Friday, November 21, 2014

သြစီရဲ့ အကြံပြုချက် ပေါ်လစီကို ကုလလက်ခံ



ကမ္ဘာ့ပေါ်က ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ နိုင်ငံတကာရဲနဲ့ စစ်သားတွေကို ပို့ဆောင်ဖို့ သြစတြေးလျနိုင်ငံက ဦးဆောင်ပြီး ရေးဆွဲခဲ့တဲ့ မူဝါဒကို ကုလသမဂ္ဂ က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ပြည်ပနိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံတကာက ရဲတွေ ဥပဒေတစ်ခုတည်းရဲ့ အောက်မှာပဲ အတူတူ အလုပ်လုပ်ကိုင်နိုင်ဖို့ ချမှတ်ထားတဲ့ ပေါ်လစီပဲ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ နိုင်ငံတွေမှာ တည်ငြိမ်မှုတွေရှိဖို့ ရဲတွေ၊ စစ်သားတွေကို ပို့ဆောင်တာ နှစ်ပေါင်း ၅၀ ရှိလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်တုန်းကတော့ ကုလသမဂ္ဂ လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင် အယောက်ပေါင်း ၁၆၀၀ သာ ရှိခဲ့ပေမယ့် အခုဆိုရင် ၁၂၀၀၀ ရှိသွားပြီလို့ ပြောပါတယ်။

နိုင်ငံတကာရဲတွေကလည်း နိုင်ငံတွေမှာ တည်ငြိမ်အေးချမ်းမှု ရှိအောင် လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

ဥပမာ အရှေ့တီမောနိုင်ငံ လွတ်လပ်ရေး ရခါစတုန်းက သြစတြေးလျက ဦးဆောင်ပြီး လုံခြုံရေးတာဝန်ယူခဲ့ပြီးတော့ အရှေ့တီမော ရဲတွေကို သင်တန်းပေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ရဲတွေကို ပြဿနာ ဖြစ်နေတဲ့ ဒေသကို ပို့ဆောင်တာက ထိရောက်မှု ရှိတယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီအစီအစဉ်အရ လိင်ပိုင်းဆိုင်ရာ အမျိုးသမီးတွေနဲ့ ပိုမို လုပ်ကိုင်နိုင်ဖို့အတွက် အမျိုးသမီးရဲတွေကိုလည်း ပိုမို မွေးထုတ်မှာ ဖြစ်ပါတယ်။ 

ABC

No comments:

Post a Comment

My Blog List