Monday, July 01, 2013
ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် အမှိုက်တန် ၁၇၀၀ နီးပါး ထွက်ရှိသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်တန် ၁၅၄၉ ဒသမ ၇၃ တန် (၉၁ ဒသမ ၇ ရာခိုင်နှုန်း) ကိုသာ သိမ်းဆည်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
ကျန်သည့် အမှိုက်တန် ၁၄၀ ဒသမ ၂၇ တန် (၈ ဒသမ ၃ ရာခိုင်နှုန်း) ကိုမူ သိမ်းဆည်းနိုင်ခြင်း မရှိကြောင်းနှင့် အဆိုပါ အမှိုက်များမှာ အိမ်နောက်ဖေး လမ်းကြားများနှင့် အခြားနေရာများသို့ ရောက်ရှိသွားခြင်း ဖြစ်သည်ဟု သိရသည်။
ရန်ကုန်မြို့တော်အား အဆင့်မြင့် မြို့တော်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်း၍ အကောင်အထည် ဖော်လျက်ရှိရာ မြို့တော်သန့်ရှင်း လှပရေးအတွက် စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သယ်ယူခြင်း၊ စွန့်ပစ်ခြင်းစသည့် အမှိုက်များအား စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများမှာ အဓိက အခန်းကဏ္ဍ အနေဖြင့် ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ အမှိုက်သိမ်း လုပ်ငန်းများအတွက် လူအင်အား၊ ယာဉ်အင်အားများဖြင့် တိုးချဲ့လုပ်ကိုင်ရန် လိုအပ်လာသည်ဟု ရန်ကုန်မြို့တော်နေ ပြည်သူများက ဆိုသည်။
လာမည့် ၂၀၄၀ ပြည့်နှစ်တွင် ရန်ကုန်မြို့တော်တွင် တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၄၀၀၀ ကျော် ရှိလာမည်ဟု ခန့်မှန်းထားပြီး လက်ရှိအမှိုက်ထွက်ရှိမှုထက် ရှစ်ဆကျော် ပိုမိုများပြား လာမည်ဖြစ်ကြောင်း၊ အမှိုက်ထွက်ရှိမှု ပိုလာသည့်အတွက် အမှိုက်စွန့်ပစ်မှု အပိုင်းအား စနစ်တကျ ကွပ်ကဲရေး၊ နေ့စဉ်ထွက်ရှိသော အမှိုက်များအား ပြန်လည်ပြုပြင် အသုံးချနိုင်အောင် မူဝါဒများ အကောင်အထည် ဖော်ခြင်းတို့ကို ပြုလုပ်ပေးသွားမည်ဟု ၂၀၄၀ ပြည့်နှစ်အား မျှော်မှန်းရေးဆွဲသည့် 'မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း' အရ သိရသည်။
ယခုအခါ ရန်ကုန်မြို့တော်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂမှ ယူရိုငွေ ကိုးသိန်းကူညီရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင်လက်ရှိ ရန်ကုန်မြို့တော်တွင် ကျင့်သုံးနေသည့် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (၂) ဖြစ်သည့် ထားဝယ်ချောင်နှင့် ထိန်ပင်တို့တွင် အမှိုက်များ မြေမြှုပ်စွန့်ပစ်ခြင်း စနစ်မှာ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိနေပြီး နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအဖြစ် ရွေးချယ်ရန် မြေနေရာ မရှိတော့ကြောင်း သိရသည်။
EMG
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment