါးပစ္စည်းများအားလိုက်လံဖမ်းဆီးအရေးယူ မှုများ ပြုလုပ်နေ လျှက် ရှိသော်လည်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင်မူ လူစည်ကားရာနေရာဖြစ်သောညဈေးတန်းနေရာတွင် ရောင်းချနေလျှက် ရှိနေကြောင်း သိရှိရပါတယ်။

အမေရိကန် ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ ကုမ္ပဏီများအား မြန်မာ့ဘဏ်ကြီး လေးခုနှင့် စီးပွားရေး လုပ်ဆောင်ရန် အမေရိကန် အစိုးရ ခွင့်ပြုပြီ

 

အမေရိကန် အစိုးရသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ဆိုင်ရာ ပိတ်ဆို့မှု များကို ထပ်မံ ဖြေလျှော့သည့် အနေဖြင့် အမေရိကန် ကုမ္ပဏီ ကြီးများ၊ ဘဏ္ဍာရေး ဆိုင်ရာ အဖွဲ့အစည်း များအား မြန်မာ့ဘဏ်ကြီး လေးခုနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ ကို ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ လုပ်ဆောင်ခွင့်ပြု လိုက်ပြီဖြစ်သည်။

မြန်မာရုပ်ရှင်ဗီဒီယိုအဆင့်မြှင့်နိုင်ရန် မည်သို့လုပ်ရပါ့

Photo: မြန်မာရုပ်ရှင်ဗီဒီယိုအဆင့်မြှင့်နိုင်ရန် မည်သို့လုပ်ရပါ့
Sunday, February 24, 2013 

ရုပ်ရှင်ဗီဒီယိုဇာတ်ကားအများစု မှာ အရည်သွေးနှိမ့်သည့်အပြင် ရုပ်ရှင်ဇာတ်လမ်းများမှာ ဇာတ် ကားတစ်ကားနှင့် တစ်ကားဇာတ် လမ်းဇာတ်ကွက်များမှာ တူနေသော  ကြောင့် ဗီဒီယိုခွေငှားကြည်သော   ပရိသတ်များနှင့် မြန်မာဗီဒီယို အခွေငှားဆိုင်များ မကြာခဏ
ပြဿနာဖြစ်နေကြောင်း ခွေငှား ဆိုင်အချို့မှ သိရသည်။

“ဇာတ်ကားတွေက တစ်ကား နဲ့ တစ်ကားဇာတ်လမ်းစဆုံးတူနေတာ မင်းသား၊ မင်းသမီးပဲ ကွဲသွား တယ်။ ပြီးတော့ တစ်ကားနည်း တစ်ကားတွက်တာ ၂ ရက်လောက်  ပဲခြားတာ နှစ်ကားလုံးက အကုန် လုံးတူနေတော့ အခွေငှားကြည့် တဲ့ သူတွေကကြည့်ပြီးသွားပြီဆို     ပြီးပြန်လာပေးတယ်မဟုတ်လောက် ပါဘူးဆိုပြီးဆိုင်မှာ အခွေ
စမ်းကြည်တော့ဇာတ်ကားနာမည်နဲ့ မင်းသား  ပဲမတူတာ
ဇာတ်လမ်းက အကုန် လုံးတူနေတာ”ဟု တောင်ဒဂုံမြို့ နယ်ရှီအခွေငှားဆိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး  မှာ ခိုးကူးခွေနှင်ဆင်ဆာမဲ့အခွေများ
ကိုသာဖမ်းဆီးမှုများပြုလုပ်  နေသော်လည်းမြန်မာရုပ်ရှင်လောက
တိုးတက်ရေးအတွက်မှာ ဆောင်ရွက်မှုအား  နည်းနေကြောင်း အဆိုးဆုံးမှာ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများကပြည်တွင်း၌ဖြန့်ချိသောဗီဒီယို  ဇာတ်ကားများမှာ အရည်သွေးနိမ့် နေသည်အပြင်ဇာတ်ကားတစ်ကား 
နှင့် တစ်ကားတူနေသည်အပြင်  ဇာတ်လမ်းတွင်ပါဝင်သော
ဇာတ်ဝင်ခန်းတချို့ကိုလည်း နိုင်ငံခြား  ရုပ်ရှင်ဇာတ်ကားများမှ အခန်း များကို ဖြတ်ညှပ်ကပ်ထည့်သွင်း   ထားသည်ကိုတွေ့ရကြောင် သိရသည်။ 

၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မြန်မာနိုင်ငံရုပ်ရှင်အစည်း ရုံးတွင်
ပြုလုပ်ခဲ့သော ခိုးကူးခွေ ပပျောက်ရေးသတင်းစာရှင်လင်း ပွဲတွင် ရုပ်ရှင်အစည်းရုံဥက္ကဋ္ဌက ဦးဇင်းဝိုင်းက မြန်မာရုပ်ရှင်လောက  ကျရှုံးနေတာကျွန်တော်သိပါတယ်။ မြှင့်တင်ဖို့လည်း ကြိုးစားနေပါ တယ်ဟုပြောဆိုခဲ့ဖူးသည်။

မျိုးမြင့်
ွှThe Hot Newsရုပ်ရှင်ဗီဒီယိုဇာတ်ကားအများစု မှာ အရည်သွေးနှိမ့်သည့်အပြင် ရုပ်ရှင် ဇာတ်လမ်းများမှာ ဇာတ် ကားတစ်ကားနှင့် တစ်ကားဇာတ် လမ်းဇာတ် ကွက်များမှာ တူနေသော ကြောင့် ဗီဒီယိုခွေငှားကြည်သော ပရိသတ် များနှင့် မြန်မာဗီဒီယို အခွေငှားဆိုင်များ မကြာ ခဏပြဿ နာဖြစ်နေေ ကြာင်း ခွေငှား ဆိုင်အချို့မှ သိရသည်။

သက်တန်းနှစ်ပေါင်း (၂၀၀၀) ကျော်ရှိကျောက်တန်းမြို့ ဆင်ကန်ကြီးပြန်လည်တူးဖော်

Photo: သက်တန်းနှစ်ပေါင်း (၂၀၀၀) ကျော်ရှိကျောက်တန်းမြို့ ဆင်ကန်ကြီးပြန်လည်တူးဖော်
Sunday, February 24, 2013 

ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်၊ ကျောက်တန်းမြို့  ဆင်ကန်ရပ်ကွက်ရှိအများပြည်သူ သောက်သုံးရေကန်ကြီးကို ရွှေမှော်  ၀န်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ မှ ဖေဖော်ဝါရီ (၇) ရက်မှ စတင် က ဒိုက်ပင်များဆယ်ယူရှင်းလင်း   ခြင်း၊ ကောနေသော ကန်မြေများ တူးဖော်ဆယ်ယူခြင်းလုပ်ငန်းများ  ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယင်းဆောင်ရွက်မှုကို ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီ ရေးအဖွဲ့ကဦးဆောင်၍အကုန် အကျခံဆောင်ရွက်လျက်ရှိပြီး ကျောက်တန်းမြို့နယ်ဌာနဆိုင်ရာ များဖြစ်ကြသော အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်   သာယာရေးကော်မတီနှင့် ဆည် မြောင်းဦးစီးဌာနတို့မှ ကျွမ်းကျင်  သူများကြီးကြပ်၍ ကူညီဆောင် ရွက်ပေးလျက်ရှိသည်။ 

ထို့အတူ   ကန်ဆည်ယူရာတွင် မြေတူးစက် (၃) စီး၊ မြေညှိစက် (၁) စီး၊
မြေ သယ်ယာဉ် (၁၇) စီးတို့ကို အသုံး ပြု၍ ဂဏန်းကမ္ဘာကုမ္ပဏီနှင့် ဦးစိန်လွင်တို့က ကူညီပံ့ပိုးတူးဖော် ပေးပြီး ကန်ထဲမှထွက်ရှီလာသော
မြေကြီးများကို အခကြေးငွေဖြင့် ရောင်းချခြင်းမရှိပဲ မြို့နယ်အတွင်း  လိုအပ်သော နေရာများသို့ အခမဲ့   ပို့ဆောင်မြေဖို့ပေးလျက်ရှိသည်။

အဆိုပါဆင်ကန်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀) ကျော် ပါဒနိုင်ငံမင်းများ လက်ထက်  က ဆင်များရေသန့်စင်ကစားခဲ့ရာ
နေရာဖြစ်ခဲ့သဖြင့် ရှေးဘိုးဘေး များလက်ထက်ကတည်းက ဆင် ကန်ဟုခေါ်ဝေါ်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ် မြို့နယ်လုံခြုံရေးနှင့်   အုပ်ချုပ်မှုကော်မတီ (နလက) ဥက္ကဋ္ဌဗိုလ်ကြီးညီပုက ဦးဆောင်၍ ဆင်ကန်ရပ်ကွက်တာလမ်း ဘောင်အဖြစ်မိုင်ဝက်ခန့်အရှည်ကို  
မြေဖို့ တာပိတ်ခဲ့ပြီးရေလှောင်၍ ရေလွှဲပေါက်၊ ရေတွန်းစက်ရုံတို့ တည်ဆောက်၍ မြို့လူထုအတွက်  ရေပေးဝေနေခဲ့သည်။

ဆင်ကန်ကြီးသည်ရေသိုလှောင်  နိုင်မှု ဧရိယာ (၉၀) ဧကရှိနေပြီး 
ယခုအခါ (၁၅) ဧကခန့်သည် နှုံးမြေများဖြင့် ကောနေသဖြင့် အနက် (၅) ပေရှိမြေသားများ ဆက်ထုတ်ခြင်း၊ (၂၅) ဧကခန့် ဖုံးလွှမ်းနေသော
ဒိုက်များကို ဆယ်ယူခြင်းတို့ကိုဆောင်ရွက်ပြီး ပါက လာမည့်မိုးရာသီ
မှစ၍ ရေသိုလှောင်မှုပမာဏကျယ်ဝန်း  များပြားလာပြီးကျောက်တန်း
မြို့နေပြည်သူတို့အတွက်သောက် သုံးရေများအတန်အသင့်လုံလောက် စွာပေးဝေသွားနိုင်မည်ဖြစ်ကြောင်း  အသင်းနာယကဦးစိုးဝင်းကပြော ကြားသည်။

မိုးမြင့်ဆွေ
ွှ့The Hot Newsရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်၊ ကျောက်တန်းမြို့ ဆင်ကန် ရပ်ကွက်ရှိအများပြည်သူ သောက်သုံးရေကန်ကြီးကို ရွှေမှော် ၀န်းလူမှု ယဉ်ကျေးကူညီရေးအဖွဲ့ မှ ဖေဖော်ဝါရီ (၇) ရက်မှ စတင် က ဒိုက် ပင်များဆယ်ယူရှင်းလင်း ခြင်း၊ ကောနေသော ကန်မြေများ တူးဖော် ဆယ်ယူခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သမ္မတဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီး ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်မည်

Photo: သမ္မတဦးသိန်းစိန်၏ ဥရောပငါးနိုင်ငံခရီး ဖေဖော်ဝါရီ ၂၅ ရက်တွင် 
စတင်မည်
Sunday, February 24, 2013 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ ခုနှစ် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဥရောပငါးနိုင်ငံသို့ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။

ထို့ပြင် သမ္မတဦးသိန်းစိန်သည် အဆိုပါ ငါးနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်သွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

သမ္မတဦးသိန်းစိန်သည် ယခုခရီးစဉ်ကို အီတလီနိုင်ငံသမ္မတ၊
နော်ေ၀၀န်ကြီးချုပ်၊ သြစတြီးယားနိုင်ငံ သမ္မတ၊ ဖင်လန်နိုင်ငံ သမ္မတနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရ တက်ရောက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စတင်အကောင်အထည်
ဖော်နေမှုကြောင့် မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် တိုးတက်ကောင်းမွန်လာသလို အဆိုပါနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကိုလည်း တစ်ဆင့်ချင်း ရုပ်သိမ်းခဲ့ကြသည်။

ထို့ပြင် အဆိုပါနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲ
များသည်လည်း မြန်မာနိုင်ငံသို့ တရားဝင်ခရီး လာရောက်ခဲ့ကြပြီး မြန်မာ
အစိုးရအဖွဲ့မှ သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ကူညီပံ့ပိုးပေးနိုင်မည့် အခြေအနေများကို
ဆွေးနွေးခဲ့ကြသည်။

သမ္မတဦးသိန်းစိန် နောက်ဆုံးသွားရောက်ခဲ့သော နိုင်ငံခြားခရီးစဉ်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် အကြိမ် (၂၀) မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်ခဲ့သည့် အိန္ဒိယနိုင်ငံ ခရီးစဉ်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း
နိုင်ငံခြားခရီးစဉ် ၁၇ ခု သွားရောက်ခဲ့ပြီးဖြစ်ကာ ဥရောပခရီးစဉ်မှာမူ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။ 

အာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းစသည့် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန် စသည့်နိုင်ငံများသို့လည်း သွားရောက်ခဲ့သည်။      

Eleven Media Groupနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၂၀၁၃ ခုနှစ် ပထမ ဆုံး ပြည်ပ ခရီးစဉ် အဖြစ်ဥရောပငါးနိုင်ငံသို့မကြာမီသွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
သမ္မတဦးသိန်းစိန်သည် အီတလီ၊ နော်ဝေ၊ သြစတြီးယား၊ ဖင်လန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။
ထို့ပြင် သမ္မတဦးသိန်းစိန်သည် အဆိုပါ ငါးနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် စတင်သွားရောက်ရန် စီစဉ် ထားကြောင်း နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်

Photo: ယာဉ်ထိန်းရဲ တစ်ဦး ရဲ့ ဘဝ ခံစားချက်
Sunday, February 24, 2013

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက်တစ်နာရီလောက်စောပြီးအိပ်ရာကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန်အဖြစ်သတ်မှတ်ကာလလမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ ၅ နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ်သလို၊အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်းလာရင်လာသလို၊သာရေးနာရေးယာဉ်တန်းတွေလာရင်လာသလိုဆက်လက်လမ်းရှင်းလက်အချက်ပြရပါတယ်။ထမင်းစားချိန်ကတော့အဆင်ပြေသလိုစားကြတာပေါ့။ဒါပေမဲ့တစ်ယောက်ချင်းပဲသွားစားရတယ်။နာရီဝက်ထက်ပိုမကြာရဘူး။ညဆိုရင် ၁၀ နာရီမှတရားဝင်တန်းဖြုတ်လို့ရတယ်။အိမ်ပြန်ရောက်တော့ ၁၀နာရီခွဲ ၁၁ နာရီ အိပ်ရာထဲရောက်တော့မှ ကိုယ့်သားသမီးမျက်နှာလေးတွေဝအောင်ကြည့်ရတယ်။ကလေးက လန့်နိုးပြီး အမေရေ သားတို့ခြင်ထောင်ထဲဘယ်ကလူကြီးမှန်းမသိဘူးဝင်လာတယ်လို့အော်ခဲ့တဲ့ဟာသဆန်ဆန်အဖြစ်အပျက်လေးတွေလဲတကယ်ဖြစ်ခဲ့ကြဖူးပါတယ်။တနေကုန်စီးထားတဲ့လည်ရှည်ဖိနပ်ကချွတ်လိုက်ရင်ခြေထောက်တွေကနူးအိပြီးကိုယ့်အနံ့တောင်ကိုယ်မခံနိုင်ပါဘူး။အခိုးတွေအပေါ်မှုတ်ပြီးမျက်စိတွေနီရဲတာ၊မျက်စိမှုန်လာတာတွေကအပိုဆုပါ။တခါတရံအပေါ့အလေးတွေချုပ်တီးရလွန်းလို့ဒုက္ခအင်မတန်ရောက်ရပါတယ်။အဲကျွန်တော်တို့ရတဲ့လစာက တစ်သိန်းရဲ့အောက်တော်တော်ရောက်ပါတယ်။သန့်ရှင်းသောအစိုးရ၊ကောင်းမွန်သောအစိုးရကိုလဲကြိုက်ပါတယ်။ဖြစ်နိုင်ရင်အဂတိတရားကင်းရှင်းစွာနဲ့လုပ်ငန်းတာဝန်တွေကိုအားသွန်ခွန်စိုက်ပျော်ပျော်ကြီးထမ်းဆောင်ချင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဝတ်ဆင်ရတဲ့နဖူးကနေခြေဖျားအထိယူနီဖောင်းအဆင်တန်ဆာတွေက ဝယ်ရတာဗျ။တာဝန်ကျနေရာကိုသွားတဲ့ဆိုင်ကယ်နဲ့ဆီဘိုးကလဲကိုယ့်စရိတ်နဲ့ကိုယ်ပဲဗျ။အိမ်ကမိသားစုကစားတဲ့ဆန်တို့ဆီတို့ ကလေးကျောင်းစရိတ်တို့ကလဲအများနည်းတူပဲဗျ။ပေါက်ဈေးပဲ။နောက်ပြီးအများသူငါပျော်ရွှင်ကြတဲ့ပွဲလမ်းသဘင်တို့၊အခါကြီးရက်ကြီးတို့ဆိုရင်လုံးဝမအားတော့ဘူး။အားလုံးအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက်ကျွန်တော်တို့ရဲ့ဘဝတင်မကပဲ မိသားစုတွေရဲ့ဘဝပါပေးဆပ်ထားကြရတာပါ။ဒီကြားထဲမှာလူမုန်းများတာခံရပါသေးတယ်။ဘယ်သူဖြစ်ဖြစ်အဖမ်းခံရရင်ဘယ်ကျေနပ်ပါ့မလဲ။တချို့က ညပိုင်းမှာဆဲသွားကြသေးတယ်။အဆင့်မရှိတဲ့ကောင်တွေတဲ့။ဟုတ်ကဲ့ကျွန်တော်တို့ဆယ်တန်းအောင်မှဒီအထဲဝင်လို့ရခဲ့တာပါ။နောက်တမျိုးကျတော့လမ်းဘေးနေလမ်းဘေးစားတွေတဲ့။အဲဒါကျတော့မှန်နေပြန်ရော။ကျွန်တော်တို့လမ်းဘေးနေလမ်းဘေးစားနေတာအများပြည်သူတွေလမ်းပေါ်မှာအဆင်ပြေချောမွေ့စွာသွားနိုင်ဖို့ကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဘဝတွေကိုကျေကျေနပ်နပ်ကြီးချခင်းပေးထားတာပါဗျာ။ဘာပဲပြောပြောကျွန်တော်တို့လမ်းရှင်းပေးရတာပျော်ပါတယ်။အများပြည်သူကလက်ခုပ်တီးပေးရင်ပိုပြီးပျော်ရမှာပါ။မြို့မေတ္တာခံယူတဲ့သားတွေဖြစ်ချင်ပါတယ်။

မန္တလေးသတင်းပုံရိပ်များယာဉ်ထိန်းတပ်ဖွဲ့ဝင်များရဲ့အလုပ်ချိန်ကလေးပြောပြချင်ပါတယ်။မနက် ၆ နာရီပွိုင့်ကိုအရောက်သွားရပါတယ်။အဲဒီ့လိုသွားနိုင်ဖို့အတွက် နာရီဝက် တစ်နာရီလောက်စောပြီးအိပ်ရာ ကထ ပြင်ရဆင်ရပါတယ်။မနက် ၇ နာရီမှ ၉ နာရီအချိန်အထိ သွားလာမှုရှုပ်ထွေးချိန် အဖြစ်သတ်မှတ် ကာလ လမ်းပေါ်တက် လက်အချက်ပြကာလမ်းရှင်းရပါတယ်။ ညနေ ၃ နာရီမှ၅ နာရီအထိကတချိန်ပါ။ဒီကြားထဲမှာရှုပ်ရင်ရှုပ် သလို၊အရေးကြီး

မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား

Photo: မော်လမြိုင်တွင် မီးလောင်မှုတစ်ခုဖြစ်ပွား
Sunday, February 24, 2013 

ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍
မော်လမြိုင်မြို့နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရသည်။

"စလောင်တာက ပလက်စတစ်လုပ်ငန်းလုပ်ကိုင်တဲ့အိမ်
ကနေစလောင်တာ။ သူတို့က ရေနံချီးလည်းလုပ်တယ်။ စလောင်တဲ့အိမ်ကတော့ ကုန်ပြီ။ ဘေးက သုံးထပ် အိမ်က နှစ်ထပ်နီးပါးလောင်သွားပြီ"ဟု ၎င်းက ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် မီးလောင်ကျွမ်းမှုများဖြစ်ပွား လျက်ရှိရာ သက်ဆိုင်ရာမီးသတ်အဖွဲ့နှင့် ရပ်ကွက်နေပြည်သူအချို့မှ ဆက်လက်ငြိမ်းသတ်နေကြောင်း သိရှိရပြီး ဆုံးရှုံးမှုတန်ဖိုး
များနှင့် ပတ်သက်၍ မသိရသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရသည်။

TMA
ဓာတ်ပုံ-ကျော်စံဝင်း
The Myanma Ageဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၁၂နာရီခွဲအချိန်မှစတင်၍ မော်လမြိုင် မြို့ နယ်ရှိ ဖက်တန်းရပ်ကွက်၌ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားကြောင်း ယင်းရပ်ကွက်နေထိုင်သူ ကိုကျော်စံဝင်း၏ ပြောကြားချက်အရ သိရ သည်။
"စလောင်တာကပလက်စတစ်လုပ်ငန်းလုပ်ကိုင်တဲ့ အိမ်ကနေ စလောင် တာ။သူတို့ကရေနံချီးလည်းလုပ်တယ်။စလောင်တဲ့အိမ်ကတော့ကုန် ပြီ။ဘေးကသုံးထပ် အိမ်က နှစ်ထပ်နီးပါးလောင်သွားပြီ"ဟု ၎င်းက ပြော ကြား သည်။

မြန်မာနယ်စပ်အနီးတွင် ပြုလုပ်နေသော တရုတ်စစ်တပ်၏ စစ်ရေး လှုပ်ရှားမှုများ


မြန်မာနယ်စပ်အနီးတွင်တရုတ်စစ်တပ်များလေ့ကျင့်နေကြောင်းတရုတ် အစိုးရသတင်းဌာန၏ သောကြာနေ့ထုတ် သတင်းကို ကိုး ကားပြီး နယူးယောက် တိုင်းမ် သတင်းတစ်ပုဒ်တွင် ရေးထားသည်။
ယူနန်ပြည်နယ် တောင်တန်းဒေသတွင် လေ့ကျင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ သင်တန်းပေးလေ့ကျင့်ရခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်တပ်များ“စစ်ပွဲတခုတွင်တိုက်ခိုက်နိုင်ကြောင်း၊စစ်ပွဲတွင် အော င်ြ မ င်ရမည်ဖြစ်ကြောင်း” ပြသရန် ဖြစ်သည်ဟု ဆင်ဟွာသတင်းတွင် ရေးထားသည်ဟု ဆိုသည်။

ပြည်ပ ရင်းနှီး မြှုပ်နှံမှု များကြောင့် နိုင်ငံသားများ ထိခိုက် နစ်နာမှုကို ကာကွယ် နိုင်ရန် မူဝါဒ (၄) ရပ် ချမှတ်ပြီး ဆောင်ရွက်လျက် ရှိ


အာဆီယံ စီးပွားရေး အသိုက်အဝန်းတွင် ပါဝင်ပြီး လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက် အတိုင်း လိုက်ပါ ဆောင်ရွက်ရန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပိုမို အားပေး မြှင့်တင်ရန် လိုအပ်။ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင်

မြန်မာ့အခက် ၊ တရုတ်အချက်

 

မြန်မာပြည်ဘော်ဒါအနီးတွင်တရုတ်စစ်တပ်က အပြင်း စားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း၊ ယင်း သို့ပြု လုပ်နေခြင်းမှာတရုတ်ပြည်အနောက် တောင်
 ဘက်သို့ မြန်မာပြည်တွင်းစစ်အရှိန် ၀င်ရောက် လာ မှု ကြောင့် ဖြစ်ကြောင်း တရုတ်ပြည်၏ တရားဝင် သတင်းမီဒီယာများ က သောကြာနေ့ တွင် ဖော်ပြ လိုက်သည်။
တရုတ်စစ်တပ်သည် မြန်မာမြောက်ဖျားပိုင်း ကချင်နှင့် နယ်စပ်ဖြစ်သော ယူနန်ပြည်နယ် တွင် စစ်ရေးလေ့ ကျင့်လျက်ရှိသည်။ ကချင်ပြည်နယ်တွင်း တွင် မြန်မာ

My Blog List