Sunday, August 19, 2012
ပဋိပက္ခကြောင့် ပညာရေး၊ ကျောင်းဆရာ/မများနှင့် ကျောင်းသားများ အခက်အခဲကြုံနေရဆဲ
ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့ကဘင်္ဂလီများစတင်အကြမ်းဖက်သည့်နေ့မှစတင် ၍ ကျောင်းသူ/သားများ ပညာရေးနှင့် ကျောင်း ဆရာ/မများ၏ အခက်အ ခဲများမှာယ ခုအချိန်ထိ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်တွင်းမှ ပညာရေးအသိုင်းအ၀ိုင်းများ က ပြောသည်။
သမ္မတ ဦးသိန်းစိန်မှ ယင်းအကြမ်းဖက်မှုကြောင့် ဇွန်လ ၁၀ ရက်နေ့မှစ၍ ပုဒ်မ (၁၄၄)နှင့် အရေးပေါ် အခြေအနေများကို ထုတ်ပြန်ထား ချိန်တွင်ဇူလိုင်လတတိယအပတ် က မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပဋိပက္ခဖြစ်ပေါ်ခဲ့သော မြို့နယ်အ သီးသီး တို့တွင်ဖွင့် လှစ်ပေးခဲ့သော်လည်း ကျောင်းဆရာ/မများနှင့် ကျောင်းသား/သူများ မှာ လုံခြုံရေးအရ ကျောင်းတက်ပညာသင်ကြားရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေ ကြ ကြောင်း ဆိုသည်။
ရသေ့တောင်မြို့နယ်ရှိ မူလတန်းကျောင်းသား/သူ ၅၀၀ ခန့်ကို ကျောင်းတက်နိုင်ရန် သက်ဆိုင်ရာမှ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မူလတန်းပြ ဆရာ/မ ၂၀ ဦးရှိကြောင်း၊ အလယ်တန်း ကျောင်းများကို လုံခြုံရေးအရ ပိတ်ထားရဆဲဖြစ်ကြောင်း၊ စစ်တွေမြို့ တက္ကသိုလ်ကျောင်းကို တနင်္လာနေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းဆရာ/မ၊ ကျောင်းသူ/သားနှင့် မိဘများက စိုးရိမ်နေရဆဲ အခြေအနေ ဖြစ်သော ကြောင့် စာသင်ကြားနိုင် ခြင်း လုံးဝမရှိသေးကြောင်း၊ မောင်တောခရိုင်အတွင်း စုစုပေါင်း ရွာ ၄၀ ကျော်မှ စာသင်ကျောင်း ၃၀ ခန့်၊ ကျောင်းဆရာ/မပေါင်း ၆၀ ကျော်နှင့် ကျောင်းသားဦးရေ ၄၀၀၀ ခန့်တို့မှာလည်း ပုံမှန်စာသင်ကြားနိုင်မည့် အခြေအနေ မရှိသည့်အပြင် ဗုံးဖေါက်ခွဲရန် ခြိမ်းခြောက်ခံနေရကြောင်း စစ်တွေ-မောင်တောမြို့များမှ ကျောင်းသားနှင့် မြို့မိမြို့ဘများက ပြောသည်။" ဒီကနေ့ သတင်းအရတော့ လုံခြုံရေးရဲတပ်ဖွဲ့တွေ တိုးချပေးဖို့ သိရပါတယ်၊ ဒါပေမယ့် ကုလားတွေ က ရဲဆိုရင် လုံးဝကြောက်တာ မရှိဘူး၊ သံ တွဲ၊ မင်းပြား၊ စစ်တွေစတဲ့မြို့တွေက ဆရာ/မတွေက လုံခြုံရေးဘယ်လောက်ဘဲချပေးပါစေ ဒီမှာစာပြနေဖို့ စိုးရိမ်ကြတယ်ပြောပြီး ပြန်မလာကြ တော့ဘူး၊ ကုလားတွေကို ခလေးဘ၀ကတည်းက စာသင်ပေးတဲ့ သရေကုန်ဘောင် ကျေးရွာက ကျောင်းအုပ်ဆရာကြီး ဦးမောင်ချမ်းသာကို မ သေမချင်းသတ်ခဲ့တယ်၊ သူ့ဇနီးကတော့ ဆေးကူးသမှုခံယူနေတုန်းပါ၊ ကျောင်း အုပ်ဆရာကြီး အောင်သန်းကျော် အသတ်ခံရပါတယ်။ ဆရာ/မတွေကိုယ်တိုင်မြင်တွေ့ခဲ့ရတော့ သင်္ခန်းစာဖြစ်ရတယ်လို့ ဆိုကြပါတယ်။ ပညာရေးသမားတွေက ပညာရေးကို ဘယ်ကနေစသင်ဖို့ ကြိုးပမ်း နေကြတယ်။ ဒါပေမဲ့ တွေးကြည့်ရင် စိုးရိမ်စရာတွေက အများကြီးဆို တော့ ပညာရေးက ဘယ်လိုဖြစ်လာ မလဲ အသေအချာ မပြော နိုင်သေး ပါ ဘူး။ " ဟု အမည်မဖေါ်လိုသူ မောင်တောမြို့ခံတစ် ဦး က ပြောသည်။
မောင်တောမြို့တွင် အထက်တန်း ၂ ကျောင်း၊ အလယ်တန်း ၅ ကျောင်းနှင့် မြို့နယ်တစ်ခုလုံးတွင် မူလတန်း ၃၀ ခန့်ရှိကြောင်းအတည် ပြုရှင်း ပြသည်။
" အရေးပေါ် အခြေအနေက ထုတ်ပြန်ထားတယ်။စာသင်ကျောင်းတွေကိုဖွင့်ပါတယ်လို့လည်း ပြောတယ်။ကျောင်းတက်သူဆရာ/မနဲ့ ကျောင်း သားတွေက အနည်းစုသာရောက်တယ်။ ဒါလည်းစာသင်မဖြစ်ကြဘူး။ ကျောင်းမတက် တဲ့ ရက်က ဒီကြားထဲမှာ အများကြီး၊ ဆရာ/မတွေ လ ခတောင် ပုံမှန်မဖြစ်တဲ့ အနေအထားဆိုတော့ အခက်အခဲတွေက ရှိနေကြပါ တယ်။ " ဟု စစ်တွေမြို့က ကျောင်းသား အမေတစ် ဦးဖြစ်သူ ဒေါ်တင်တင်သန်းက ရှင်းပြသည်။
သြဂုတ်လ ပထမအပတ်က စတင်အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသော ကျောက်တော်မြို့နယ်တွင်စာသင်ကျောင်းများဖွင့်လှစ်ထားသော် လည်း ကျောင်းသား/သူ၊ ဆရာ/မများနှင့် ရပ်မိ/ရပ်ဖ လူကြီးများမှာ ကျောင်းတက်စာသင်ကြားနိုင်ရန် အရေးပေါ်အခြေအနေ ထုတ်ပြန် ထားသော ကြောင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာနေကြကြောင်း စစ်တွေမြို့မှ လေ့လာသိရှိနေကြသည့် ကျောင်းသားတချို့က ပြော သည်။
မြောက်ဦးမြို့နယ်တွင် ပဋိပက္ခဖြစ်ပေါ်မည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ စာသင် ကျောင်းများတွင် စာသင်ကြားမှုများ ရှိနေ သော် လည်း ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄)ကြောင့် အိမ်ကျောင်းဝိုင်းများ ပိတ်ထားရ ကြောင်း နှင့် လွတ်လပ်စွာ စာပေမသင်ကြားနိုင်ကြောင်း မြောက်ဦးမြို့ တောင်ရပ်ကွက်မှ ကျောင်းသားတစ်ဦးကပြောသည်။
ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးပညာစာရ အနေဖြင့် ယနေ့ရခိုင်ပြည်ပဋိပက္ခအတွင်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်းမှာ ဆက် လက်ပြဿနာ မကြီးပွားစေရေးအတွက် သင့်တော်ကြောင်း မိန်းကြားထားသည်။
အခြားတစ်ဖက်မှာ ရခိုင်ပြည်နယ်အတွင်း ခြစားမှုမှာ ယနေ့အထိ ဒေသအာဏာပိုင်များအတွင်းတွင် ပေါ် ထွက်လျက်ရှိနေပြီး ပြည်နယ်ပညာ ရေးဝန်ထမ်းများနှင့် ကျောင်းသူ/သားများမှာ ရင်ဆိုင်လျက်ရှိနေ ဆဲဖြစ်ကြောင်း ဆိုသည်။
ရန်ကုန်ရောက် ရခိုင်ကျောင်းသားများနှင့် ရခိုင်ပြည်နယ် ကျောင်းသားများက ဒေသအတွင်း ပညာရေးကို လွတ်လပ်စွာ သင်ကြားနိုင်ရန် နည်း မျိုးစုံဖြင့် သက်ဆိုင်ရာသို့ ပန်ကြားတောင်းဆိုထားမှုများ ရှိနေသော်လည်း ပိုမိုဆိုးရွာသည့် အခြေအနေသို့သာ ဆိုက်ရောက်လာ ကြောင်း ကျောင်းသားများက ဆိုသည်။
သို့သော်လည်း ယင်းတို့အနေဖြင့် ဒေသအတွင်း ပညာရေးအတွက် ရပိုင်ခွင့်အခွင့်အရေးများနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်ပြီး လုံခြုံစွာသင် ကြား နိုင်ရေးကို တစိုက်မတ်မတ် ဆက်လက်ကြိုးပမ်းနေကြကြောင်း ပြောသည်။
ကျောင်းသားများ အနေဖြင့် ပညာရေးရှုဒေါင့်မှ ကျောင်းသားမိဘများအား ၀ိုင်းဝန်းကူညီရန် တိုက်တွန်းမှုများရှိနေကြောင်း၊ မောင်တောခရိုင် အတွင်း ဒုက္ခရောက်နေကြသည့် မိဘများ အနေဖြင့် သားသမီးပညာရေးဘက်သို့ လှည့်မကြည့်နိုင်သည့် အခြေအနေနှင့် ဆိုက်ရောက် နေ ကြောင်းနှင့် နေစဉ်စားဝတ်နေရေးအပြင် လုံခြုံရေးကိုသာ အာရုံစိုက်နေကြရကြောင်း မောင်တောမြို့အလယ်တန်းပြ ဆရာမတစ်ဦးက ပြော သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ဇူလိုင်လ တတိယအပတ်က လွှတ်တော်တွင် ပြောဆိုခဲ့သော ရခိုင်ပြည် နယ် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၀ ၀ ကျော်ဖြန့်ကြဲချရေးကို ယခုလ အစောင်ပိုင်းက ထပ်မံပြီး ကမ်းခြေစောင့်ရဲကင်းများ အပါအ၀င် ရဲကင်းတပ်ဖွဲ့ ၃၀ ကို မောင်တောခရိုင်အ တွင်း ချပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သို့သော်လည်း ဒေသခံများအနေဖြင့် ရဲတပ်ဖွဲ့များက မောင်တောခရိုင်အတွင်း လုံခြုံရေးအား ထိမ်းသိမ်းနိုင်မည်မဟုတ်ကြောင်း ပြော သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment