ကမ္ဘာမှာ
သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀
နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာ ရှိနေကြောင်း
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အခြေစိုက် Maplecroft သုတေသနဌာနက
သတိပေးလိုက်ပါတယ်။မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ် နဲ့
ဖီလစ်ပိုင်နိုင်ငံတွေ အပါအ၀င် ၁၀ နိုင်ငံဟာ ရေကြီးတာ၊ မြေငလျင်လှုပ်တာ၊
မုတ်တိုင်းတိုက်ခတ်တာတွေ ကို အဆိုးဝါးဆုံး ခံရနိုင်တယ်လို့
မေပယ်လ်ခရော့ဖ်အဖွဲ့ ပြောထားတာပါ။
သဘာဝဘေးအန္တရာယ်တွေ မကြာခဏ ကျရောက်တာကြောင့် သက်ဆိုင်ရာ တိုင်းပြည်တွေက ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း နဲ့ စီးပွားရေး အချက်အချာ
ကျတဲ့
မြို့ကြီးတွေက လုပ်ငန်းလည်ပတ်မှုတွေ၊ စီးပွားရေး အဆောက်အအုံတွေ
ပျက်စီးဆုံးရှုံးမှုလည်း များမှာဖြစ်တယ်လို့ သဘာဝဘေးအန္တရာယ် နဲ့
စီးပွားရေးဆုံးရှုံးမှု ဆက်စပ်မှုတွေ ရှိနေတာကို
လည်း သတိပေးထားပါတယ်။
မြန်မာ အပါအ၀င် အခုသတိပေးခံထားရတဲ့ နိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတွေလည်း ဖြစ်တာကြောင့် နိုင်ငံတကာ
ရင်းနှီးမြှပ်နှံမှုတွေလည်း
များလာနေသလို၊ တစ်ချိန်တည်းမှာလည်း သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာနိုင်တဲ့
ဆိုးကျိုးတွေကိုလည်း ထည့်သွင်းတွက်ချက်ထားကြဖို့ကို သတိပေးထားပါတယ်။
ဒါ့အပြင် အဲဒီနိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့်
ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကာကွယ်တားဆီးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှု အားနည်းနေတာကိုလည်း တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံ အောက်ပိုင်း ဧရာဝတီ ပဲခူး ကရင် နဲ့ မွန်ပြည်နယ်တွေမှာ နှစ်ပတ်ကျော်ကြာ ဆက်တိုက်မိုးကြီးတာကြောင့်
ရေလွှမ်းမိုးမှုတွေ ဖြစ်နေပြီး စပါးစိုက်ခင်း နဲ့ မွေးမြူရေး လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးတာတွေများနေတယ်လို့ ကုလသမဂ္ဂက သတိပေး
လိုက်ပါတယ်။ ဧရာဝတီတိုင်း တစ်ခုတည်းတင် ကျေးရွာပေါင်း ၁၆၈ ရွာ ရေနစ်မြုပ်နေပြီး လူဦးရေ ခုနှစ်သောင်းကျော် ရေဘေး
ဒုက္ခသည်တွေဖြစ်နေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီဖြစ်တဲ့ OCHA က မနေ့က ပြောပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment