Monday, January 27, 2020

ရန်ကုန်တိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် အသိပညာ‌ပေး လက်ကမ်းစာစောင်များ ဝေငှမည်


Image may contain: 1 person
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အသိပညာ‌ပေး လက်ကမ်းစာစောင်တွေကို ပြည်သူလူထုအကြား ဖြန့်ဝေသွားမယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဇန်နဝါရီ (၂၅) ရက်က ပြုလုပ်တဲ့ တိုင်းကျန်းမာရေးဦးစီးဌာနနဲ့ ပုဂ္ဂလိကဆေးရုံတွေ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။ “အခုလည်း နေပြည်တော်မှာ ကျွန်တော်တို့ ပြည်သူလူထုကို အသိပေးဖို့ ပန်းဖလက်ရိုက်နှိပ်ရေးပေါ့၊ စိစစ်နေပါတယ်။ အဲဒါတွေ ရတဲ့အခါ ကျွန်တော်တို့ တိုင်းအစိုးရ အကူအညီနဲ့ ရိုက်နှိပ်ပြီးတော့ ပြည်သူလူထုကို အသိပေးသွားမယ်” လို့ ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။
လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာတော့ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သံသယလူနာ မတွေ့ရှိသေးပေမယ့် ဝေဘာဂီဆေးရုံမှာ ကုသနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဆေးရုံတစ်ခုအနေနဲ့ ပြင်ဆင်ထားတာတွေကို ဆာကူရာ ဆေးရုံအုပ် ဒေါက်တာ ဖြိုးဝေလင်းက အခုလိုပြောပါတယ်။ “ဝန်ထမ်းတွေ အားလုံးကို ကိုရိုနာဗိုင်းရပ်စ်က နိုင်ငံတကာမှာ ဒီလိုတော့ ဖြစ်နေတယ်။ ဘယ်လို လူနာမျိုးတွေက နိုင်ငံခြားက ပြန်လာတယ်၊ ဘယ်လိုလက္ခဏာတွေရှိတဲ့ လူနာမျိုးဆို သတိထားဖို့။ နောက်တစ်ပိုင်းက ကျွန်တော်တို့ N 95 လိုမျိုး mask တွေဘာတွေ အားလုံးကို အဆင်သင့်လုပ်ပေးထားတယ်” လို့ ဆာကူရာ ဆေးရုံအုပ် ဒေါက်တာဖြိုးဝေလင်းက ပြောပါတယ်။
ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းပေးပို့ရမယ့်ပုံစံတွေကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုင်းအတွင်းရှိ ပုဂ္ဂလိက ဆေးရုံတွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 
Image may contain: 1 person, standing and outdoor
Image may contain: one or more people
Image may contain: 1 person, on stage and screen
သတင်း - မေလွင်

No comments:

Post a Comment

My Blog List