Thursday, January 30, 2020

ပါမောက္ခချုပ်ကို အငြိမ်းစားပေးသော်လည်း သမ္မတရုံးညွှန်ကြားချက်မလိုက်နာသည့် မန္တလေးတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကိုပါ အရေးယူပေးရန် တောင်းဆို

Image may contain: one or more people, people standing, tree, crowd and outdoor
နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသော ညွှန်ကြားချက်ကို မလိုက်နာဘဲ မန္တလေးတက္ကသိုလ် Food Court တည်ဆောက်မှုနှင့်ပတ်သက်၍ ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို အငြိမ်းစားပေးခဲ့ပြီးနောက် သမ္မတရုံး ညွှန်ကြားချက် မလိုက်နာသည့် တက္ကသိုလ်ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကိုလည်း သတိပေးအရေးယူရန် ကျောင်းသားများ ကတောင်းဆိုလိုက်ကြသည်။

ယမန်နေ့က ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ်ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံခဲ့ကြစဉ် ကျောင်းသားများက ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မန္တလေးတက္ကသိုလ်ကျောင်းသားပိတ် ဦးဆောင်ကော်မတီဝင် မယမင်းသူက “ ဒေါက်တာသိန်းဝင်းက ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်တယ်ဆိုတဲ့တရား ဝင်အမိန့်စာ ကျွန်မတို့ကို ပေးတယ်။ဒေါက်တာသီတာဝင်းအရင်တုန်းကဥက္ကဌ၊ ပြီးလို့ရှိရင်စီမံဘဏ္ဍာဌာနမှူးဒေါ်သန်းအေးက အတွင်းရေးမှူး။ ပါမောက္ခချုပ်ကို အရေးယူလိုက်ပြီ။ တရားဝင်စာထွက်လာပြီ။ ပြီးတော့စီမံ ဘဏ္ဍာဌာနမှူးဒေါ်သန်းအေးကို ဘယ်လိုအရေးယူမှာလဲ ဆိုတဲ့ကိစ္စကို ညီမတို့ပြောခဲ့တယ်ပေါ့နော်။ ဒေါ် သန်းအေးကိုကျတော့ ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ သူ့ကိုဘယ်လိုအရေးယူမလဲဆိုတာကိုအပြီးသတ်ရလဒ်ထွ က်ပေးမယ်ပေါ့နော်။ဒေါက်တာသိန်းဝင်က ကတိပေးခဲ့တယ်။ သူတို့ ECအစည်းအဝေးဝန်ကြီးဌာနမှာထိုင်မယ် ပေါ့နော်။ ECအစည်းအဝေးထိုင်ပြီးလို့ရှိရင် ဘယ်လိုအရေးယူမလဲဆိုတာထုတ် ပြန်ပေးမယ်လို့ ဒေါက်တာ သိန်းဝင်းကပြောသွားတယ်” ဟု မယမင်းသူ ကပြောသည်။
မန္တလေးတက္ကသိုလ် Food Courtနှင့်ပတ်သက်၍ စီမံခန့်ခွဲရေး ကော်မတီတစ်ခု ဖွဲ့စည်းရန်ရှိနေပြီး ယင်းကော်မတီတွင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းသားသမဂ္ဂနှင့် ဆရာသမဂ္ဂအဖွဲ့ဝင်များ ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းကော်မတီကို လာမည့်ဖေဖော်ဝါရီလတွင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မန္တလေးတက္ကသိုလ်ကျောင်းသားများဘက်ကလည်း ကျောင်းသားသပိတ်ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးကို ယနေ့ ဇန်န်ဝါရီလ ၃၀ရက်နေ့ကျောင်းသားထုအ စည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo Credit- မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ

No comments:

Post a Comment

My Blog List