Monday, July 01, 2013
တပ်သိမ်းလယ် ပြန်ရရေး လယ်ခွန်ပြေစာ ပြနိုင်ရန်သာလို
တပ်မတော်က သိမ်းယူထားသော လယ်ယာမြေများကို ပြန်လည် ရရှိရေးအတွက် တောင်သူလယ်သမားများ အနေဖြင့် လယ်ခွန်ပြေစာသာ ပြသနိုင်ရန် လိုအပ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
“ပြေစာ မရှိလည်း မြေစာရင်းမှာ ဆောင်ထားတဲ့ မူရင်းပြေစာ ရှိရင်ရတယ်။ သက်သေခံ လယ်နီးချင်းလေးဦး ထောက်ခံလည်း ရတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။
နိုင်ငံတစ်ဝန်းလုံးတွင် တပ်မတော် တပ်ရင်းတပ်ဖွဲ့ အသီးသီးက သိမ်းယူထားသော လယ်ယာမြေများကို တပ်မတော်က ဇူလိုင်လ အတွင်း ပြန်လည် ပေးအပ်မည်ဟု သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် လယ်သမားများအကြား လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားအတွက် ရတက်မအေး ဖြစ်နေချိန်တွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံသို့ တပ်မတော်က လယ်ယာမြေများကို ပြန်လည် ပေးအပ်မည် ဖြစ်ပြီး လယ်သမားများက မိမိတို့ ပိုင်ဆိုင်ကြောင်း ကျေးရွာမြေယာ ကော်မတီထံတွင် စာရင်းတင်၍ လျှောက်ထားနိုင်ကြောင်း၊ ယင်းအဆင့်တွင် ကျေနပ်မှု မရှိပါက မြို့နယ်အဆင့် မြေယာကော်မတီနှင့် နောက်ဆုံး အဆင့်တွင် တိုင်းအဆင့် မြေယာကော်မတီ အဆင့်ဆင့် တက်၍ လျှောက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။
လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားဆို၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က တာဝန်ကျေ စပါးသွင်းခဲ့ရသည့် အခွန်ပြေစာများနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ အခွန်ဆောင်ထားရသည့် ပြေစာများသာ ရှိကြောင်း တပ်မတော်နှင့် လယ်ယာမြေ အငြင်းပွားနေသည့် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် အနောက်သင်အိုင် ကျေးရွာမှ လယ်သမားက ပြောကြားသည်။
လယ်သမား အများစုတွင် လယ်ယာမြေ ပိုင်ဆိုင်မှုအတွက် လယ်ခွန်ပြေစာ ရှိရုံဖြင့် လယ်ပြန်ရမည် ဆိုပါက များစွာ အဆင်ပြေသော်လည်း မိမိတို့ ပိုင်ဆိုင်သည့် လယ်မြေများ လက်ထဲ ရောက်သည် အထိ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာ အုပ်စုမှ လယ်သမားများက ဆိုသည်။
လယ်သမား အများစုမှာ ပိုင်ဆိုင်မှု အထောက်အထား မရှိဘဲ မိရိုးဖလာ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ အခွန်ပြေစာများ ပျောက်ဆုံးကုန်သည့် လယ်သမားများလည်း ရှိကြောင်း အလုပ်သမား၊ လယ်သမားအရေး လိုက်ပါဆောင်ရွက်နေသည့် ဦးဇော်ရန်းက ဆိုသည်။
“လယ်ယာမြေ ပြန်ပေးရေးကို လယ်ယာမြေ ကော်မတီက စီစစ်မယ် ကြားတယ်။ သူတို့ လုပ်မယ့်ပုံစံကို စောင့်ကြည့်ရုံပါပဲ” ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။
ကျေးရွာ မြေယာကော်မတီတွင် ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး၊ မြေတိုင်းစာရေးနှင့် ရပ်မိရပ်ဖနှစ်ဦး အပါအဝင် စုစုပေါင်း ငါးဦး ပါဝင်ပြီး လယ်ယာမြေ ပြန်လည် ရရှိလိုသော လယ်သမားသည် အဆိုပါ ကော်မတီတွင် လျှောက်ထား၍ တစ်လအတွင်း ကန့်ကွက်သူ မရှိက ပြန်လည် ရရှိမည် ဖြစ်ကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု ဖြေရှင်းရေး ကော်မတီ ထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment