အိန္ဒိယမှာ လတ်တလောဖြစ်နေတဲ့
အာသံပြည်နယ်အရေးနဲ့ပတ်သက်ပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေမယ့်
ကောလဟလတွေ ဖြန့်ချီနေတယ်ဆိုပြီး ၀ဘ်ဆိုဒ် ၂၅၀ ကျော်ကို အိန္ဒိယအစိုးရက
ပိတ်လိုက်ပါတယ်။
ဂူဂယ်ပေါ်က ပုံတွေနဲ့ ယူကျူပေါ်က
ဗီဒီယိုဖိုင်တွေလည်း ကန့်သတ်လိုက်သလို လူမှုဆက်သွယ်ရေးကွန်ယက်တွေဖြစ်တဲ့
Facebook, Twitter တွေကနေ မိုဘိုင်းဖုန်းတွေကိုဝင်တဲ့ Push Message
တွေကိုပါ ကန့်သတ်လိုက်ပါတယ်။ ဒါ့အပြင် လူတယောက်အနေနဲ့
မိုဘိုင်းဖုန်းတွေဆီ SMS တပြိုင်တည်းပို့တဲ့အခါ အများဆုံး လူ ၅
ယောက်ကိုပဲ ပို့ခွင့်ရအောင် ကန့်သတ်ထားတယ်၊ ဒီလကုန်အထိ
ဒီလိုကန့်သတ်မှုလုပ်ထားမယ်လို့ သိရပါတယ်။
အိန္ဒိယတောင်ပိုင်းက
မြို့တွေမှာ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ရောက်နေကြတဲ့
အရှေ့မြောက်ပိုင်း ပြည်နယ်သားတွေ အားလုံးလိုလိုဟာ သူတို့ကို
အန္တရာယ်ပြုမယ်ဆိုတဲ့ သဘောပါတဲ့ SMS တွေ လက်ခံရပြီးတဲ့နောက်
ထိတ်လန့်တကြားဖြစ်ကုန်ပြီး အလုံးအရင်းနဲ့ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့
ကိုယ့်ရွာကို ပြန်ကြတာတွေ ဖြစ်လာတဲ့နောက်မှာ အိန္ဒိယအစိုးရက ဒီလို
ကန့်သတ်မှုတွေ လုပ်လိုက်တာပါ။
အဲ့ဒီ SMS တွေမှာ
ဘယ်မြို့မှာတော့ဖြင့် အရှေ့မြောက်ပြည်နယ်သား ဘယ်နှယောက် အရိုက်ခံရတယ်၊
ဘယ်မှာတော့ဖြင့် ဘယ်နှယောက် သေသွားတယ်ဆိုတဲ့ ကောလဟာလတွေ အပြင်၊
အရှေ့မြောက်ပြည်နယ်သားတွေအနေနဲ့ ကိုယ့်နေရာ ကိုယ်ပြန်မနေရင်
မောင်းထုတ်ခံရမယ်၊ အသတ်ခံရမယ် စသဖြင့် ခြိမ်းခြောက်တာမျိုးတွေလည်း
ပါတယ်လို့ အိန္ဒိယသတင်းတွေက ဆိုပါတယ်။
ပိတ်လိုက်တဲ့ထဲမှာ
ဓာတ်ပုံအတုတွေ တမင်ဖန်တီးထားတဲ့ ဗီဒီယိုတွေနဲ့ ကောလဟာလ သတင်းတွေကို
ပါကစ္စတန်ကနေ upload လုပ်နေတဲ့ ၀ဘ်ဆိုဒ်တွေ ပါတယ်လို့ အိန္ဒိယ
ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ ပါကစ္စတန်ကတော့ ဒီဟာစွပ်စွဲတာဖြစ်တယ်
တိကျခိုင်လုံမှ ပြောပါလို့ ဆိုပါတယ်။ အိန္ဒိယ ပြည်ထဲရေးကတော့ သူတို့မှာ
အထောက်အထားတွေရှိတယ် ဒါတွေကို ပါကစ္စတန်ကို ချပြမယ်လို့ ပြောပါတယ်။
ဒါ့အပြင်
ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စနဲ့ အာသံပြည်နယ်က
ဘိုဒိုလူမျိုးစုတွေနေတဲ့နေရာတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ မဆိုင်တဲ့
ပုံတွေ၊ စာတွေ၊ ဗီဒီယိုဖိုင်တွေကို
ရည်ရွယ်ချက်ရှိရှိနဲ့ဖြန့်ဝေနေကြပြီး အခြေအနေတွေကို ပိုဆိုးအောင်
လုပ်နေတာတွေကို ရပ်တန်းက ရပ်ကြဖို့၊ ဒါတွေကို သတိရှိရှိနဲ့
လေ့လာကြဖို့၊ ကောလဟာလသတင်းတွေကို မယုံကြည်ကြဖို့၊ မကြောက်ရွံ့ကြဖို့
ဆိုထားပါတယ်။
အစိုးရအတိုက်အခံ ပါတီတွေကတော့ ဒီလို
ပိတ်ပင်ကန့်သတ်တာ တခုတည်းနဲ့ အခြေအနေကို ထိန်းနိုင်မှာ မဟုတ်ပဲ
အစိုးရအနေနဲ့ သေချာကိုင်တွယ်ဖို့ အရေးတကြီးလိုနေပြီလို့ ဝေဖန်ကြပါတယ်။
အိန္ဒိယ ဂူဂယ်လ်ရုံးကတော့ ယူကျုမှာ တင်လာတဲ့ ဗီဒီယိုတွေကို user
တွေက ဒီဟာကတော့ဖြင့် မသင့်တော်ဘူး အကြမ်းဖက်မှုဆန်တယ် စသဖြင့် flag
လုပ်လာတာနဲ့တပြိုင်နက် အဲ့ဒီ ဖိုင်တွေကို ချက်ခြင်း ဖျက်ပစ်တာမျိုးတွေ
လုပ်နေပါတယ်လို့ ဆိုပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment