Monday, July 01, 2013
ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေနှင့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဇွန် ၂၈ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီးနောက် သူရဦးရွှေမန်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အစိုးရအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေနှင့် လည်းကောင်း၊ လွှတ်တော်ပိုင်းအနေဖြင့် လည်းကောင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် ပါဝင်သူများ အနေဖြင့် စေတနာမှန်ကန်မှု ရှိရန်လိုကြောင်း၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်ဆောင်သင့်ကြောင်းနှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။
ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တပ်မတော်သည် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေကြောင်းလည်း ၎င်းက ပြောကြားသည်။ ''ဘာဖြစ်လို့လဲဆိုတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနကသာ တရားဝင် မထုတ်ပြန်လို့သာ လက်ရှိအခြေအနေထိ တပ်မတော်သားတွေ ဘယ်လောက်ထိ သေဆုံးနေတယ် ဆိုတာ မသိရသေးပါဘူး။ အလားတူပဲ တစ်ဖက်က လက်နက်ကိုင် တပ်သားတွေ ဘယ်လောက်ထိ သေဆုံးနေတယ် ဆိုတာ မသိရပါဘူး။ တကယ်တမ်းတော့ အပစ်အခတ် ရပ်စဲထားတဲ့ နေရာတွေမှာ အခုအချိန်ထိ ငြိမ်းချမ်းရေး မရသေးပါဘူး'' ဟု သူရဦးရွှေမန်းက ဝေဖန်ခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံ သ၀ဏ်လွှာတစ်စောင် ပေးပို့တိုက်တွန်းခဲ့သည်။
လက်ရှိတွင် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့သည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကို ၎င်းတို့၏ ကဏ္ဍအသီးသီးအလိုက် လုပ်ဆောင်လျက် ရှိသော်လည်း အမှန်တကယ် ထိရောက်မှု အားနည်းနေသေးကြောင်း ပြည်တွင်းနိုင်ငံရေး လေ့လာသူများက ဝေဖန်မှုများလည်း ရှိနေသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ရာထူးမှ အနားယူရန် စာတင်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး ယင်းနှင့်ပတ်သက်၍ ဇွန်၂၉ ရက် ကပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများနှင့် သတင်းထောက်များ တွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုများကို သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ငြင်းဆိုခဲ့ခြင်း မရှိပေ။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment