Monday, July 01, 2013

မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာပြီး နှစ်စဉ် ဆေးလိပ်အလိပ်ရေ သန်း ၇၀၀၀ ကျော် သုံးစွဲ

Monday, July 01, 2013

မြန်မာနိုင်ငံတွင် ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာပြီး နှစ်စဉ် ဆေးလိပ် အလိပ်ရေ သန်း ၇၀၀၀ကျော် သုံးစွဲနေကြောင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ပံ့ပိုးခြင်း၊ တားမြစ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ဖြန့်ဝေခဲ့သည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် စာရင်းများနှင့် သုတေသနများအရ ၁၉၆၀ ခုနှစ် နောက်ပိုင်းကာလတွင် လူအများသိခဲ့သည့် ဒူးယား၊ ခပေါင်းစီးကရက်များ စတင်ထုတ်လုပ်စဉ်က နှစ်စဉ် စီးကရက်အလိပ်ရေ သန်း ၅၀၀ မှ ၁၀၀၀ ၀န်းကျင် ရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေး ပွင့်လင်းလာမှုကြောင့် နှစ်စဉ် စီးကရက် အလိပ်ရေ သန်း ၂၅၀၀ မှ ၃၀၀၀ ကျော် ထုတ်လုပ်လာကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ ဗာဂျီးနီးယား ဆေးရွက်ကြီး စိုက်ပျိုးမှု နှစ်စဉ်တိုးတက်လာပြီး ယင်းဆေးရွက်ကြီးကိုပင် ပြည်ပမှ တင်သွင်းမှုသည်လည်း တန်ချိန် ၂၀၀၀ မှ ၇၀၀၀ ကျော်အထိ တိုးမြှင့်တင်သွင်းလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စီးကရက်လိပ်ရေ သန်းထောင်ချီ ထုတ်လုပ်သော်လည်း ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်ခြင်းက ပိုများကြောင်း ပို့ကုန်စာရင်းများအရ သိရသည်။ ထို့ပြင် သန်းထောင်ချီ ထုတ်လုပ်ပေးနေသော ပြည်တွင်းစက်ရုံများကို နိုင်ငံပိုင်စက်ရုံများမှ ပုဂ္ဂလိကစက်ရုံများအဖြစ် တစ်ဆင့်လွှဲ၍ ဆောင်ရွက်သကဲ့သို့ အသစ်ထပ်မံ တည်ဆောက်ထားသည့် စက်ရုံများလည်း ရှိနေသေးကြောင်းလည်း သိရသည်။

လက်ရှိ ပြည်တွင်းဈေးကွက် ဖြန့်ချိရန် ထုတ်လုပ်နေသည့် စီးကရက်များမှာ Duya Gold, Red Ruby, Vegas, Blue Diamond, Golden Eagle စသည်တို့ဖြစ်ပြီး ပြည်ပပို့ကုန်အဖြစ် ထုတ်လုပ်သည့် ပြည်ပဖက်စပ် စီးကရက်များမှာLucky Strike, State Express 555, Marlboro, Rothmans, Pall Mall, Camel, Benson and Hedges Gold, Mild Seven စသည့် တံဆိပ်များကိုပါ ပြည်တွင်း၌ ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

ထို့ပြင် နယ်စပ်ဒေသများမှလည်း ပြည်တွင်းရောင်းချရန်နှင့် ပြည်ပသို့ တင်ပို့ရန် တံဆိပ်မျိုးစုံပါသော စီးကရက်များ ထုတ်လုပ်လျက်ရှိပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင် စီးကရက် ထုတ်လုပ်နေသည့် စက်ရုံ စုစုပေါင်း မည်မျှရှိနေသည်ကို စာရင်းအတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

ပြည်တွင်းသို့ အကောက်ခွန်ပေး၍ တင်သွင်းလာသည့် စီးကရက်များနှင့် ပြည်တွင်းစက်ရုံများမှ တရားဝင်ထုတ်သည့် စီးကရက်များမှာ အလိပ် ၂၀ ပါ စီးကရက် တစ်ဘူးလျှင် ကျပ် ၁၅၀၀ ကျော်ရှိပြီး နယ်စပ်မှ ၀င်ရောက်လာသည့် အလိပ် ၂၀ ပါ စီးကရက် တစ်ဘူးလျှင် ကျပ် ၅၀၀ နှင့် ၈၀၀ ၀န်းကျင်ခန့် ရှိကြောင်းလည်း သိရသည်။

ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံတွင် နှစ်စဉ် ဆေးလိပ် အလိပ်ရေ သန်း ၇၀၀၀ ကျော် သုံးစွဲနေပြီး အသက် ၁၅ နှစ်အထက် မြန်မာနိုင်ငံ လူဦးရေ သန်း ၃၀ ကျော် (ခန့်မှန်း) အနက် ရာခိုင်နှုန်း ၅၀ နီးပါးမှာ နေ့စဉ် စွဲစွဲမြဲမြဲ ဆေးလိပ်သောက်သုံးမှု ရှိနေကြောင်း သိရသည်။

EMG

No comments:

Post a Comment

My Blog List