Monday, July 01, 2013
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အကြောင်းပြု၍ ကျောက်မီးသွေး စက်ရုံများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက် နေသည်များကို သမ္မတကြီး အနေဖြင့် ပြည်သူများ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစားကာ ဆောက်လုပ်ရန် သင့်၊ မသင့် ပြန်လည်ချင့်ချိန် သုံးသပ်ပေးရန်အတွက် သမ္မတကြီးထံသို့ ပြည်သူများမှ ပန်ကြားလွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ဇွန် ၂၉ ရက် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်သည့် 'သန့်ရှင်းသောလေ' လူထုတွေ့ဆုံပွဲ အခမ်းအနားမှ သိရသည်။
အဆိုပါ ပန်ကြားလွှာတွင် ပြည်သူ့ကျန်းမာရေး ပြဿနာများ၊ အခြားပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် နိုင်ငံရေး အကျပ်အတည်း၊ သန့်စင်သော ကျောက်မီးသွေး နည်းပညာသုံး ဓာတ်အားပေး စက်ရုံများ၏ ထောင်ချောက်၊ စွမ်းအင်လုံခြုံရေး အကာအကွယ်မဲ့မှု၊ ထိရောက်စွာ စွမ်းဆောင်နိုင်ရန် လိုအပ်ချက် များပြားခြင်း၊ ဖွံ့ဖြိုးရေး အထောက်အပံ့များ အလွဲသုံးစားဖြစ်ခြင်း၊ နိုင်ငံတော်ပိုင် (သို့မဟုတ်) တိုင်းရင်းသားပိုင် စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု မရေမရာ ဆုံးရှုံးခြင်း၊ သန့်စင်၍ ရေရှည်တည်တံ့ အကျိုးဖြစ်ထွန်းနိုင်သော အခြားရွေးချယ်စရာ စွမ်းအင်ထုတ်လုပ်သည့် နည်းပညာများ အသုံးပြုခြင်း ရရှိနိုင်ခြင်း၊ မိုးကြိုးပစ်ရာ ထန်းလက်နှင့်ကာခြင်း စသည့် အကြောင်းအရာများကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသော အဆိပ်ပြာ၊ ဓာတ်ငွေ့၊ ရေဆိုးတို့ကြောင့် စိုက်ပျိုးမြေများ အဆိပ်ဓာတ်ငွေ့သုံးခြင်း၊ ရေနေသတ္တ၀ါများနှင့် ဇီဝမျိုးကွဲများ ပျောက်ကွယ်ဆုံးရှုံးရခြင်း အစရှိသည်တို့ကြောင့် စားနပ်ရိက္ခာ ဖူလုံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် clean on technlology အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စဉ်းစားပါကလည်း စီးပွားရေးအရ တွက်ခြေကိုက်မှု သေချာဆန်းစစ်ရန် လိုအပ်ခြင်း၊ ပြည်ပမှ ကျောက်မီးသွေး ၀ယ်ယူတင်သွင်း ရသောကြောင့် ကမ္ဘာ့နိုင်ငံရေး၊ လူမှုစီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး အပြောင်းအလဲများပေါ်တွင် တည်မှီ၍ အခြားနိုင်ငံများအား စွမ်းအင်အရ မှီခိုရခြင်းမှာ နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်စေကြောင်း၊ အလားတူ တည်ဆဲပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေမှာ အားနည်းချက်များစွာရှိခြင်း၊ ဥပဒေချိုးဖောက်သူများကို အရေးယူသော ပြစ်ဒဏ်မှာလည်း ပြင်းထန်မှုမရှိခြင်း၊ ဥပဒေကိုင်စွဲ၍ စောင့်ကြပ်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ စွမ်းဆောင်ရည်မှာလည်း တိုးတက်ရန် အချိန်များစွာ စောင့်စားရန် လိုအပ်နေသေးခြင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
''ဒီနေ့ ဇွန် ၂၉ ရက်ဟာ ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေး ခေတ်ကာလ ကုန်ဆုံးခြင်းဆိုတဲ့ လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပရခြင်း ဖြစ်ပါတယ်။ မူလလှုပ်ရှားခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီလိုကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားဆောင်ရွက်နေတဲ့ သူတွေကို ဂုဏ်ပြုသော အားဖြင့်လည်းကောင်း၊ နောက်တစ်ချက်က ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်းတွေနဲ့ ပတ်သက်ရင် ကျောက်မီးသွေးခေတ် ကုန်ဆုံးဖို့ လုပ်နေသေးဖို့ လိုသေးတယ် ဆိုတာကို ကျွန်တော်တို့ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြနိုင်ဖို့ ဖြစ်ပါတယ်'' ဟုလည်း Ecodevမှ MD ဦးဝင်းမျိုးသူက ဆိုသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment