တောင်သူလယ်သမားများအရေးအား
လွှတ်တော်သို့ တင်ပြပေးနိုင်မည့် ‘တောင်သူ လယ်သမားရေးရာ ဗဟို
လုပ်ငန်းကော်မတီ’ ကို အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက
ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း က
ပြောသည်။သီးနှံများ ရောင်းချရန် ခိုင်မာသော ဈေးများ ရှိရေး၊ အတိုး
သက်သာသော ချေးငွေ ရရှိရေး၊ အတိုးမဲ့ နှစ်ရှည်ချေးငွေများ ရရှိရေး၊
အရည်သွေးမီသော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် နည်းပညာ၊ စက်ကိရိယာများ ရရေး၊
အချိန်နှင့်တပြေးညီ သိသင့်သိထိုက်သော သတင်းအချက်အလက်များ ရရှိရေး၊
လယ်မြေသုံး စက်ကိရိယာများ မောင်းနှင်မှု ပြင်ဆင်မှုတို့
ပြုလုပ်နိုင်ရန် တောင်သူတို့အတွက်အခမဲ့ စက်ပြင်သင်တန်းများ တက်ခွင့်ရရှိရေး စသည်အချက် ၈ ချက်ကို လွှတ်တော် သို့ တင်ပြမည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့က
ရန်ကုန်မြို့ City Star Hotel တွင် ပြုလုပ်သည့် အခမ်းအနားတွင်
“တောင်သူများ လယ်မြေသိမ်းခံရမှု လယ်မြေများရေကြီးနစ်မြုပ်မှု၊ ထွက်ရှိလာသော
သီးနှံများ ဈေးကောင်းရရှိရန်မှာ ပြည်သူတရပ်လုံးနှင့် သက်ဆိုင်ပြီး
မတရားသိမ်းဆည်းခံ မြေယာပြဿနာများကို လွှတ်တော် မြေယာပြဿနာ ဖြေရှင်းရေး
ကော်မရှင်နှင့် ပူပေါင်း
ဖြေရှင်းရန်” ဟု ကော်မတီ ဖွဲ့စည်းခြင်း ရည်ရွယ်ချက်ကို ဒေါက်တာသန်းငြိမ်း က ပြောကြားသွားသည်။
ထိုအခမ်းအနားသို့
တောင်သူလယ်သမားများအရေး ဆောင်ရွက်ပေးနေကြသည့် ပဲခူးတိုင်း
လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်၊ ကချင်ပြည်နယ်မှ ဒေါ်ဘောက်ဂျာ တို့လည်း
တက်ရောက်ခဲ့ကြသည်။
ဇွန်လကုန်ပိုင်းကလည်း မွန်ပြည်နယ်၊
ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်း တို့မှ လယ်သမား ၁ဝဝ ကျော်ခန့်က လယ်မြေများ
သိမ်းယူခံရခြင်း အပါအဝင်၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာတွင် တွေ့ကြုံနေကြရသည့်
အခက်အခဲများကို NDF ပါတီသို့ လာရောက်တင်ပြခဲ့ကြဖူးသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment