မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော်
အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့
အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ်
ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့
သိရပါတယ်။
ကာယကံရှင် ကိုချစ်မိုးက-
"ကျွန်တော့်ကို
လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့်
အမေကို ဆွဲချလိုက် တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန်
ကျွန်တော်ကနေပြီးတော့ အမေ့ကို မလုပ်နဲ့ဆိုပြီးတော့ ကျွန်တော်က ဖယ်
လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့
လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး
ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။
နားအုံတွေလည်း ရိုက် တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ
ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။
နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်"
သူ့ကို
ဖမ်းဆီးနှိပ်စက်နေချိန်မှာ မန္တလေးအခြေစိုက် သတင်း မီဒီယာသမားတွေ
ရောက်လာတဲ့အတွက် အာဏာပိုင်တွေက လက် ထိပ်ဖြုတ်ပြီး
ပြန်လွှတ်ပေးလိုက်တာကြောင့် သက်သာရာ ရသွားခဲ့တယ်လို့ ကိုချစ်မိုးက
ပြောပါတယ်။
မနေ့က အဓမ္မ ၀င်ရောက်စီးနင်းပြီး ရိုက်နက်ခဲ့မှုကြောင့်
ဒဏ်ရာရရှိခဲ့သူ (၇) ဦးဟာ မန္တလေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသမှု
ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ လူနာ ၆ ဦးက ညတွင်းချင်း ဆေးရုံ
ဆင်းလာခဲ့ရပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကတော့ ဆက်လက်ကုသမှု
ခံယူနေရဆဲပဲလို့ သိရပါတယ်။
သေနတ်နဲ့ အရိုက်ခံရတာကြောင့်
သတိမေ့မျောသွားတဲ့ နှလုံးရောဂါသည် ဒေါ်ခင်အုန်းမြင့်ဆိုသူ အမျိုးသမီးကတော့
ဆေးကုသဖို့ စရိတ် မတတ်နိုင်တာကြောင့် မနေ့က ဆေးရုံမတက်ခဲ့ရပေမယ့်
ဒီကနေ့မှာတော့ ရပ်ကွက်က ကူညီလှူဒါန်းတဲ့ စရိတ်နဲ့ ဆေးရုံမှာ ကုသမှု
ခံယူနေတယ်လို့ သိရပါတယ်။
မနေ့ က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကြောင့်
ရပ်ကွက်သားတွေဟာ အချိန်မတော် ၀င်ရောက် အကြမ်းဖက်စီးနင်းခံရမှာ စိုးရိမ်
ထိန့်လန့်နေကြတဲ့အတွက် ညလုံးပေါက် မအိပ်ခဲ့ကြဘူးလို့ ရပ်ကွက်သူ
အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"နောက်တခေါက်ဝင်မယ်။ နောက်တခေါက်
ဒီလိုဖြစ်ဦးမယ် ဆိုတော့ ကျွန်တော်တို့အားလုံး တအားကို စိုးရိမ်နေကြပါတယ်။
အကုန်လုံးကလည်း မအိပ်ရဘူး။ ကလေး လူကြီးကအစ ဒီလမ်းပေါ်မှာ နေနေရတယ်။
ကိုယ့်အိမ်ထဲကို ဝင်မအိပ်ရဲလောက် အောင်ကို ဖြစ်နေရတယ်"
မြရည်နန္ဒာရပ်ကွက်ကို
လုံခြုံရေး ရဲတပ်ဖွဲ့တွေ ဒီကနေ့ ထပ်မံ လာရောက်စီးနင်းဖို့ ရှိတယ်လို့
မန္တလေးမြို့မှာ မနက်ပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်
ထွက်နေပေမယ့် ညနေ (၅) နာရီအထိ လာရောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။
အာရ်အဖ်အေ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment