Monday, July 01, 2013
ဖက်ဒရယ်မူနှင့်တိုင်းရင်းသားတို့၏အမြင် ဆွေးနွေးခြင်းအား ရခိုင်အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအေးသာအောင်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်လျက်ရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆွေးနွေးပွဲ (၈/၂၀၁၃)တွင် ဦးဆောင်ဆွေးနွေးကြောင်း သိရသည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ဖက်ဒရယ် ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ မဟုတ်သလို အနှစ်သာရလည်း မဟုတ်တဲ့အတွက် အဲ့ဒီဥပဒေကို ပြင်ဖို့က အရင်လိုအပ်တယ်”ဟု ရခိုင်ဒီမိုကရေဆီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။
၎င်းဆွေးနွေးပွဲတွင် တရားလွှတ်တော် ရှေ့နေတစ်ဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူများ၏ ဆန္ဒနှင့် ပြောင်းလဲလိုလျှင် မည်သည့်ပုံစံဖြင့် ပြောင်းလဲနိုင်သနည်းဟု မေးမြန်းရာတွင်လည်း ဖွဲ့စည်းပုံ အခြခံ ဥပဒေအား ပြင်ဆင်ခြင်းသည် လွှတ်တော်တွင်း၌ ပြုလုပ်ရမည်ဖြစ်ပြီး ထိုသို့ပြောင်းလဲရာတွင် အခက်အခဲအတားအဆီးများ ရှိပါက ပြည်သူလူထု၏ ဆန္ဒဖြင့် တောင်းဆို၍ရနိုင်ကြောင်း ဦးအေးသာအောင်က ဆွေးနွေးသွားသည်။
ဖက်ဒရယ်စနစ်ကျင့်သုံးနိုင်ရန် တိုင်းရင်းသား အမြင်များ ဆွေးနွေးမှုနှင့် အခြေခံဥပဒေဆွေးနွေးပွဲအား ရှစ်ကြိမ်တိုင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပြီး ဇူလိုင်လ ၁၄ရက်နေ့၌ ပြုလုပ်မည့် ဆွေးနွေးပွဲအား ကယန်းပြည်သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလွင်က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ခေတ်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment