ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မုတ်သုန်မိုး
ဆက်တိုက်ရွာသွန်းခဲ့သည့်နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင်
ရေနစ်မြုပ်လယ်မြေ ဧကစုစုပေါင်းမှာ ၅၂၈၀၀၀ ကျော်ရှိပြီဟု
မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အရာရှိကြီးတဦးက ပြောသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်မှ လယ်စိုက်ခင်းတခု
ယခုရက်ပိုင်းအထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေနစ်မြုပ်ခဲ့သည့် လယ်မြေ
၅၃၀၀၀၀ နီးပါးမှ ယခုလ ၁၈ ရက်နေ့ထိ ဧက ၁၃၆၀၀၀ ကျော် ရေပြန်ပေါ်လာပြီးနောက်
ထိခိုက်သည့် လယ်မြေ ဧက ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟုလည်း ယင်းအရာရှိက YPI
သို့ပြောသည်။
စိုက်ပျိုးရေး လုပ်ငန်းအရာရှိကြီးက “မြုပ်သွားတဲ့ လယ်မြေတိုင်းတော့
ပျက်စီးတာမဟုတ်ဘူး၊ တချို့က အထွက်နှုန်းလျော့မယ်၊ တချို့က ပျက်စီးတယ်၊
အခုလောလောဆယ် သိရသလောက်တော့ ပျက်စီးတဲ့ အချိုးအစားက နည်းတယ်၊ အထွက်နှုန်း
ထိခိုက်တာက အခုထိ ဧက ၁ သိန်း၂ သောင်းနီးပါးရှိတယ်” ဟုပြောသည်။
ပြည်နယ်နှင့် တိုင်းအရ ရေနစ်မြုပ်မှု ဒဏ်ခံရသည့် အဆိုးရွားဆုံး ခံရသည့်
ဒေသများမှာ မွန်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ပဲခူး၊
ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ဖြစ်သည်ဟုလည်း သိရှိရသည်။
သို့ရာတွင် ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဒေါက်တာစိုးထွန်း က
၎င်းတို့ကောက်ခံ ရရှိထားသည့်စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဧက
၆၁၅၀၀၀ ကျော်ရှိ၍ ရေပြန်လည်ပေါ်လာသည့် ဧကအရေအတွက်မှာ ၂၁၃၀၀၀ ကျော်ရှိသည်ဟု ပြောသည်။
ရေမြုပ်ခံရသည့် လယ်မြေများအား ထိခိုက်မှု လျော့နည်းအောင်၊
ပြန်လည်စိုက်ပျိုးမည့် လယ်မြေများအခြေအနေ ကြည့်ရှုစစ်ဆေးရန်၊
မျိုးစပါးလိုအပ်ပါက အထောက်အပံ့ပေးရန်နှင့် ပိုးသတ်ဆေး မြေသြဇာကဲ့သို့သော
သွင်းအားစုများ ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ အရေးပေါ်ကူညီရေး အဖွဲ့များ
ယခုရက်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဋ္ဌာနမှဖွဲ့စည်းထားသည်ဟုလည်း မြန်မာစိုက်ပျိုးရေး
လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ပြောသည်။
ယင်းအဖွဲ့များ လာမည့် သီတင်းပတ်အစတွင် ယင်းအဖွဲ့များ မြန်မာနိုင်ငံ
အောက်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ စတင်သွားရောက်မည်ဟုလည်း ဆိုသည်။
၎င်းက မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးနေစဉ်
မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် ပုံမှန်ထက် မိုးနည်းပါးကာ စပါး
မစိုက်နိုင်သည့်ဖြစ်စဉ်များလည်း ရှိနေသည်ဟုလည်း ပြောသည်။
မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိမြန်မာနိုင်ငံ မိုးလေ၀သ
အခြေအနေမှာ မြန်မာနိုင်ငံ
အလယ်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင်မိုးခေါင်နေချိန်၌
အောက်ပိုင်းဒေသများ၌ ရေကြီးမှုများ ဖြစ်ပွားနေသည့် ဖြစ်စဉ်သည် ထူးခြားသည့်
ဖြစ်စဉ် တခုဖြစ်ကြောင်း ယခုလ (၄) ရက်နေ့က ပြုလုပ်သည့် ဟောပြောပွဲတွင်
ပြောဆိုခဲ့သည်။
ဒေါင်းမာန်ဟုန်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment