Thursday, January 30, 2020

အစ္စရေးနိုင်ငံက ဘက်စုံသုံး-ခရီးဝေးသွားနိုင်သည့် Heron MK II မောင်းသူမဲ့ဒရုန်းသစ် ထုတ်ပြ

Image may contain: airplane
အစ္စရေးနိုင်ငံက ဘက်စုံသုံး-ခရီးဝေးမောင်းနှင်နိုင်သည့် မောင်းသူမဲ့ဒရုန်းယာဉ်(UAV) သစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း နိုင်ငံပိုင် အစ္စရေးအာကာသနည်းပညာစက်မှုလုပ်ငန်း(IAI) က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

“Heron MK II” ဟုအမည်ပေးထားသည့် မောင်းသူမဲ့ဒရုန်း UAV သစ်သည် Heron UAV ၏ နောက်ဆုံးပေါ်အမျိုးအစားမော်ဒယ်တစ်ခုဖြစ်ပြီး အစ္စရေးလေတပ် နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသော အဖွဲ့အစည်း ၂၀ ကျော်က အသုံးပြုနေကြောင်း သိရသည်။
ခေတ်မီနည်းပညာများကို အသုံးပြုထားသည့် Heron MK II သည် မဟာဗျူဟာမြောက် နှင့် လေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေးအတွက် လွယ်ကူလျင်မြန်အောင် ဖန်တီးထားသော မောင်းသူမဲ့ဒရုန်းဖြစ်သည်။

Heron MK II သည် အမြင့် ၃၅,၀၀၀ ပေထိ ပျံသန်းနိုင်စွမ်းရှိကြောင်း ၊ တစ်နာရီ ၂၅၉ ကီလိုမီတာထိ အမြန်ဆုံးမောင်းနှင်နိုင်ကြောင်း နှင့် လေပေါ်တွင် ၄၅ နာရီကြာ တစ်ဆက်တည်း ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည်။
နည်းပညာပိုင်းကို အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် UAV မောင်းသူမဲ့ယာဉ်သစ်၏ ကိုယ်ထည်မှာ ပိုမိုကျယ်ပြန့်ခိုင်ခန့်ကြောင်း ၊ အလေးချိန်ထပ်မံတိုးမြှင့်ခြင်း မရှိသည့်အတွက် လျင်မြန်မှု နှင့် ထိန်းသိမ်းမှုအပိုင်းတွင် ပိုမိုလွယ်ကူစေကြောင်း သိရသည်။
Heron MK II တွင် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာအသစ်များ နှင့် အလွန်ဝေးသောနေရာအထိ ထောက်လှမ်းနိုင်စွမ်းရှိသည့် ဆင်ဆာစနစ် နှင့် ရေဒါစနစ်များ တပ်ဆင်ထားသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်ရန် မလိုဘဲ ကီလိုမီတာပေါင်းများကွာဝေးသော တည်နေရာသို့ လှန်း၍ ထောက်လှမ်းနိုင်ကြောင်း ၊ ထိုသို့လုပ်ဆောင်ရန် ၎င်း၏ ပိုမိုကြီးမားသော ၊ ပိုမိုကောင်းမွန်သော ဆင်ဆာစနစ်များက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။
UAV သစ်တွင် အင်ဂျင်ပိုင်း နှင့် နည်းပညာပိုင်းများကို အဆင့်မြှင့်တင် ထားသည်။

၁၉၅၃ ခုနှစ်တွင် စတင်တည်ထောက်ခဲ့သည့် အစ္စရေးအာကာသ နည်းပညာစက်မှုလုပ်ငန်း(IAI)သည် မြေပြင် ၊ ဝေဟင် ၊ ရေပြင် ၊ အာကာသ နှင့် ဆိုက်ဘာ ပိုင်း ဆိုင်ရာများအတွက် တီထွင်စမ်းသစ်မှုလုပ်ကိုင်နေသည့် ကမ္ဘာ့နည်းပညာရှေ့ဆောင်ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။
Image may contain: airplane and sky
(Xinhua)
-----------------------------------------
(Zawgyi Version)

