Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts

Friday, January 03, 2020

ကမ္ဘောဇဘဏ် လုပ်ငန်းစု နာယကကြီး ဦးအောင်ကိုဝင်း နိုင်ငံတော်သမ္မတ ကိုယ်တိုင်ပေးအပ်သည့် သရေစည်သူဘွဲ့ ချီးမြှင့်ခံရ

Image may contain: 1 person, sittingNo photo description available.
အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် အနေဖြင့် နိုင်ငံတော် သမ္မတကိုယ်တိုင် ပေးအပ်ချီးမြင့်မည့် သရေစည်သူဘွဲ့ ကို ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် ကမ္ဘောဇဘဏ်လုပ်ငန်းစု ထည်ထောင်သူ နာယကကြီး ဦးအောင်ကိုဝင်းအား ပေး အပ် ချီးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။

Thursday, March 17, 2016

ပြင်ဆင်ဖွဲ့စည်းမှု၌ မပါဝင်တော့သည့် ဝန်ကြီးဌာနအချို့


ပြင်ဆင်ဖွဲ့စည်းမှု၌ မပါဝင်တော့သည့် ဝန်ကြီးဌာနတို့မှာ-------

(၁)သမဝါယမဝန်ကြီးဌာန၊
(၂)အားကစားဝန်ကြီးဌာန
(၃)သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ဖြစ်သည်။

" ဝန်ကြီးဌာန ၃၆ ခုမှ ၂၁ ခုသို့ လျှော့ချ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန အသစ်ပါဝင် "


လက်ရှိအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် စုစုပေါင်း ၃၆ ခုရှိရာ မကြာခင် အသစ်ဖွဲ့စည်းတော့မည့် အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုသာထားရှိရန် သမ္မတသစ်က လွှတ်တော်သို့ တင်ပြလိုက်သည်။

Wednesday, March 16, 2016

မြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဦးထင်ကျော်ဖြစ်လာ


မြန်မာနိုင်ငံ၏ ၉ ဦးမြောက် နိုင်ငံတော်သမ္မတအကြီးအဖြစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ထား တဲ့ ဦးထင်ကျော်ကို ထောက်ခံမဲ အပြတ်အသတ်နဲ့ ပြည်ထောင်စုလွှတ်တော်က တင် မြှောက်လိုက်ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ပထမဦးဆုံး သမ္မတအဖြစ် သမ္မတ စဝ်ရွှေသိုက် တာဝန်ထမ်း ဆောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်အထိ သမ္မတ ၈ ဦးရှိနေခဲ့ရာမှ ဦးထင်ကျော်က ၉ ဦးမြောက် သမ္မတ ဖြစ်လာတာဖြစ်ပါတယ်။

Tuesday, March 15, 2016

သမိုင်းဝင်တဲ့နေ့ မင်္ဂလာရှိတဲ့ နိုင်ငံတော်

၂၀၁၆ မတ်လ ၁၅ ရက်ဟာ မြန်မာနိုင်ငံအတွက် မင်္ဂလာရှိသော၊ သမိုင်းဝင်သော နေ့တနေ့အဖြစ် ကမ္ဗည်းထိုးနိုင်ခဲ့ပါပြီ။ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ နောက် ၅ နှစ်သက်တမ်း တာဝန်ယူမယ့် အရပ်သား သမ္မတစစ်စစ်ကို အောင်မြင်စွာ ရွေးချယ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ မှန်ပါတယ်။ ယနေ့လို နေ့ရက်မျိုးကို မြန်မာပြည်သူ ပြည်သားများ မျှော်လင့်တောင့်တခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။

ဦးထင်ကျော် နိုင်ငံတော်သမ္မတ ဖြစ်ပြီ



Tuesday, November 24, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း အပိုင်း(၃)


Washington Post။ အဆွေတော်ရဲ့နိုင်ငံအကြောင်းကို အခြားနိုင်ငံတွေက အဆွေတော် လောက် မသိနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်များ အနေနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိလိမ့်မယ်ဆို တာကို ကျွန်မ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့မျှော်မှန်း ချက်က အတိုင်းအတာ မြင့်မားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း အပိုင်း(၂)


Washington Post။ နှစ်ပေါင်းများစွာ မြန်မာ့တပ်မတော်က တရုတ်နိုင်ငံကလက်နက်တွေကို ၀ယ်ယူခဲ့တယ်။ အဆွေတော်အနေနဲ့ အမေရိကန်နိုင်ငံနဲ့ တပ်မတော်ချင်း ဆက်ဆံရေး ဘယ်လိုတိုးမြှင့် ဆောင်ရွက်မယ်လို့ စဉ်းစားထားပါသလဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန တွေ့ဆုံမေးမြန်းမှုမှတ်တမ်း အပိုင်း(၁)


Washington Post။ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလိုမဟုတ်ဘဲ တပ်မတော်နဲ့အရပ်သား အစိုးရကြား အာဏာကိုခွဲဝေသုံးစွဲနေရတယ်လို့ ပြောလို့ရနိုင်မလား။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ တပ်ကအရပ်သားအစိုးရရဲ့ ကွပ်ကဲမှု အောက်မှာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အဆွေတော်ရဲ့သဘောထားကို သိချင်ပါတယ်။

Thursday, November 05, 2015

အစိုးရအဖွဲ့ သက်တမ်းငါးနှစ်ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးထုတ်ဝေမည် ကျပ် ၅,၀၀၀ တန် ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့်ထုတ်လုပ်ပြီး ဝယ်ယူလိုပါက ကျပ် ၃၀,၀၀၀ ဖြင့် ရောင်းမည်ဟုဆို


သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့သက်တမ်း ငါးနှစ်ပြည့်အ ထိမ်းအမှတ်အဖြစ် ငါးထောင် ကျပ်တန်ငွေဒင်္ဂါး ထုတ်ဝေမည် ဖြစ်ပြီး ဝယ်ယူလိုပါက ကျပ်သုံး သောင်းဖြင့် ရောင်းချမည်ဖြစ် ကြောင်း နိုင်ငံပိုင်ရုပ်သံမီဒီယာက နိုဝင်ဘာ ၄ ရက် ည ၈ နာရီသ တင်းတွင် ကြေညာသည်။

Thursday, October 15, 2015

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသော မိန့်ခွန်း


ဒီကနေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လက်မှတ်ရေးထိုးဖို့ တက်ရောက် လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းအသိသက်သေ များ၊ နိုင်ငံတကာ အသိသက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန် အကြီး အကဲများ၊ အစိုးရ လွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံ ရေးပါတီမှ ခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်တော်များနဲ့ အထူးဖိတ် ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ ကြောင်း နှုတ်ခွန်းဆက်ပါရစေ။

Tuesday, October 13, 2015

ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုဟု ပါတီများကို ဦးတင်အေး ခေါ်ပြော


ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ ၁၀ ခု နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် အောက်တိုဘာ ၁၃ ရက် တွေ့ဆုံရာတွင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိုကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုသည်ဟု တွေ့ဆုံပွဲ တက်ရောက်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က သတင်းထောက်များကိုပြောသည်။

Monday, September 28, 2015

တပ်မတော်စစ်သည်များအား စစ်မှုထမ်းသက်ပေါ်မူတည်၍ အောက်တိုဘာ၁ရက်တွင် ရာထူးတိုးမည် တပ်မတော် ယူနီဖောင်းအချို့ကိုလည်း အောက်တိုဘာ၁ရက်တွင် စတင်ပြောင်းလဲမည်

တပ်မတော်မှ အဆင့်အလိုက် စစ်သည်များကို စစ်မှုထမ်းသက်ပေါ် မူတည်ကာ အောက်တိုဘာ ၁ရက်မှစ၍ ရာထူးတိုးမြှင့်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။ ထို့အပြင် မြန်မာ့တပ်မတော်က အသုံးပြုနေသည့် ၀တ်စုံ(ယူနီဖောင်း)အချို့ကိုလည်း ယင်းနေ့ ရက်မှစ၍ ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များကပြောသည်။

Wednesday, September 09, 2015

မြန်မာကာချုပ် အစ္စရေးလ်ခရီးစဉ်


နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ကြိုးပမ်းနေချိန်မှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစ္စရေးလ် ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Friday, August 21, 2015

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်ချက် (ဒုတိယပိုင်း)


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်း ရွှေက နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ မနေ့က မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RFA သီးသန့်တွေ့ဆုံမေးမြန်ချက် (ပထမပိုင်း)


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို RFA မြန်မာပိုင်းဌာနမှူး ဒေါ်ညိမ်း ရွှေက နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ရိပ်သာမှာ ဒီကနေ့ သြဂုတ်လ ၂ဝ ရက်နေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Thursday, August 13, 2015

နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ရှေ့ မြင်ကွင်း


နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရှေ့မှာ မနေ့ညက အခြေအနေတွေကို သွားရောက်စောင့် ကြည့်ခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်တွေဖြစ်တဲ့ ကိုထက်အောင်နဲ့ မမေခတို့ကို နောက်ဆုံးရ အခြေအနေတွေကို သိရအောင် မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

My Blog List