Monday, July 01, 2013
ဇူလိုင်လအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် အပါအ၀င် မြစ်ကြီးမြစ်ငယ်များတွင် စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။
မိုးလယ်ကာလဖြစ်သည့် ဇူလိုင်လအတွင်း မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်ငယ်များဖြစ်သော ဒုဋ္ဌ၀တီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ င၀န်မြစ်တို့တွင် စိုးရိမ်ရေမှတ်များ အထက်သို့ ကျော်လွန်ရောက်ရှိ နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ လပတ်ဇလဗေဒ ခန့်မှန်းချက် ထုတ်ပြန်မှုအရ သိရသည်။
မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်တွင် မြစ်ရေသည် ကသာမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် ဟင်္သာတမြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်နိုင်သည်ဟု အဆိုပါ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
ထို့အတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့နှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ မြို့အသီးသီး၏ စိုးရိမ်ရေမှတ်များသို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း သိရသည်။
မြစ်ငယ်များဖြစ်သော ဒုဋ္ဌ၀တီမြစ်တွင် မြစ်ငယ်မြို့၌ စိုးရိမ်ရေမှတ်သို့ တစ်ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့၌ တစ်ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၌ တစ်ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့၌ တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့အသီးသီး၏ စိုးရိမ်ရေမှတ်များသို့ ကျော်လွန် ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ မိုးရာသီကာလတွင် ဇွန်လကို မိုးဦးကာလ၊ ဇူလိုင်နှင့် သြဂုတ်လများကို မိုးလယ်ကာလ၊ စက်တင်ဘာလကို မိုးနှောင်းကာလဟု ပိုင်းခြားသတ်မှတ်နိုင်ပြီး အများအားဖြင့် မြစ်ရေကြီးမှုများကို နှစ်စဉ်ကြုံရသည်မှာ မိုးလယ်ကာလနှင့် မိုးနှောင်းကာလတို့ ဖြစ်ကြသည်။ ၂၀၁၂ ခုနှစ်အတွင်း မိုးဦးကာလတွင် ဧရာဝတီမြစ်တွင် မြစ်ကြီးနားမြို့၊ ဗန်းမော်၊ ကသာမြို့တို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်းကို ကြုံတွေ့ခဲ့ရသည်။
မိုးလယ်ကာလတွင်လည်း စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၊ င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့တို့၌ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးကို ကျော်လွန်ခဲ့ကာ ရွှေကျင်မြစ်တွင် ရွှေကျင်မြို့၊ ပဲခူးမြစ်တွင် ပဲခူးမြို့တို့၌ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
ယခုနှစ် မိုးဦးကာလ ဇွန်လအတွင်း ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဒုဋ္ဌ၀တီမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်နှင့် င၀န်မြစ်တစ်လျှောက်ရှိ မြို့များတွင် မြစ်ရေသည် မူလရေ အမှတ်များထက် မြင့်တက်ခဲ့သော်လည်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment