Saturday, November 22, 2014

ဝန်ကြီးများနှင့် တွေ့ဆုံမည့် အစီအစဉ်ကို ကျန်းမာရေး အခြေအနေကြောင့် ထိုင်းဘုရင် ပယ်ဖျက်



ကျန်းမာရေး အခြေအနေ ဆိုးရွားနေခြင်းကြောင့် ထိုင်းဘုရင် ဘူမီဘိုလ် အဒူလ်ယာဒက်ဂ်ျ အနေဖြင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံရန် ချိန်းဆိုထားမှုကို ပယ်ဖျက်လိုက်ရသည်။ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာ၏ အစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦးသည် သက်တော် (၈၆)နှစ် ရှိပြီဖြစ်သည့် ဘုရင်မင်းမြတ်ထံတွင် သစ္စာခံယူရန် နိုဝင်ဘာ (၂၁)ရက်က စီစဉ်ထားသော်လည်း ကမ္ဘာ့နန်းသက် အရှည်ဆုံး ဘုရင်ကြီး အနေဖြင့် ၎င်းတို့ကို တွေ့ဆုံနိုင်ခဲ့ခြင်း မရှိကြောင်း နန်းတော် အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။
ဘုရင်မင်းမြတ် ဘူမီဘိုလ်၏ ကျန်းမာရေး အခြေအနေသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်းက တောက်လျှောက် ဆုတ်ယုတ် အားနည်းလာခဲ့ရာ ယခုသတင်းက ၎င်းကို ချစ်ခင်လေးစားသည့် ထိုင်းပြည်သူများအတွက် စိုးရိမ်စရာ ဖြစ်လာသည်။

ဘုရင်မင်းမြတ် ဘူမီဘိုလ် အနေဖြင့် အဆိုပါ အခမ်းအနားကို တက်ရောက်ရန် စီစဉ်ထားသော်လည်း တော်ဝင်မိသားစု၏ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့က မထောက်ခံသဖြင့် အစီအစဉ် ဖျက်သိမ်းခဲ့ရခြင်းဟု သိရသည်။ “တော်ဝင်မိသားစုရဲ့ ဆရာဝန်တွေက ဘုရင်မင်းမြတ်ဟာ လူအများရှေ့မှောက်မှာ အခမ်းအနား တစ်ရပ်အတွက် ပါဝင်ဖို့ မသင့်တော်သေးဘူးလို့ အကြံပြုခဲ့ကြပါတယ်”ဟု တော်ဝင်မိသားစု၏ ကိုယ်စားလှယ် အဖွဲ့က နိုဝင်ဘာ (၂၁)ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်သည်။

ဘုရင်မင်းမြတ် ဘူမီဘိုလ်သည် အောက်တိုဘာလ အစောပိုင်းကလည်း နိုင်ငံတော်ပိုင်း ဟူရာဟင်ရှိ ၎င်း၏ အပန်းဖြေ စံအိမ်တွင် အနားယူနေရာမှ ဘန်ကောက်ဆေးရုံသို့ အရေးပေါ် တက်ရောက်ခဲ့ရဖူးသည်။ ထိုစဉ်က ဘုရင်မင်းမြတ်သည် သည်းခြေအိတ် ခွဲစိတ်မှုတစ်ခု ခံယူခဲ့ရကြောင်းလည်း သိရှိရသည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List