Friday, November 21, 2014
အမျိုးသမီး ရဲအရာရှိလောင်း များကို အပျိုစစ်မစစ် စစ်ဆေးခြင်းသည် ကိုယ်ကျင့်တရားကို တိုင်းတာ အတည်ပြုရန်ဟု အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့ ပြောကြား
အမျိုးသမီး ရဲအရာရှိလောင်းများ၏ ကာယကြံ့ခိုင်မှု အပြင် ၎င်းတို့၏ ကိုယ်ကျင့် တရားကို တိုင်းတာ စစ်ဆေးရန် အတွက် အပျိုစစ်မစစ် စစ်ဆေးခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲတပ်ဖွဲ့က အတည်ပြု ပြောကြား လိုက်သည်။ ရဲတပ်ဖွဲ့ ဆေးရုံများတွင် အမျိုးသမီးဆရာဝန်များနှင့်သာပြုလုပ်သည့် အပျိုစစ်မစစ် စစ်ဆေးခြင်းသည် ရဲတပ်ဖွဲ့၏ စံဖြစ်သည်ဟု အမျိုးသား ရဲတပ်ဖွဲ့ ဥပဒေဋ္ဌာနခွဲ အကြီးအကဲ စစ်ဆေးရေးမှူးချုပ် မိုအက်ခ်ျဂျီယာတိုက နိုဝင်ဘာ ၁၉ ရက်တွင်ပြောကြား ခဲ့သည်။
“ဒီလုပ်ငန်းစဉ် လုပ်နေတာ ကြာပါပြီ။ အပျိုစစ်မစစ် စစ်ဆေးခြင်း အားဖြင့် အရာရှိလောင်းတွေရဲ့ အရည်အသွေးကို စစ်ဆေးဖို့ လိုပါတယ်"ဟု မိုအက်ခ်ျဂျီယာတိုက တောင်ဂျာကာတာ၊ ကူနင်ဂန်တွင် သတင်းထောက်များကို ပြောကြားခဲ့ သည်။
ရဲအရှိလောင်း တစ်ဦးသည် ပြည့်တန်ဆာ ဖြစ်နေသည်ကိုစစ်ဆေးတွေ့ရှိရပါက လက်ခံနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းကပြောကြားခဲ့ သည်။
ယင်းသို့ စစ်ဆေးမှုသည် အမျိုးသမီးများအား နှိမ်ချဆက်ဆံမှုဖြစ်သည်ဟု လူ့အခွင့်အရေးလှုံ့ဆော်သူများက ပြင်းထန်စွာဝေ ဖန် လျက်ရှိသည်။
Ref: Jakata Post
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment