Thursday, January 30, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း ၃၈ ဦး ထပ်မံသေဆုံးပြီး ကူးစက်ခံရသူ ၈၀၀၀ ထောင်နီးပါးရောက်ရှိလာ

No photo description available.Image may contain: one or more people and indoor
တရုတ်ပြည်၊ဝူဟန်မြို့တွင် အကြီးအကျယ်ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးအရေအတွက်မှာ ယမန်နေ့ သတင်းထုတ်ပြန်မှုအရ ၁၃၂ ဦးရှိခဲ့ရာ ၊ တစ်ရက်အတွင်း ၃၈ ဦးထပ်မံသေဆုံးခဲ့ကြောင်းနှင့် ကူးစက်ခံရသူ အရေအတွက်မှာလည်း တဟုန်ထိုးတိုးပွားလာနေကြောင်း တရုတ်ကျန်းမာရေးကော်မရှင်က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသည့်အရေအတွက်တိုးပွားနေသလို လူပေါင်း ၁၇ဝဝ ကျော်ကို ထပ်မံကူးစက်မှုကြောင့် ကူးစက်ခံရသူ ၇၇၁၁ ဦးကို အတည်ပြုထားပြီး သံသယရှိသူ ၁၂၁၆၇ ဦးကို စောင့်ကြည့်နေရကြောင်း သိရသည်။
ယခု ထပ်မံသေဆုံးသူ ၃၈ ဦးတွင် ဝူဟန်မြို့တည်ရှိရာ ဟူပေပြည်နယ်၌ ၃၇ ဦး သေဆုံးပြီး စီချွမ်ပြည်နယ်တွင် တစ်ဦး သေဆုံးခဲ့ကြောင်း တရုတ်ဗဟိုအစိုးရက ပြောကြားခဲ့သည်။
တရုတ်ပြည်တွင်ရှိနေသော ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများက ပြန်လည်ခေါ်ဆောင်ရန်စီစဉ်နေပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ကိုတွေ့ရှိထားကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ရောဂါပိုးကူးစက်မှုသည် အခြားနိုင်ငံများတွင် ကူးစက်သူ တစ်နေ့တစ်ခြား တိုးပွားလာမှုအပေါ် အထူးစိုးရိမ်ကြောင်းနှင့် ကူးစက်မှုမှာ ပိုမိုကြီးထွားလာနိုင်ပြီး နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သင့်၊မသင့် ယနေ့အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရသည်။
အမေရိကန်နိုင်ငံသည် ရောဂါဖြစ်ပွားနေသည့် ဝူဟန်မြို့မှ အမေရိကန်နိုင်ငံသား ၂၀၀ ခန့်မှာ ကယ်လီဖိုးနီးနား ပြည်နယ်ရှိ စစ်အခြေစိုက် စခန်းသို့ ဗုဒ္ဓဟူးနေ့က ပြန်လည် ခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရသည်။
AS
Ref; straitstimes
Isee Media
<Zawgyi>
ဝူဟန်ဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း ၃၈ ဦး ထပ်မံသေဆုံးပြီး ကူးစက်ခံရသူ ၈၀၀၀ ထောင်နီးပါးရောက်ရှိလာ

ဇန္နဝါရီ ၃၀

No comments:

Post a Comment

My Blog List