Wednesday, January 29, 2020

ရွှေစင်ကြွေးကျန်ရရှိရေးမြန်ဆန်စေရန် သီးသန့်တရားရုံးဖြင့် စီရင်ရေး လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

Image may contain: 1 person, sitting
နိုင်ငံတော်အနေဖြင့် နှစ်အဆက်ဆက်ရရှိမည့် ရွှေစင်ကြွေးကျန်များရရှိရေးဆောင်ရွက်ရာတွင် သီးသန့်တရားရုံးဖြင့် ဆောင်ရွက်သင့်ကြောင်း ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က အကြံပြုဆွေးနွေးသည်။

တရားရုံးအမိန့်ချမှတ်ပြီး ကုမ္ပဏီနှစ်ခုမှ ရရှိရန် ရွှေစင် ၄၆ ဒသမ ၂၆ ကျပ်သား အတွက် ရုံးချိန်း ၆၄ ကြိမ်မြောက် လေးနှစ်ကျော်ကြာမြင့်ခဲ့ပြီး မူလတရားရုံးက အနိုင်ဒီကရီချမှတ်ခဲ့သော်လည်း ပြည်ထောင်စုတရားလွှတ်တော်သို့ အယူခံတင်ထားခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ အပြည့်အဝရရှိနိုင်ရေး ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောဆိုသည်။
ရွှေစင်ကြွေးကျန်များကို ရရှိရေး ကုမ္ပဏီအား တရားစွဲဆိုရာတွင် ပုံမှန်တရားရုံးများအနေဖြင့် ကာလကြာမြင့်နေကြောင်း ၎င်းကဆိုသည်။
“နှစ်အဆက်ဆက်ရရှိမယ့် ရွှေစင်ကြွေးကျန်တွေကိုဆောင်ရွက်တဲ့အခါမှာ သီးသန့်တရားရုံးကနေဆောင်ရွက်ဖို့ ကိုလည်း ကျွန်မအလေးအနက်ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပုံမှန်တရားရုံးတွေကနေသွားရင် အရမ်းကို ကြန့်ကြာပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ပြောဆိုသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ လတာအတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောမှတ်ချက်အစီရင်ခံစာ ပထမတွဲကို ဆွေးနွေးရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“နောက်ပြီးစာချုပ်တွေကိုလည်း ရွှေတူးမယ်ဆိုရင် ရတဲ့ရွှေစင်တွေကို ဌာနတွေက အရင်ယူပြီးတော့မှ နောက်ကျန်တဲ့ရွှေစင်တွေအတွက်ကို ကုမ္ပဏီကယူဖို့ တိကျခိုင်မာတဲ့အာမခံချက်တွေရှိဖို့ နောက်ကျတဲ့အခါမှာလည်း ထိရောက်တဲ့အရေးယူဆောင်ရွက်ချက်တွေ စာချုပ်မှာထည့်သွင်းရေးသားဖို့ကို ဆွေးနွေးလိုပါတယ် ”ဟု ဒေါ်ရွှေရွှေစိန်လတ်ကပြောသည်။
နှစ်အဆက်ဆက်ရွှေစင်ကြွေးကျန်များနှင့်ပတ်သက်၍ ကုမ္ပဏီ ၁၅၃ ခု မှ ၁၃၃၈၆ ဒသမ ၇၂ ကျပ်သားပေးရန် ရှိနေသေးကြောင်း၊ ထိုအထဲမှ မြန်မာနိုင်ငံဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းနှင့်အညီစာရင်းရှင်းလင်းပယ်ဖျက်ရန်အတွက် ကုမ္ပဏီ ၃၂ ခုက ရွှေစင် ၁၆၇၉ ဒသမ ၈၇ ကျပ်သား တင်ထားကြောင်း ၎င်းကဆိုသည်။
Image may contain: 1 person, sitting and indoor
Image may contain: indoor
The Standard Time Daily
(Unicode Version)

No comments:

Post a Comment

My Blog List