အစ္စရေးနိုင်ငံက ဘက်စုံသုံး-ခရီးဝေးသွားနိုင်သည့် Heron MK II မောင်းသူမဲ့ဒရုန်းသစ် ထုတ်ပြ
ဂျေရုဆလင် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)
အစ္စရေးနိုင်ငံက ဘက်စုံသုံး-ခရီးဝေးမောင်းနှင်နိုင်သည့် မောင်းသူမဲ့ဒရုန်းယာဉ်(UAV) သစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း နိုင်ငံပိုင် အစ္စရေးအာကာသနည်းပညာစက်မှုလုပ်ငန်း(IAI) က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ “Heron MK II” ဟုအမည်ပေးထားသည့် မောင်းသူမဲ့ဒရုန်း UAV သစ်သည် Heron UAV ၏ နောက်ဆုံးပေါ်အမျိုးအစားမော်ဒယ်တစ်ခုဖြစ်ပြီး အစ္စရေးလေတပ် နှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသော အဖွဲ့အစည်း ၂၀ ကျော်က အသုံးပြုနေကြောင်း သိရသည်။ ခေတ်မီနည်းပညာများကို အသုံးပြုထားသည့် Heron MK II သည် မဟာဗျူဟာမြောက် နှင့် လေကြောင်းဆိုင်ရာ သယ်ယူပို့ဆောင်ရေးအတွက် လွယ်ကူလျင်မြန်အောင် ဖန်တီးထားသော မောင်းသူမဲ့ဒရုန်းဖြစ်သည်။
Heron MK II သည် အမြင့် ၃၅,၀၀၀ ပေထိ ပျံသန်းနိုင်စွမ်းရှိကြောင်း ၊ တစ်နာရီ ၂၅၉ ကီလိုမီတာထိ အမြန်ဆုံးမောင်းနှင်နိုင်ကြောင်း နှင့် လေပေါ်တွင် ၄၅ နာရီကြာ တစ်ဆက်တည်း ပျံသန်းနိုင်စွမ်းရှိကြောင်း သိရသည်။
နည်းပညာပိုင်းကို အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် UAV မောင်းသူမဲ့ယာဉ်သစ်၏ ကိုယ်ထည်မှာ ပိုမိုကျယ်ပြန့်ခိုင်ခန့်ကြောင်း ၊ အလေးချိန်ထပ်မံတိုးမြှင့်ခြင်း မရှိသည့်အတွက် လျင်မြန်မှု နှင့် ထိန်းသိမ်းမှုအပိုင်းတွင် ပိုမိုလွယ်ကူစေကြောင်း သိရသည်။
Heron MK II တွင် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာအသစ်များ နှင့် အလွန်ဝေးသောနေရာအထိ ထောက်လှမ်းနိုင်စွမ်းရှိသည့် ဆင်ဆာစနစ် နှင့် ရေဒါစနစ်များ တပ်ဆင်ထားသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော်ရန် မလိုဘဲ ကီလိုမီတာပေါင်းများကွာဝေးသော တည်နေရာသို့ လှန်း၍ ထောက်လှမ်းနိုင်ကြောင်း ၊ ထိုသို့လုပ်ဆောင်ရန် ၎င်း၏ ပိုမိုကြီးမားသော ၊ ပိုမိုကောင်းမွန်သော ဆင်ဆာစနစ်များက ကူညီဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။
UAV သစ်တွင် အင်ဂျင်ပိုင်း နှင့် နည်းပညာပိုင်းများကို အဆင့်မြှင့်တင် ထားသည်။

၁၉၅၃ ခုနှစ်တွင် စတင်တည်ထောက်ခဲ့သည့် အစ္စရေးအာကာသ နည်းပညာစက်မှုလုပ်ငန်း(IAI)သည် မြေပြင် ၊ ဝေဟင် ၊ ရေပြင် ၊ အာကာသ နှင့် ဆိုက်ဘာ ပိုင်း ဆိုင်ရာများအတွက် တီထွင်စမ်းသစ်မှုလုပ်ကိုင်နေသည့် ကမ္ဘာ့နည်းပညာရှေ့ဆောင်ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

No comments:

Post a Comment

My Blog List